အာဆင်နယ်ကို စွန့်ခွာပြီး စပိန်ကို ပြန်ဖွယ်ရှိနေတဲ့ အာတီတာ 644 464 coyg

အာဆင်နယ်ကို စွန့်ခွာပြီး စပိန်ကို ပြန်ဖွယ်ရှိနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ ဇာဗီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာရဲ့ နည်းပြသစ်လောင်းလျာစာရင်းထဲမှာ ပါဝင်နေတယ်လို့ စပိန်ကသတင်းတွေအရ သိရပါတယ်။

ဘာစီလိုနာက စနေနေ့ညက အိမ်ကွင်းနူးကမ့်မှာ ဗီလာရီးရဲလ်ကို ၃-၅ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဇာဗီက ယခုရာသီကုန်မှာ နည်းပြရာထူးကနေ နုတ်ထွက်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အသင်းက လျင်မြန်တဲ့အပြောင်းအလဲတွေ လိုအပ်နေတယ်လို့ ကျွန်တော် ထင်တယ်။ကစားသမားတွေရဲ့ ကောင်းကျိုးအတွက် သူတို့တွေ သူတို့ဘာသာ လွတ်လပ်မှုရဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တင်းကြပ်မှုတွေ အများကြီးနဲ့ ကစားနေရတယ်။ ဘုတ်အဖွဲ့ ဒါရိုက်တာတွေရဲ့ ကောင်းကျိုးအတွက် ကျွန်တော် အသင်းကနေ ထွက်ခွာတာက အကောင်းဆုံးလို့ ထင်တယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးကို ပေးသွားမှာပါ။ ဒါတွေအားလုံးက လျင်မြန်တဲ့ အပြောင်းအလဲအတွက် အကူအညီဖြစ်စေမယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော် ပေးချင်တဲ့ သတင်းစကားပါ။ ကျွန်တော် မှန်ကန်တဲ့အရာကို လုပ်နေတယ်လို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျရတ် ရိုမဲရိုးရဲ့ ပြောကြားချက်အရ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ဇာဗီရဲ့နေရာအတွက် အစားထိုးခေါ်ယူမှုကို စတင်ရှာဖွေနေကြပြီဖြစ်တယ်လို့ သိရပြီး ဘာစီလိုနာဘောလုံးဒါရိုက်တာ ဒေကိုကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ နည်းပြသစ်ဖြစ်လာနိုင်တဲ့ နည်းပြတွေရဲ့ အေးဂျင့်တွေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

ရိုမဲရိုးက ဂျော့ဂျ် မန်ဒက်စ် ကိုယ်စားပြုထားတဲ့ ထိပ်တန်းနည်းပြတွေဖြစ်တဲ့ ဂျူလီယန် နာဂယ်စ်မန်း၊ ပြီးခဲ့တဲ့ သောကြာနေ့မှာ လီဗာပူးလ်ကို ရာသီကုန်မှာ စွန့်ခွာမယ်လို့ ကြေညာခဲ့တဲ့ ယာဂန် ကလော့ပ်တို့နဲ့အတူ အာတီတာဟာ ဘာစီလိုနာရဲ့ နည်းပြသစ် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ အာတီတာကို သဘောကျနှစ်သက်နေခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး အာဆင်နယ်နည်းပြဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ရော်နယ် ကိုးမန်းကို ထုတ်ပယ်ခဲ့တုန်းကလည်း နည်းပြသစ်ဖြစ်လာဖို့ သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။

အာတီတာဟာ အဲဒီလို သတင်းတွေ ထွက်ပေါ်ပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီစာချုပ်အရ စပိန်လူမျိုးနည်းပြဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ အမ်းမရိတ်စ်မှာ ဆက်ရှိနေမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း သိပ်မလိုတော့တာကြောင့် မြောက်လန်ဒန်ကနေ စပိန်ကို ပြန်သွားဖွယ်ရှိနေတယ်လို့ ယူဆခြင်းခံနေရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာဟာ ဇာဗီရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ဘာစီလိုနာရဲ႕ နည္းျပသစ္ေလာင္းလ်ာစာရင္းထဲမွာ ပါဝင္ေနတယ္လို႔ စပိန္ကသတင္းေတြအရ သိရပါတယ္။

ဘာစီလိုနာက စေနေန႔ညက အိမ္ကြင္းႏူးကမ့္မွာ ဗီလာရီးရဲလ္ကို ၃-၅ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဇာဗီက ယခုရာသီကုန္မွာ နည္းျပရာထူးကေန ႏုတ္ထြက္ေတာ့မွာျဖစ္တယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

“အသင္းက လ်င္ျမန္တဲ့အေျပာင္းအလဲေတြ လိုအပ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ကစားသမားေတြရဲ႕ ေကာင္းက်ိဳးအတြက္ သူတို႔ေတြ သူတို႔ဘာသာ လြတ္လပ္မႈရဖို႔ လိုတယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ တင္းၾကပ္မႈေတြ အမ်ားႀကီးနဲ႔ ကစားေနရတယ္။ ဘုတ္အဖြဲ႕ ဒါ႐ိုက္တာေတြရဲ႕ ေကာင္းက်ိဳးအတြက္ ကြၽန္ေတာ္ အသင္းကေန ထြက္ခြာတာက အေကာင္းဆုံးလို႔ ထင္တယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးကို ေပးသြားမွာပါ။ ဒါေတြအားလုံးက လ်င္ျမန္တဲ့ အေျပာင္းအလဲအတြက္ အကူအညီျဖစ္ေစမယ္လို႔ ထင္ပါတယ္။ ဒါက ကြၽန္ေတာ္ ေပးခ်င္တဲ့ သတင္းစကားပါ။ ကြၽန္ေတာ္ မွန္ကန္တဲ့အရာကို လုပ္ေနတယ္လို႔ ထင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂ်ရတ္ ႐ိုမဲ႐ိုးရဲ႕ ေျပာၾကားခ်က္အရ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ ဇာဗီရဲ႕ေနရာအတြက္ အစားထိုးေခၚယူမႈကို စတင္ရွာေဖြေနၾကၿပီျဖစ္တယ္လို႔ သိရၿပီး ဘာစီလိုနာေဘာလုံးဒါ႐ိုက္တာ ေဒကိုကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္းမွာ နည္းျပသစ္ျဖစ္လာႏိုင္တဲ့ နည္းျပေတြရဲ႕ ေအးဂ်င့္ေတြနဲ႔ စကားေျပာခဲ့တာ ျဖစ္ပါတယ္။

႐ိုမဲ႐ိုးက ေဂ်ာ့ဂ်္ မန္ဒက္စ္ ကိုယ္စားျပဳထားတဲ့ ထိပ္တန္းနည္းျပေတြျဖစ္တဲ့ ဂ်ဴလီယန္ နာဂယ္စ္မန္း၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ လီဗာပူးလ္ကို ရာသီကုန္မွာ စြန႔္ခြာမယ္လို႔ ေၾကညာခဲ့တဲ့ ယာဂန္ ကေလာ့ပ္တို႔နဲ႔အတူ အာတီတာဟာ ဘာစီလိုနာရဲ႕ နည္းျပသစ္ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဟာ အာတီတာကို သေဘာက်ႏွစ္သက္ေနခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္နည္းျပဟာ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလတုန္းက ေရာ္နယ္ ကိုးမန္းကို ထုတ္ပယ္ခဲ့တုန္းကလည္း နည္းျပသစ္ျဖစ္လာဖို႔ သတင္းထြက္ခဲ့ဖူးတာျဖစ္ပါတယ္။

အာတီတာဟာ အဲဒီလို သတင္းေတြ ထြက္ေပၚၿပီးေနာက္ တစ္ႏွစ္မျပည့္ခင္မွာပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အဲဒီစာခ်ဳပ္အရ စပိန္လူမ်ိဳးနည္းျပဟာ ၂၀၂၅ ခုႏွစ္ ေႏြရာသီအထိ အမ္းမရိတ္စ္မွာ ဆက္ရွိေနမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ကလည္း သိပ္မလိုေတာ့တာေၾကာင့္ ေျမာက္လန္ဒန္ကေန စပိန္ကို ျပန္သြားဖြယ္ရွိေနတယ္လို႔ ယူဆျခင္းခံေနရပါတယ္။

Arsenal Myanmar

Ref: Internet