အလှည့်ကျမူဝါဒအပေါ် အော်ဒီဂွါဒ်နဲ့ရိုက်တို့ သဘောတူပေမယ့် ဝေဖန်ခဲ့တဲ့ ဆီးမန်း 540 360 coyg
အလှည့်ကျမူဝါဒအပေါ် အော်ဒီဂွါဒ်နဲ့ရိုက်တို့ သဘောတူပေမယ့် ဝေဖန်ခဲ့တဲ့ ဆီးမန်း
အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က အဲဗာတန်ကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒေးဗစ် ရာယာကို နည်းပြ အာတီတာက ပွဲထွက်ခွင့်ပေးခဲ့ပြီးနောက် အရန်ခုံထိုင်ခဲ့ရတဲ့ အာရွန် ရမ်းစ်ဒေးလ်ရဲ့ အပြုအမူအတွက် ချီးကျူးခဲ့ပါတယ်။
<img class=”alignnone size-medium wp-image-5465″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/GettyImages-1686696824-300×200.jpeg” alt=”” width=”300″ height=”200″ />
အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့ရာသီမှာ နံပါတ် ၁ ပွဲထွက်ဂိုးသမားဖြစ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲစလုံးကို ပွဲထွက်ကစားပေးခဲ့သလို ယခုရာသီသစ်မှာလည်း ပထမဆုံး ၄ ပွဲစလုံး ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။
<img class=”alignnone size-medium wp-image-5467″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/GettyImages-1687139265-300×210.jpeg” alt=”” width=”300″ height=”210″ />
ဒါပေမယ့်လည်း အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်မှာတော့ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒေးဗစ် ရာယာကို အာတီတာက ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ခဲ့ပြီး ပွဲအပြီးမှာ ဘယ်သူကမှ ပွဲထွက်ကစားသမားအဖြစ် ကစားရမယ်လို့ အာမခံချက် မပေးထားဘူးလို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
<img class=”alignnone size-medium wp-image-5464″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/GettyImages-1471277471-300×236.jpeg” alt=”” width=”300″ height=”236″ />
အာတီတာရဲ့ ဆုံးဖြတ်ချက်အပေါ် ပြစ်တင်ဝေဖန်မှုအချို့ ရှိခဲ့ပေမယ့်လည်း အော်ဒီဂွါဒ်က အာဆင်နယ်အနေနဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးသမား ၂ ဦးကို ပိုင်ဆိုင်ထားတာ ကံကောင်းတယ်လို့ ယုံကြည်နေပြီး ရမ်းစ်ဒေးလ်က ပွဲထွက်ခွင့်မရပေမယ့်လည်း အရန်ခုံကနေ အသင်းဖော်တွေကို အားပေးထောက်ခံနေခဲ့ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
<img class=”alignnone size-medium wp-image-5447″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/crop-23991923-300×199.jpeg” alt=”” width=”300″ height=”199″ />
“သူက အမြဲတမ်း လုပ်နေခဲ့တဲ့အတိုင်း ဆက်ပြီးတော့ အလုပ်ကြိုးကြိုးစားစား လုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့(တနင်္ဂနွေနေ့) သူက ကျွန်တော်တို့ကို အားပေးဖို့ ရှိနေခဲ့တယ်။ ကျွန်တော်တို့အတွက် အောင်ပွဲခံခဲ့တယ်။ ကျွန်တော်တို့ကို အကူအညီပေးခဲ့တယ်။ သူက အရမ်းကောင်းတဲ့စိတ်ဓာတ်ရှိပြီး အသင်းကို အားပေးထောက်ခံပြီး အရမ်းကောင်းတဲ့ တုံ့ပြန်မှု ပြသခဲ့တယ်။ သူ့ဆီကနေ အရမ်းကောင်းမွန်တဲ့ တုံ့ပြန်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ဂိုးသမား ၂ ဦးရှိပြီး သူတို့မှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ်။ သူတို့ ၂ ယောက်စလုံးက ဘောလုံးနဲ့ အရမ်းကောင်းမွန်ပြီး ဂိုးဖမ်းတာလည်း အရမ်းကောင်းတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီလို ဂိုးသမားကောင်း ၂ ဦးကို ပိုင်ဆိုင်ထားရတာ ကံကောင်းပြီး ဘယ်သူ ကစားရမလဲဆိုတာကို ကြည့်ကြတာပေ့ါ”လို့ ပြောကြားခဲ့ပါတယ်။
<img class=”alignnone size-medium wp-image-5466″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/ian-wright-arsenal-300×168.jpeg” alt=”” width=”300″ height=”168″ />
အီယန် ရိုက်ကလည်း ရာယာရဲ့ အဲဗာတန်နဲ့ပွဲက ကျစ်လစ်တဲ့လက်စွမ်းကို မြင်တွေ့ခဲ့ပြီးနောက် အာတီတာရဲ့ အလှည့်ကျမူဝါဒကို ထောက်ခံခဲ့ပေမယ့် လာမယ့် ပွဲစဉ် ၂ ပွဲမှာ ရမ်းစ်ဒေးလ်ကို ပြန်လည်မြင်တွေ့ရမယ်လို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီး နောက်အပတ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
<img class=”alignnone size-medium wp-image-5468″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/arsenal-goalkeeper-aaron-ramsdal-300×245.jpeg” alt=”” width=”300″ height=”245″ />
ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းကတော့ အာတီတာရဲ့ ဂိုုးသမားတွေကို အလှည့်ကျပွဲထုတ်နေတာကို နားမလည်နိုင်ဖြစ်ခဲ့ဘဲ အာရွန် ရမ်းစ်ဒေးလ် အပေါ်မှာ မမျှတဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဆီးမန်းက အာရွန် ရမ်းစ်ဒေးလ်အနေနဲ့လည်း နည်းပြ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ခဲ့မှာဖြစ်ပြီး ဂိုးသမား ၂ ဦးကို စပိန်လူမျိုးနည်းပြအနေနဲ့ အကျိုးသက်ရောက်မှုရှိရှိ အလှည့်ကျ အသုံးပြုနိုင်မယ်လို့ မမြင်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က အဲဗာတန်ကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒေးဗစ် ရာယာကို နည်းပြ အာတီတာက ပွဲထွက်ခွင့်ပေးခဲ့ပြီးနောက် အရန်ခုံထိုင်ခဲ့ရတဲ့ အာရွန် ရမ်းစ်ဒေးလ်ရဲ့ အပြုအမူအတွက် ချီးကျူးခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet