အယ်လန် ဝှိုက်ကို သမိုင်းဝင်သွင်းဂိုးရအောင် လှလှပပ ဖန်တီးပေးခဲ့တဲ့ ဝီလ်ရှိုင်းယား
ဂျက်ခ် ဝီလ်ရှိုင်းယားဟာ တနင်္ဂနွေနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ Soccer Aid ရန်ပုံငွေပွဲမှာ အာဆင်နယ်မှာ ကစားခဲ့စဉ်တုန်းကအတိုင်းပဲ အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုနဲ့ အယ်လန် ဝှိုက်ရဲ့ ပထမပိုင်း ချေပဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို ဖရန့်ခ် လမ်းပတ်၊ ဟာရီ ရက်နက်၊ ဗစ်ကီ မက်ကလူး၊ ရော်ဘီ ဝီလီယံစ်တို့က ပူးပေါင်းကိုင်တွယ်ခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးနဲ့ အင်္ဂလန်တောင်ပံကစားသမားဟောင်း ဂျိုးကိုးရဲ့ အဖွင့်ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အီဒင် ဟာဇက်က သိပ်မကြာခင်မှာပဲ အလွတ်တည်ကန်ဘောကနေ ဂိုးအပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာကြောင့် ဒေးဗစ် ဂျိမ်းစ် ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပြီး အူစိန်ဘော့က ကမ္ဘာ့အသင်း ဦးဆောင်ဂိုးရရှိစေမယ့် ဒယ် ပီယဲရိုးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်အမျိုးသမီးရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ အယ်လန် ဝှိုက်က ပထမပိုင်းမပြီးခင်မှာ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျက်ခ် ဝီလ်ရှိုင်းယားဟာ ပင်နယ်တီဧရိယာထဲကို ပြေးဝင်ခဲ့ပြီးနောက် ပီတာချက်ကို တစ်ဦးချင်းစွမ်းရည်နဲ့ ဖြတ်ကျော်ပြခဲ့တာဖြစ်ပါတယ်။
ဂန်းနားဂန္တဝင်ဟာ ပြီးတဲ့နောက်မှာ ပင်နယ်တီဧရိယာအလယ်မှာ ရှိနေတဲ့ အယ်လန် ဝှိုက်ကို ပေးပို့ခဲ့ပြီး အင်္ဂလန်အမျိုးသမီးလက်ရွေးစင်ကစားသမားက တစ်ချက်ထိ ပိတ်သွင်းယူခဲ့ပြီးနောက် Soccer Aid ပြိုင်ပွဲသမိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော အမျိုးသမီးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂ်က္ခ္ ဝီလ္ရႈိင္းယားဟာ တနဂၤေႏြေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ Soccer Aid ရန္ပုံေငြပြဲမွာ အာဆင္နယ္မွာ ကစားခဲ့စဥ္တုန္းကအတိုင္းပဲ အလြန္ေကာင္းမြန္တဲ့ ဂိုးဖန္တီးမႈနဲ႔ အယ္လန္ ဝႈိက္ရဲ႕ ပထမပိုင္း ေခ်ပဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
အဂၤလန္အသင္းကို ဖရန႔္ခ္ လမ္းပတ္၊ ဟာရီ ရက္နက္၊ ဗစ္ကီ မက္ကလူး၊ ေရာ္ဘီ ဝီလီယံစ္တို႔က ပူးေပါင္းကိုင္တြယ္ခဲ့ၾကတာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ အဂၤလန္ေတာင္ပံကစားသမားေဟာင္း ဂ်ိဳးကိုးရဲ႕ အဖြင့္ဂိုးနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အီဒင္ ဟာဇက္က သိပ္မၾကာခင္မွာပဲ အလြတ္တည္ကန္ေဘာကေန ဂိုးအေပၚေထာင့္ထဲကို လွလွပပ ကန္သြင္းယူသြားခဲ့တာေၾကာင့္ ေဒးဗစ္ ဂ်ိမ္းစ္ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရၿပီး အူစိန္ေဘာ့က ကမာၻ႔အသင္း ဦးေဆာင္ဂိုးရရွိေစမယ့္ ဒယ္ ပီယဲ႐ိုးရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အဂၤလန္လက္ေ႐ြးစင္အမ်ိဳးသမီးရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ အယ္လန္ ဝႈိက္က ပထမပိုင္းမၿပီးခင္မွာ ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့တာျဖစ္ၿပီး အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂ်က္ခ္ ဝီလ္ရႈိင္းယားဟာ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ခဲ့ၿပီးေနာက္ ပီတာခ်က္ကို တစ္ဦးခ်င္းစြမ္းရည္နဲ႔ ျဖတ္ေက်ာ္ျပခဲ့တာျဖစ္ပါတယ္။
ဂန္းနားဂႏၲဝင္ဟာ ၿပီးတဲ့ေနာက္မွာ ပင္နယ္တီဧရိယာအလယ္မွာ ရွိေနတဲ့ အယ္လန္ ဝႈိက္ကို ေပးပို႔ခဲ့ၿပီး အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္ကစားသမားက တစ္ခ်က္ထိ ပိတ္သြင္းယူခဲ့ၿပီးေနာက္ Soccer Aid ၿပိဳင္ပြဲသမိုင္းမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံးေသာ အမ်ိဳးသမီးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News