အမ်းမရိတ်စ်အိမ်ပြန်ခရီးအပေါ် ဘယ်လိုခံစားနေရလဲ ပြောပြလိုက်တဲ့ ချာကာ
ဂရန်းနစ် ချာကာဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်သွားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ နေ့တိုင်း အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ အာဆင်နယ်အသင်းဖော်ဟောင်း ၃ ဦးက ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေ ဖြစ်လာမယ့် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသငး်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ချာကာဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၂ လုံးအထိ ထူးထူးခြားခြား ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်သာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၃ လုံးတပြိုင်နက်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော ဘောလုံးအသင်းဖြစ်လာမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ချာကာဟာ လက်ရှိမှာတော့ အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြောက်လန်ဒန်ကို ပြန်ရောက်နေပြီဖြစ်ပြီး လေဗာကူဆင်နဲ့ အာဆင်နယ်တို့ဟာ ယနေ့ညမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် အမ်းမရိတ်စ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးမှာ ပရိသတ်တွေရဲ့ မုန်းတီးခြင်းခံရသူအဖြစ်ကနေ အချစ်တော်တစ်ယောက် ပြန်ဖြစ်လာခဲ့တဲ့ ကွင်းလယ်ကစားသမားအတွက်တော့ ဝမ်းနည်းဝမ်းသာဖြစ်ရမယ့်အချိန်ဖြစ်လာတော့မှာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားက လက်ရှိ အာဆင်နယ်ကြယ်ပွင့်ကစားသမားအများအပြားနဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိနေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ခင်ဗျား အသင်းတစ်သင်းမှာ၇ နှစ်လောက် ကစားခဲ့မယ်ဆိုရင် အိမ်ပြန်ခရီးက ထူးခြားမှာပါ။ အထူးသဖြင့် အဲဒီမှာ အရင်တုန်းက ရှိခဲ့တဲ့ လူတွေကြောင့်ပေါ့။ ကျွန်တော် အာဆင်နယ်မှာ အံ့အားသင့်စရာ အချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး ဒီနေ့အထိ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ နေ့စဉ်အဆက်အသွယ်ရှိနေတုန်းပါပဲ။ အဓိကအားဖြင့် သောမတ်စ် ပါတေး၊ ဇင်ချန်ကို၊ ဂါဘရီယဲလ် ဂျေးဇုတို့နဲ့ နေ့တိုင်း စကားပြောဖြစ်ပါတယ်။ ကျွန်တော် ဒီပွဲကို စောင့်မျှော်နေတာပါ။ အရမ်းကို အားကောင်းတဲ့ ပြိုင်ဘက်ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ဖို့အတွက် ကြိုပြင်ထားရမယ့် ပြိုင်ဘက်ဆိုရင်လည်း ဟုတ်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂရန္းနစ္ ခ်ာကာဟာ အမ္းမရိတ္စ္ကေန ထြက္ခြာခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ျပန္သြားရမယ့္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနခ်ိန္မွာ ေန႔တိုင္း အဆက္အသြယ္ရွိေနဆဲျဖစ္တဲ့ အာဆင္နယ္အသင္းေဖာ္ေဟာင္း ၃ ဦးက ဘယ္သူေတြလဲဆိုတာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၇ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ အာဆင္နယ္ကို စြန႔္ခြာၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြ ျဖစ္လာမယ့္ ဇာဘီ အလြန္ဆိုရဲ႕ ေလဗာကူဆင္အသငး္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
ခ်ာကာဟာ ၿပီးခဲ့တဲ့ရာသီမွာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ဖလား ၂ လုံးအထိ ထူးထူးျခားျခား ဆြတ္ခူးႏိုင္ခဲ့တဲ့အသင္းအတြက္ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးႏိုင္ခဲ့တာေၾကာင့္ အလြန္ေကာင္းမြန္တဲ့ အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့တာျဖစ္ပါတယ္။
ေလဗာကူဆင္အသင္းဟာ ၿပိဳင္ပြဲစုံ ၅၃ ပြဲမွာ ၁ ပြဲသာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အတၱလႏၲာအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္သာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ဖလား ၃ လုံးတၿပိဳင္နက္ဆြတ္ခူးႏိုင္တဲ့ ပထမဆုံးေသာ ေဘာလုံးအသင္းျဖစ္လာမယ့္အခြင့္အေရးကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။
ခ်ာကာဟာ လက္ရွိမွာေတာ့ အာဆင္နယ္ကေန ထြက္ခြာခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ေျမာက္လန္ဒန္ကို ျပန္ေရာက္ေနၿပီျဖစ္ၿပီး ေလဗာကူဆင္နဲ႔ အာဆင္နယ္တို႔ဟာ ယေန႔ညမွာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ အမ္းမရိတ္စ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားေတာ့မွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးမွာ ပရိသတ္ေတြရဲ႕ မုန္းတီးျခင္းခံရသူအျဖစ္ကေန အခ်စ္ေတာ္တစ္ေယာက္ ျပန္ျဖစ္လာခဲ့တဲ့ ကြင္းလယ္ကစားသမားအတြက္ေတာ့ ဝမ္းနည္းဝမ္းသာျဖစ္ရမယ့္အခ်ိန္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားက လက္ရွိ အာဆင္နယ္ၾကယ္ပြင့္ကစားသမားအမ်ားအျပားနဲ႔ အလြန္ရင္းႏွီးတဲ့ဆက္ဆံေရးရွိေနဆဲျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
“ခင္ဗ်ား အသင္းတစ္သင္းမွာ၇ ႏွစ္ေလာက္ ကစားခဲ့မယ္ဆိုရင္ အိမ္ျပန္ခရီးက ထူးျခားမွာပါ။ အထူးသျဖင့္ အဲဒီမွာ အရင္တုန္းက ရွိခဲ့တဲ့ လူေတြေၾကာင့္ေပါ့။ ကြၽန္ေတာ္ အာဆင္နယ္မွာ အံ့အားသင့္စရာ အခ်ိန္ေတြ ပိုင္ဆိုင္ခဲ့ၿပီး ဒီေန႔အထိ ကစားသမားေတြ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ေန႔စဥ္အဆက္အသြယ္ရွိေနတုန္းပါပဲ။ အဓိကအားျဖင့္ ေသာမတ္စ္ ပါေတး၊ ဇင္ခ်န္ကို၊ ဂါဘရီယဲလ္ ေဂ်းဇုတို႔နဲ႔ ေန႔တိုင္း စကားေျပာျဖစ္ပါတယ္။ ကြၽန္ေတာ္ ဒီပြဲကို ေစာင့္ေမွ်ာ္ေနတာပါ။ အရမ္းကို အားေကာင္းတဲ့ ၿပိဳင္ဘက္ပါ။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ဖို႔အတြက္ ႀကိဳျပင္ထားရမယ့္ ၿပိဳင္ဘက္ဆိုရင္လည္း ဟုတ္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News