အမ်ဘာပေလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဂန်းနားပစ်မှတ်
ကာရင် ဘန်ဇီးမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာက အချိန်ခရီးသွားစက်ထဲ ခုန်ဝင်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကို ပြန်ရောက်သွားသလိုမျိုး ခံစားရပါတယ်။
ဂန်းနားတွေဟာ ၂၀၁၀ အစောပိုင်းနှစ်တွေတလျှောက်လုံး ဘန်ဇီးမားကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ထပ် ၁၀ နှစ်ကျော်အကြာ လက်ရှိမှာလည်း နောက်ထပ်တစ်ကြိမ် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။
အများစုကတော့ ဒီအပြောင်းအရွှေ့ဟာ လုံးဝ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ဖြစ်တယ်လို့ ယုံကြည်နေကြပေမယ့်လည်း ဂန်းနားတွေအနေနဲ့ ဂိုးပေါက်ထဲကို ပုံမှန် ကန်သွင်းနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်လိုအပ်နေပြီး ဘန်ဇီးမားကလည်း အဲဒီလို ကစားသမားပါ။
အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ဘန်ဇီးမားရဲ့ နောက်ဆုံးအခြေအနေကို မျှဝေခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ တစ်ဦးတည်း လေ့ကျင့်ရေးဆင်းနေရတာကြောင့် အယ်လ်အစ်တီဟတ်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကာရင်က အယ်လ်အစ်တီဟတ်နဲ့ လေ့ကျင့်ရေး ပြန်ဆင်းနေပါတယ်။ သူက အခု ပုံမှန်ပဲ ပြန်လေ့ကျင့်နေပေမယ့် ကျန်တဲ့ အသင်းသားတွေနဲ့ မဟုတ်ပါဘူး။ သူ့ဘာသာပဲ လေ့ကျင့်ရေးဆင်းနေရတယ်လို့ ကျွန်တော့်ကို ပြောတယ်။ သူ တစ်ယောက်တည်း လေ့ကျင့်နေတာပါ။ အဲဒါက ဘန်ဇီးမားနဲ့ အသင်းမှာရှိတဲ့သူတွေ၊ နည်းပြတို့ကြား အရမ်းကို တင်းမာတဲ့အခြေအနေဖြစ်ပြီး သူတို့တွေအားလုံး လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မပျော်ရွှင်ကြပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးကို ယခုရာသီအစတုန်းက ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ စာချုပ်သစ်ကိစ္စ အငြင်းပွားခဲ့ပြီးနောက် ဖြစ်ခဲ့ဖူးပြီး ပြင်သစ်အသင်းခေါင်းဆောင်ဟာ လီဂူးဝမ်းကလပ်အတွက် မရှိမဖြစ် ကစားသမားဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေဘက်ကပဲ လျှော့ပေးပြီး လူစာရင်းထဲ ပြန်ထည့်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘန်ဇီးမားလို အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးတစ်ယောက်ကိုတော့ အယ်လ်အစ်တီဟတ်က ဒီလောက်အထိ အောက်ကျခံပြီး ပြန်လည် ညှိနှိုင်းဖွယ်မရှိဘဲ ဆက်ဆံရေးက အဆိုးရွားဆုံးအခြေအနေမှာရှိနေပြီဖြစ်တာကြောင့် လမ်းခွဲဖို့ကလွဲပြီး အခြားမရှိတော့ဘူးဆိုတာ ထင်ရှားပါတယ်။
အာဆင်နယ်အနေနဲ့ ကာရင် ဘန်ဇီးမားကို မခေါ်ယူနိုင်ဘူးလို့ ထင်ရတဲ့ အကြောင်းအရင်းက လက်ရှိ ပြင်သစ်တိုက်စစ်မှူး ရနေတဲ့ လစာက အဓိကအချက်တစ်ချက်အဖြစ် ရှိနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဂန္တဝင်သာ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲမှာ ကစားချင်တဲ့ဆန္ဒရှိတယ်ဆိုရင် လစာပမာဏကို ညှိနှိုင်းဖို့လည်း ဆန္ဒရှိနေမှာပါ။
အာဆင်နယ်ရဲ့ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က ပကတိအခြေအနေကတော့ ငြိမ်သက်နေတဲ့ ကန်ရေပြင်တစ်ခုလိုဖြစ်ပြီး ဘယ်အချိန်မှာ ခဲတစ်လုံးကျပြီး လှုပ်ခတ်သွားမလဲဆိုတာ ပရိသတ်တွေအားလုံးက စောင့်ကြည့်နေကြပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ကာရင္ ဘန္ဇီးမားဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတာက အခ်ိန္ခရီးသြားစက္ထဲ ခုန္ဝင္ၿပီး လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကို ျပန္ေရာက္သြားသလိုမ်ိဳး ခံစားရပါတယ္။
ဂန္းနားေတြဟာ ၂၀၁၀ အေစာပိုင္းႏွစ္ေတြတေလွ်ာက္လုံး ဘန္ဇီးမားကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး ေနာက္ထပ္ ၁၀ ႏွစ္ေက်ာ္အၾကာ လက္ရွိမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ျပင္သစ္တိုက္စစ္မႉးကို ေခၚယူဖို႔ သတင္းေတြ ထြက္ေနပါတယ္။
အမ်ားစုကေတာ့ ဒီအေျပာင္းအေ႐ႊ႕ဟာ လုံးဝ မျဖစ္ႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ျဖစ္တယ္လို႔ ယုံၾကည္ေနၾကေပမယ့္လည္း ဂန္းနားေတြအေနနဲ႔ ဂိုးေပါက္ထဲကို ပုံမွန္ ကန္သြင္းႏိုင္တဲ့ တိုက္စစ္မႉးေကာင္းတစ္ေယာက္လိုအပ္ေနၿပီး ဘန္ဇီးမားကလည္း အဲဒီလို ကစားသမားပါ။
အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ဘန္ဇီးမားရဲ႕ ေနာက္ဆုံးအေျခအေနကို မွ်ေဝခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ လက္ရွိအခ်ိန္မွာ တစ္ဦးတည္း ေလ့က်င့္ေရးဆင္းေနရတာေၾကာင့္ အယ္လ္အစ္တီဟတ္မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
“ကာရင္က အယ္လ္အစ္တီဟတ္နဲ႔ ေလ့က်င့္ေရး ျပန္ဆင္းေနပါတယ္။ သူက အခု ပုံမွန္ပဲ ျပန္ေလ့က်င့္ေနေပမယ့္ က်န္တဲ့ အသင္းသားေတြနဲ႔ မဟုတ္ပါဘူး။ သူ႔ဘာသာပဲ ေလ့က်င့္ေရးဆင္းေနရတယ္လို႔ ကြၽန္ေတာ့္ကို ေျပာတယ္။ သူ တစ္ေယာက္တည္း ေလ့က်င့္ေနတာပါ။ အဲဒါက ဘန္ဇီးမားနဲ႔ အသင္းမွာရွိတဲ့သူေတြ၊ နည္းျပတို႔ၾကား အရမ္းကို တင္းမာတဲ့အေျခအေနျဖစ္ၿပီး သူတို႔ေတြအားလုံး လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီး မေပ်ာ္႐ႊင္ၾကပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒီလိုအေျခအေနမ်ိဳးကို ယခုရာသီအစတုန္းက ပီအက္စ္ဂ်ီနဲ႔ အမ္ဘာေပတို႔ စာခ်ဳပ္သစ္ကိစၥ အျငင္းပြားခဲ့ၿပီးေနာက္ ျဖစ္ခဲ့ဖူးၿပီး ျပင္သစ္အသင္းေခါင္းေဆာင္ဟာ လီဂူးဝမ္းကလပ္အတြက္ မရွိမျဖစ္ ကစားသမားျဖစ္တာေၾကာင့္ အသင္းတာဝန္ရွိသူေတြဘက္ကပဲ ေလွ်ာ့ေပးၿပီး လူစာရင္းထဲ ျပန္ထည့္ခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဘန္ဇီးမားလို အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးတစ္ေယာက္ကိုေတာ့ အယ္လ္အစ္တီဟတ္က ဒီေလာက္အထိ ေအာက္က်ခံၿပီး ျပန္လည္ ညႇိႏႈိင္းဖြယ္မရွိဘဲ ဆက္ဆံေရးက အဆိုး႐ြားဆုံးအေျခအေနမွာရွိေနၿပီျဖစ္တာေၾကာင့္ လမ္းခြဲဖို႔ကလြဲၿပီး အျခားမရွိေတာ့ဘူးဆိုတာ ထင္ရွားပါတယ္။
အာဆင္နယ္အေနနဲ႔ ကာရင္ ဘန္ဇီးမားကို မေခၚယူႏိုင္ဘူးလို႔ ထင္ရတဲ့ အေၾကာင္းအရင္းက လက္ရွိ ျပင္သစ္တိုက္စစ္မႉး ရေနတဲ့ လစာက အဓိကအခ်က္တစ္ခ်က္အျဖစ္ ရွိေနေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဂႏၲဝင္သာ ဥေရာပရဲ႕ ထိပ္တန္းၿပိဳင္ပြဲမွာ ကစားခ်င္တဲ့ဆႏၵရွိတယ္ဆိုရင္ လစာပမာဏကို ညႇိႏႈိင္းဖို႔လည္း ဆႏၵရွိေနမွာပါ။
အာဆင္နယ္ရဲ႕ လက္ရွိ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က ပကတိအေျခအေနကေတာ့ ၿငိမ္သက္ေနတဲ့ ကန္ေရျပင္တစ္ခုလိုျဖစ္ၿပီး ဘယ္အခ်ိန္မွာ ခဲတစ္လုံးက်ၿပီး လႈပ္ခတ္သြားမလဲဆိုတာ ပရိသတ္ေတြအားလုံးက ေစာင့္ၾကည့္ေနၾကပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News