အန်ကီးတီးယားကို သရဲနီတိုက်စစ်မှူးနဲ့ နှိုင်းယှဉ်လိုက်တဲ့ စပါးစ် နည်းပြဟောင်း
ဘောလုံးဝေဖန်သုံးသပ်သူ တင် ရှားဝုဒ်က အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၆၄ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို အဆင့်မြှင့်တင်မှုဖြစ်တယ်လို့ ထင်မြင်နေပါတယ်။
အန်ကီးတီးယားဟာ စနေနေ့ညနေက ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အန်ကီးတီးယားဟာ အမ်းမရိတ်စ်က ပထမအသင်းထဲမှာ ရှိနေခဲ့တဲ့ ကာလတလျှောက်လုံး ဒုတိယဦးစားပေးရွေးချယ်မှုဖြစ်ခဲ့သူဖြစ်ပြီး အခုလည်း ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အတွက် ရှက်ဖီးနဲ့ပွဲမှာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဂျေးဇုဟာ အင်္ဂါနေ့ညနေက ဆီဗီလာနဲ့ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန်နှောင်းပိုင်းမှာ ဒဏ်ရာရရှိသွားတာကြောင့် အန်ကီးတီးယားအတွက် နောက်ထပ်တစ်ကြိမ် အာတီတာကို အထင်ကြီးအောင် လုပ်ပြဖို့ အခွင့်အရေးရရှိစေခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးက အခွင့်အရေးကို အရယူနိုင်ခဲ့တာထက် ပိုမိုခဲ့ပြီး ဆာကာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့ပြီး ပွဲကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ခဲ့ပြီး စပါးစ်နည်းပြဟောင်း တင်ရှားဝုဒ်က အန်ကီးတီးယားဟာ ဟွိုင်လွန်းထက် ပိုမိုကောင်းမွန်တဲ့ကစားသမားလို့ ထင်မြင်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဟွိုင်လွန်းဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၃ ဂိုးသွင်းယူပေးထားပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အခုအချိန်အထိ တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိသေးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ယခုရာသီမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။
“ကျွန်တော် အက်ဒီအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ လူတွေက အမြဲတမ်း အာဆင်နယ်ပရိသတ်တွေကတောင်မှ အမြဲတမ်းသူ့ကို မေးခွန်းတွေ ထုတ်နေကြပြီး သူ မလုပ်နိုင်တဲ့အရာတွေကိုပဲ ကြည့်နေကြလို့ပါ။ ကျွန်တော်ကတော့ သူ လုပ်နိုင်တာကိုပဲ ကြည့်ချင်ပါတယ်။ သူက အသင်းအများအပြားမှာ ကစားပေးနိုင်တယ်။ ကြီးမားတဲ့အသင်းကြီးတွေ အများအပြားမှာပါ။ ခင်ဗျားက ဒီကောင်လေးက ဟွိုင်လွန်းအစား မန်ယူနိုက်တက်အတွက် အခုအချိန်မှာ မကစားပေးနိုင်ဘူးလို့ ပြောနေတာလား။ သူက ဟွိုင်လွန်းကို အဆင့်မြှင့်တင်ထားတဲ့သူပါ။ သူတို့တွေ ဟွိုင်လွန်းအတွက် ပိုက်ဆံတွေ အများကြီး စိတ်ပျက်စရာကောင်းလောက်အောင် သုံးစွဲခဲ့တယ်။ ကျွန်တော့်အတွက်တော့ သူက အရည်အသွေးမြင့်ကစားသမားပါ။ သူက ပရီးမီးယားလိဂ် ထိပ်ဆုံးအဆင့်မှာ အာဆင်နယ်အတွက် ကစားပေးဖို့ အာမခံရထားပြီလို့ ထင်ပါတယ်။ ဂျေးဇုကလည်း သူ့ကို ကြီးကြီးမားမား အကူအညီပေးပါလိမ့်မယ်”
“ကျွန်တော်တို့ အမြဲတမ်း တခြားတစ်စုံတရာကို ရှာဖွေနေကြပြီး ကျွန်တော်တို့ ရှေ့မှာ ရထားတာကို အသိအမှတ်ပြု ချီးကျူးသင့်တယ်လို့ ထင်ပါတယ်။ ဒီကောင်လေးက အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာပါ။ သူ့မှာ အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အသင်းကို မစွန့်ခွာချင်ခဲ့ဘူး။ သူက အဲဒီမှာ ဆက်နေပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ခွင့်ရခဲ့တယ်။ မီခေးလ်က ကောင်လေးက အသင်းအတွက် တကယ်ကစားပေးချင်တယ်ဆိုတာကို အသိအမှတ်ပြုထားတယ်လို့ ထင်ပါတယ်။ သူက ဒီနေ့မှာဆိုရင် အသင်းခေါင်းဆောင်လက်ပတ်တောင် ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်ကစားပေးခဲ့တယ်။ သူနဲ့ သူ့မိသားစုအတွက် ဂုဏ်ယူစရာကောင်းလိုက်တဲ့အခိုက်အတန့်ပဲ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေဘာလုံးေဝဖန္သုံးသပ္သူ တင္ ရွားဝုဒ္က အာဆင္နယ္တိုက္စစ္မႉး အက္ဒီ အန္ကီးတီးယားဟာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေပါင္ ၆၄ သန္းတန္ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရာ့စ္မြတ္ ဟြိဳင္လြန္းကို အဆင့္ျမႇင့္တင္မႈျဖစ္တယ္လို႔ ထင္ျမင္ေနပါတယ္။
အန္ကီးတီးယားဟာ စေနေန႔ညေနက ရွက္ဖီးယူႏိုက္တက္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ဟက္ထရစ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အန္ကီးတီးယားဟာ အမ္းမရိတ္စ္က ပထမအသင္းထဲမွာ ရွိေနခဲ့တဲ့ ကာလတေလွ်ာက္လုံး ဒုတိယဦးစားေပးေ႐ြးခ်ယ္မႈျဖစ္ခဲ့သူျဖစ္ၿပီး အခုလည္း ဂါဘရီယဲလ္ ေဂ်းဇု ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့အတြက္ ရွက္ဖီးနဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။
ေဂ်းဇုဟာ အဂၤါေန႔ညေနက ဆီဗီလာနဲ႔ပြဲမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ ဒဏ္ရာရရွိသြားတာေၾကာင့္ အန္ကီးတီးယားအတြက္ ေနာက္ထပ္တစ္ႀကိမ္ အာတီတာကို အထင္ႀကီးေအာင္ လုပ္ျပဖို႔ အခြင့္အေရးရရွိေစခဲ့တာျဖစ္ပါတယ္။
အဂၤလန္တိုက္စစ္မႉးက အခြင့္အေရးကို အရယူႏိုင္ခဲ့တာထက္ ပိုမိုခဲ့ၿပီး ဆာကာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ကစားခဲ့ၿပီး ပြဲကို အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ဂုဏ္ယူစရာ ေန႔တစ္ေန႔ျဖစ္ခဲ့ၿပီး စပါးစ္နည္းျပေဟာင္း တင္ရွားဝုဒ္က အန္ကီးတီးယားဟာ ဟြိဳင္လြန္းထက္ ပိုမိုေကာင္းမြန္တဲ့ကစားသမားလို႔ ထင္ျမင္ေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဟြိဳင္လြန္းဟာ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၃ ဂိုးသြင္းယူေပးထားေပမယ့္လည္း ပရီးမီးယားလိဂ္မွာ အခုအခ်ိန္အထိ တစ္ဂိုးမွ သြင္းယူထားႏိုင္ျခင္းမရွိေသးသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ယခုရာသီမွာ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။
“ကြၽန္ေတာ္ အက္ဒီအတြက္ စိတ္မေကာင္းျဖစ္မိတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြက အၿမဲတမ္း အာဆင္နယ္ပရိသတ္ေတြကေတာင္မွ အၿမဲတမ္းသူ႔ကို ေမးခြန္းေတြ ထုတ္ေနၾကၿပီး သူ မလုပ္ႏိုင္တဲ့အရာေတြကိုပဲ ၾကည့္ေနၾကလို႔ပါ။ ကြၽန္ေတာ္ကေတာ့ သူ လုပ္ႏိုင္တာကိုပဲ ၾကည့္ခ်င္ပါတယ္။ သူက အသင္းအမ်ားအျပားမွာ ကစားေပးႏိုင္တယ္။ ႀကီးမားတဲ့အသင္းႀကီးေတြ အမ်ားအျပားမွာပါ။ ခင္ဗ်ားက ဒီေကာင္ေလးက ဟြိဳင္လြန္းအစား မန္ယူႏိုက္တက္အတြက္ အခုအခ်ိန္မွာ မကစားေပးႏိုင္ဘူးလို႔ ေျပာေနတာလား။ သူက ဟြိဳင္လြန္းကို အဆင့္ျမႇင့္တင္ထားတဲ့သူပါ။ သူတို႔ေတြ ဟြိဳင္လြန္းအတြက္ ပိုက္ဆံေတြ အမ်ားႀကီး စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ သုံးစြဲခဲ့တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူက အရည္အေသြးျမင့္ကစားသမားပါ။ သူက ပရီးမီးယားလိဂ္ ထိပ္ဆုံးအဆင့္မွာ အာဆင္နယ္အတြက္ ကစားေပးဖို႔ အာမခံရထားၿပီလို႔ ထင္ပါတယ္။ ေဂ်းဇုကလည္း သူ႔ကို ႀကီးႀကီးမားမား အကူအညီေပးပါလိမ့္မယ္”
“ကြၽန္ေတာ္တို႔ အၿမဲတမ္း တျခားတစ္စုံတရာကို ရွာေဖြေနၾကၿပီး ကြၽန္ေတာ္တို႔ ေရွ႕မွာ ရထားတာကို အသိအမွတ္ျပဳ ခ်ီးက်ဴးသင့္တယ္လို႔ ထင္ပါတယ္။ ဒီေကာင္ေလးက အကယ္ဒမီကေန ထြက္ေပၚလာခဲ့တာပါ။ သူ႔မွာ အသင္းကေန ထြက္ခြာဖို႔ အခြင့္အေရးရွိခဲ့ေပမယ့္ အသင္းကို မစြန႔္ခြာခ်င္ခဲ့ဘူး။ သူက အဲဒီမွာ ဆက္ေနၿပီး သူ႔ရဲ႕ေနရာအတြက္ တိုက္ပြဲဝင္ခြင့္ရခဲ့တယ္။ မီေခးလ္က ေကာင္ေလးက အသင္းအတြက္ တကယ္ကစားေပးခ်င္တယ္ဆိုတာကို အသိအမွတ္ျပဳထားတယ္လို႔ ထင္ပါတယ္။ သူက ဒီေန႔မွာဆိုရင္ အသင္းေခါင္းေဆာင္လက္ပတ္ေတာင္ ဝတ္ဆင္ၿပီး အသင္းကို ဦးေဆာင္ကစားေပးခဲ့တယ္။ သူနဲ႔ သူ႔မိသားစုအတြက္ ဂုဏ္ယူစရာေကာင္းလိုက္တဲ့အခိုက္အတန႔္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News