အနားပေးရမယ့်သူကို ပြောပြခဲ့ပြီး ဆာလီဘာအပေါ်သုံးသပ်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း
အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လက်ရှိအချိန်အထိ ပြီးခဲ့တဲ့ရာသီတုန်းက ဆုဖလားစိန်ခေါ်သူတွေအဖြစ် ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးပေမယ့်လည်း ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။
ဆာကာကို အနားပေးဖို့ လိုပြီလား
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆာကာဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲအများကြီး ကစားပေးခဲ့ရပြီး OPTA ရဲ့ အချက်အလက်အရ ဆာကာဟာ ၂၀၁၈ နိုဝင်ဘာ ၂၉ ရက်နေ့က ဗော်စ်ကလာ ပိုလ်တာဗာနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲဦးထွက်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၁၈၇ ပွဲအထိ ကစားပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ဒီကာလအတွင်း ဆာကာထက် ပွဲပိုကစားပေးခဲ့သူဆိုလို့ လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂရာနစ် ချာကာ(၁၈၉ ပွဲ)တစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပြီး ဂန်းနားနောက်ခံလူဟောင်း ဆီဗက်စတြာက အင်္ဂလန်တောင်ပံကြယ်ပွင့်က အာဆင်နယ်ပထမအသင်းမှာ စတင်ပါဝင်တဲ့အချိန်ကတည်းက ပွဲတွေအများကြီး ကစားခဲ့ရတယ်လို့ သဘောတူခဲ့ပါတယ်။
ဆီဗက်စတြာက အာဆင်နယ်သာ ရာသီနှောင်းပိုင်းအထိ အောင်မြင်မှုတွေကို ခံစားချင်တယ်ဆိုရင် ဆာကာကို ဒဏ်ရာမရအောင် သေသေချာချာ သုံးဖို့ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဘူကာယို ဆာကာက အများကြီး ကစားနေရတယ်။သူက အရမ်းပြေးလွှားရတဲ့နေရာမှာ ကစားနေပြီး သူ့ကို နောက်ခံကစားသမားအများအပြားက ဖျက်ထုတ်ခဲ့ကြတယ်။ သူက လုံလောက်တဲ့ နားချိန်ပေးခြင်းမခံခဲ့ရပါဘူး။ အာဆင်နယ်သာ မတ်နဲ့ ဧပြီလမှာ သူ့ကို အသင်းထဲမှာ ရှိနေစေချင်တယ်ဆိုရင် အနားပေးဖို့ လိုပါတယ်။ အဲဒီအချိန်ကြရင် ဆုဖလားအတွက်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရေးကြီးတဲ့ပွဲစဉ်တွေကို အသင်းက ကစားနေရမှာပါ။ ဒါပေမယ့် သူ အဲဒီအချိန်ကျရင် ပင်ပန်းနွမ်းနယ်နေနိုင်တယ်။ အင်္ဂလန်က ပွဲချိန်ဇယားက ဘယ်လောက်ကြပ်လဲဆိုတာ ကျွန်တော်တို့ သိတယ်။ သူက လက်ရွေးစင်ပွဲတွေလည်း ကစားနေရပါတယ်။ သူ ယူရိုသွားကစားတဲ့အချိန်ကျရင် သူ့အင်အားရဲ့ ၃ ပုံ ၂ ပုံလောက် ကုန်သွားမှာပါ။ အဲဒါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြောတာပါ။ သူ အပတ်တိုင်း ထိပ်တန်းအဆင့်မှာ ကစားချင်ရင် ပြန်အားဖြည့်ဖို့နဲ့ အနားယူဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆာကာဟာ စက်တင်ဘာ ၅ ရက်နေ့မှာ အသက် ၂၂ နှစ်ပြည့်မြောက်ခဲ့သူဖြစ်ပြီး အသက် ၂၂ နှစ်မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ်ပွဲ ၁၃၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ရပြီးဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ၂၂ နှစ်မပြည့်ခင် ပွဲအများဆုံးကစားခဲ့ရတဲ့ ကစားသမားတွေထဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဆီဗက်စတြာက ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် အားအထားရဆုံးကစားသမားအဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဝီလီယံ ဆာလီဘာနဲ့ပတ်သက်ပြီးလည်း သုံးသပ်ပြောဆိုခဲ့ပြီး ပြင်သစ်နောက်ခံလူရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်း၊ ပွဲဖတ်နိုင်စွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကြောင့် ဂန်းနားခံစစ်မှာအဓိကပွဲထွက်ကစားသမားဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဆီဗက်စတြာက ဆာလီဘာရဲ့ ပွဲစဉ်အတွင်း ရှုထောင့်အချို့မှာ တိုးတက်လာဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ်လို့ ချီးကျူးခဲ့ပါတယ်။
“ကျွန်တော်တို့ ရာသီကုန်ရင် တွေ့ရမှာပါ။ ဆာလီဘာက တကယ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ သူက ဒီအပတ်မှာ တစ်ကြိမ်တော့ အငိုက်မိသွားခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ခြုံပြောရရင် သူက ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတိုင်းအတွက် ကစားပေးနိုင်ပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ သူက လိင်္ဂမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ်လို့ ထင်တယ်။ သူက အာဆင်နယ်အတွက် အဓိကကစားသမားပါ။ သူက ဒဏ်ရာကနေ အရမ်းအားကောင်းတဲ့ပုံစံနဲ့ ပြန်လာခဲ့တယ်။ တစ်ခါတလေ သူက ဘောလုံးလိုက်လုတယ်။ သူက လူကောင်ကြီးတော့ ဘောလုံးယှဉ်လုတာမှာ မနိုင်ရင် ပြန်လိုက်ဖို့က ခက်တယ်။ ဒါပေမယ့် သူ ပွဲကို ဖတ်တဲ့ပုံစံကတော့ တိုးတက်လာခဲ့ပါတယ်။ သူက တစ်ခါတလေမှ ဘောလုံးဝင်လုတော့ ပြိုင်ဘက်တွေကို အချိန်ပေးသလိုဖြစ်နိုင်တယ်။ သူက အရမ်းကို ထူးခြားခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ၆ ပြဲကစားၿပီးခ်ိန္မွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး လက္ရွိအခ်ိန္အထိ ၿပီးခဲ့တဲ့ရာသီတုန္းက ဆုဖလားစိန္ေခၚသူေတြအျဖစ္ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္းမရွိေသးေပမယ့္လည္း ရႈံးပြဲမရွိေသးတာျဖစ္ပါတယ္။
ဆာကာကို အနားေပးဖို႔ လိုၿပီလား
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဆာကာဟာ ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ ပြဲအမ်ားႀကီး ကစားေပးခဲ့ရၿပီး OPTA ရဲ႕ အခ်က္အလက္အရ ဆာကာဟာ ၂၀၁၈ ႏိုဝင္ဘာ ၂၉ ရက္ေန႔က ေဗာ္စ္ကလာ ပိုလ္တာဗာနဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ပြဲဦးထြက္ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၁၈၇ ပြဲအထိ ကစားေပးခဲ့ပါတယ္။
အာဆင္နယ္အသင္းအတြက္ ဒီကာလအတြင္း ဆာကာထက္ ပြဲပိုကစားေပးခဲ့သူဆိုလို႔ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂရာနစ္ ခ်ာကာ(၁၈၉ ပြဲ)တစ္ဦးတည္းသာ ရွိခဲ့တာျဖစ္ၿပီး ဂန္းနားေနာက္ခံလူေဟာင္း ဆီဗက္စၾတာက အဂၤလန္ေတာင္ပံၾကယ္ပြင့္က အာဆင္နယ္ပထမအသင္းမွာ စတင္ပါဝင္တဲ့အခ်ိန္ကတည္းက ပြဲေတြအမ်ားႀကီး ကစားခဲ့ရတယ္လို႔ သေဘာတူခဲ့ပါတယ္။
ဆီဗက္စၾတာက အာဆင္နယ္သာ ရာသီေႏွာင္းပိုင္းအထိ ေအာင္ျမင္မႈေတြကို ခံစားခ်င္တယ္ဆိုရင္ ဆာကာကို ဒဏ္ရာမရေအာင္ ေသေသခ်ာခ်ာ သုံးဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ဘူကာယို ဆာကာက အမ်ားႀကီး ကစားေနရတယ္။သူက အရမ္းေျပးလႊားရတဲ့ေနရာမွာ ကစားေနၿပီး သူ႔ကို ေနာက္ခံကစားသမားအမ်ားအျပားက ဖ်က္ထုတ္ခဲ့ၾကတယ္။ သူက လုံေလာက္တဲ့ နားခ်ိန္ေပးျခင္းမခံခဲ့ရပါဘူး။ အာဆင္နယ္သာ မတ္နဲ႔ ဧၿပီလမွာ သူ႔ကို အသင္းထဲမွာ ရွိေနေစခ်င္တယ္ဆိုရင္ အနားေပးဖို႔ လိုပါတယ္။ အဲဒီအခ်ိန္ၾကရင္ ဆုဖလားအတြက္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အေရးႀကီးတဲ့ပြဲစဥ္ေတြကို အသင္းက ကစားေနရမွာပါ။ ဒါေပမယ့္ သူ အဲဒီအခ်ိန္က်ရင္ ပင္ပန္းႏြမ္းနယ္ေနႏိုင္တယ္။ အဂၤလန္က ပြဲခ်ိန္ဇယားက ဘယ္ေလာက္ၾကပ္လဲဆိုတာ ကြၽန္ေတာ္တို႔ သိတယ္။ သူက လက္ေ႐ြးစင္ပြဲေတြလည္း ကစားေနရပါတယ္။ သူ ယူ႐ိုသြားကစားတဲ့အခ်ိန္က်ရင္ သူ႔အင္အားရဲ႕ ၃ ပုံ ၂ ပုံေလာက္ ကုန္သြားမွာပါ။ အဲဒါက ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ ေျပာတာပါ။ သူ အပတ္တိုင္း ထိပ္တန္းအဆင့္မွာ ကစားခ်င္ရင္ ျပန္အားျဖည့္ဖို႔နဲ႔ အနားယူဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဆာကာဟာ စက္တင္ဘာ ၅ ရက္ေန႔မွာ အသက္ ၂၂ ႏွစ္ျပည့္ေျမာက္ခဲ့သူျဖစ္ၿပီး အသက္ ၂၂ ႏွစ္မျပည့္ခင္မွာပဲ ပရီးမီးယားလိဂ္ပြဲ ၁၃၉ ပြဲအထိ ပါဝင္ကစားေပးခဲ့ရၿပီးျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ၂၂ ႏွစ္မျပည့္ခင္ ပြဲအမ်ားဆုံးကစားခဲ့ရတဲ့ ကစားသမားေတြထဲမွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနပါတယ္။
ဆီဗက္စၾတာက ၿပီးခဲ့တဲ့ရာသီမွာ အသင္းအတြက္ အားအထားရဆုံးကစားသမားအျဖစ္ ေပၚထြက္လာခဲ့တဲ့ ဝီလီယံ ဆာလီဘာနဲ႔ပတ္သက္ၿပီးလည္း သုံးသပ္ေျပာဆိုခဲ့ၿပီး ျပင္သစ္ေနာက္ခံလူရဲ႕ ေဘာလုံးကိုင္ကစားႏိုင္စြမ္း၊ ပြဲဖတ္ႏိုင္စြမ္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အရည္အခ်င္းေတြေၾကာင့္ ဂန္းနားခံစစ္မွာအဓိကပြဲထြက္ကစားသမားျဖစ္ေၾကာင္း သက္ေသျပသႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။
ဆီဗက္စၾတာက ဆာလီဘာရဲ႕ ပြဲစဥ္အတြင္း ရႈေထာင့္အခ်ိဳ႕မွာ တိုးတက္လာဖို႔ လိုအပ္ေနေသးတယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္လာမယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ ရာသီကုန္ရင္ ေတြ႕ရမွာပါ။ ဆာလီဘာက တကယ္ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္။ သူက ဒီအပတ္မွာ တစ္ႀကိမ္ေတာ့ အငိုက္မိသြားခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ ၿခဳံေျပာရရင္ သူက ပရီးမီးယားလိဂ္က ထိပ္တန္းအသင္းတိုင္းအတြက္ ကစားေပးႏိုင္ပါတယ္။ အဲဒီေတာ့ ဟုတ္ပါတယ္။ သူက လိဂၤမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာမယ္လို႔ ထင္တယ္။ သူက အာဆင္နယ္အတြက္ အဓိကကစားသမားပါ။ သူက ဒဏ္ရာကေန အရမ္းအားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာခဲ့တယ္။ တစ္ခါတေလ သူက ေဘာလုံးလိုက္လုတယ္။ သူက လူေကာင္ႀကီးေတာ့ ေဘာလုံးယွဥ္လုတာမွာ မႏိုင္ရင္ ျပန္လိုက္ဖို႔က ခက္တယ္။ ဒါေပမယ့္ သူ ပြဲကို ဖတ္တဲ့ပုံစံကေတာ့ တိုးတက္လာခဲ့ပါတယ္။ သူက တစ္ခါတေလမွ ေဘာလုံးဝင္လုေတာ့ ၿပိဳင္ဘက္ေတြကို အခ်ိန္ေပးသလိုျဖစ္ႏိုင္တယ္။ သူက အရမ္းကို ထူးျခားခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- Team News