အတိတ်ကောင်းနိမိတ်ကောင်းတွေနဲ့ ပေါ်တိုကို အဖော်မလိုဘဲ ခေါ်ကိုတီးဦးမယ့် ဆင်ပျံကြီး 1024 504 coyg

အတိတ်ကောင်းနိမိတ်ကောင်းတွေနဲ့ ပေါ်တိုကို အဖော်မလိုဘဲ ခေါ်ကိုတီးဦးမယ့် ဆင်ပျံကြီး

အာဆင်နယ်ကတော့ ဒီညပွဲမှာ ပထမအကျော့က ရှုံးကြွေးဆပ်ဖို့ အားခဲထားမှာဖြစ်ပြီး ပေါ်တိုနဲ့ ရင်ဆိုင်ဖို့ အတိတ်နမိတ်ကောင်းတွေလည်း ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်တို့ နောက်ဆုံး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ခဲ့တဲ့ ၂၀၁၀ တုန်းက ဒီလိုအချိန်ပဲ(အဲဒီတုန်းက ၉ ရက်)အိမ်ကွင်းမှာ ပေါ်တိုကို ၅-၀ နဲ့ ခေါ်တီးခဲ့တာဖြစ်ပြီး ပထမအကျော့တုန်းက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီတစ်ကြိမ်မှာလည်း ပထမအကျော့တုန်းက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်လို့ ဂိုးကွာခြားချက်အရ ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ တုန်းကလို ၁ ဂိုးသာကွာဟနေတာဖြစ်လို့ အောင်အတိတ်အောင်နိမိတ်ဆောင်ပြီး ၂၀၁၀ တုန်းကအတိုင်း ဂိုးပြတ်သိပ်ပြီး ကွာတားဖိုင်နယ်ကို ၁၄ နှစ်အကြာမှာ ပြန်လည်တက်လှမ်းသွားနိုင်မလား စောင့်ကြည့်ရမှာပါ။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်အတွက်တော့ သတင်းကောင်းထက် သတင်းဆိုးက ဆီးကြိုနေပြီး မာတီနယ်လီ ခြေထောက်ဒဏ်ရာကြောင့် ဒီပွဲ လွဲမှာပါ။ ရာယာလည်း ပွဲထွက်ဂိုးသမားအဖြစ် ပြန်ပါလာမှာဖြစ်ပြီး လူစာရင်းထဲ အပြောင်းအလဲဆိုလို့ ဒီ ၂ ဦးသာရှိပြီး ကျန်ကစားသမားတွေကတော့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲတုန်းကအတိုင်းပဲ ပြန်ပါလာမှာပါ။

ပေါ်တိုဘက်မှာ ကွန်ဆေးဆာအိုလည်း အပြောင်းအလဲများများစားစား လုပ်သွားမယ့်ပုံမပေါ်ဘဲ ပထမအကျော့တုန်းက အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်းပဲ လာမှာပါ။ ဧည့်သည်တွေဘက်မှာ ဒူးဒဏ်ရာရနေတဲ့ တာရေမီ၊ မာကာနို၊ ဆာနူဆီတို့လည်း ဆက်လက်လွဲချော်ဦးမှာပါ။

ဖြစ်နိုင်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ဂျော်ဂျင်ညို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဟာဗတ်ဇ်၊ ထရော့ဆာ့ဒ်။
ပေါ်တို-ကော်စတာ၊ မာရီယို၊ ပီပီ၊ အိုတာဗီယို၊ ဝမ်ဒဲလ်၊ ကွန်ဆေးဆာအို၊ ဂွန်ဇာလက်ဇ်၊ ဗာရယ်လာ၊ ဂယ်လီနို၊ ပီပီ၊ အီဗန်နေလ်ဆင်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၇ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၃ ကြိမ်နိုင် ၁ ကြိမ်သရေ ပေါ်တိုက ၃ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲရှုံး၊ ပေါ်တိုက ၄ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ဂန်းနားတွေရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားပုံက အနည်းငယ်ပျောက်ဆုံးနေခဲ့ပြီး ပျားတွေရဲ့ ကျစ်လစ်တဲ့ ခံစစ်ကို ထိုးဖောက်ဖို့ အခက်တွေ့ခဲ့ရပါတယ်။ ပထမအကျော့တုန်းက ဂန်းနားတွေ ဂိုးမသွင်းနိုင်အောင် ညစ်နည်းမျိုးစုံသုံးခဲ့တဲ့ ပေါ်တိုကလည်း ဒီညမှာလည်း ပိုပြီး ညစ်ဖို့ နည်းလမ်းတွေ ရှာထားမှာပါ။ ပေါ်တိုခံစစ်ရဲ့ အတွေ့အကြုံရင့်ကျက်မှုနဲ့ ခပ်ကြမ်းကြမ်းကစားနိုင်စွမ်း၊ အကူးအပြောင်းတွေမှာ ခြိမ်းခြောက်နိုင်စွမ်းက လျှော့တွက်ရင် ခံသွားရနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က အများကြီး ပိုပြီးသာလွန်တဲ့အသင်းဖြစ်ပြီး ပေါ်တိုဂိုးပေါက်ကို ၁ ဂိုးလောက် ထည့်လိုက်နိုင်ရင်ကို နောက်ထပ်ဂိုးတွေက တာက ရေလွှတ်သလို ဆက်တိုက်စီးဆင်းလာမှာပါ။

AM ခန့်မှန်းပွဲပြီးရလဒ်( အာဆင်နယ် ၃-၀ ပေါ်တို)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ကေတာ့ ဒီညပြဲမွာ ပထမအေက်ာ့က ရႈံးေႂကြးဆပ္ဖို႔ အားခဲထားမွာျဖစ္ၿပီး ေပၚတိုနဲ႔ ရင္ဆိုင္ဖို႔ အတိတ္နမိတ္ေကာင္းေတြလည္း ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္တို႔ ေနာက္ဆုံး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တက္ခဲ့တဲ့ ၂၀၁၀ တုန္းက ဒီလိုအခ်ိန္ပဲ(အဲဒီတုန္းက ၉ ရက္)အိမ္ကြင္းမွာ ေပၚတိုကို ၅-၀ နဲ႔ ေခၚတီးခဲ့တာျဖစ္ၿပီး ပထမအေက်ာ့တုန္းက ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။

ဒီတစ္ႀကိမ္မွာလည္း ပထမအေက်ာ့တုန္းက ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္လို႔ ဂိုးကြာျခားခ်က္အရ ၾကည့္မယ္ဆိုရင္လည္း ၂၀၁၀ တုန္းကလို ၁ ဂိုးသာကြာဟေနတာျဖစ္လို႔ ေအာင္အတိတ္ေအာင္နိမိတ္ေဆာင္ၿပီး ၂၀၁၀ တုန္းကအတိုင္း ဂိုးျပတ္သိပ္ၿပီး ကြာတားဖိုင္နယ္ကို ၁၄ ႏွစ္အၾကာမွာ ျပန္လည္တက္လွမ္းသြားႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာဆင္နယ္အတြက္ေတာ့ သတင္းေကာင္းထက္ သတင္းဆိုးက ဆီးႀကိဳေနၿပီး မာတီနယ္လီ ေျခေထာက္ဒဏ္ရာေၾကာင့္ ဒီပြဲ လြဲမွာပါ။ ရာယာလည္း ပြဲထြက္ဂိုးသမားအျဖစ္ ျပန္ပါလာမွာျဖစ္ၿပီး လူစာရင္းထဲ အေျပာင္းအလဲဆိုလို႔ ဒီ ၂ ဦးသာရွိၿပီး က်န္ကစားသမားေတြကေတာ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲတုန္းကအတိုင္းပဲ ျပန္ပါလာမွာပါ။

ေပၚတိုဘက္မွာ ကြန္ေဆးဆာအိုလည္း အေျပာင္းအလဲမ်ားမ်ားစားစား လုပ္သြားမယ့္ပုံမေပၚဘဲ ပထမအေက်ာ့တုန္းက အႏိုင္ရခဲ့တဲ့ လူစာရင္းအတိုင္းပဲ လာမွာပါ။ ဧည့္သည္ေတြဘက္မွာ ဒူးဒဏ္ရာရေနတဲ့ တာေရမီ၊ မာကာႏို၊ ဆာႏူဆီတို႔လည္း ဆက္လက္လြဲေခ်ာ္ဦးမွာပါ။

ျဖစ္ႏိုင္ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ဟာဗတ္ဇ္၊ ထေရာ့ဆာ့ဒ္။
ေပၚတို-ေကာ္စတာ၊ မာရီယို၊ ပီပီ၊ အိုတာဗီယို၊ ဝမ္ဒဲလ္၊ ကြန္ေဆးဆာအို၊ ဂြန္ဇာလက္ဇ္၊ ဗာရယ္လာ၊ ဂယ္လီႏို၊ ပီပီ၊ အီဗန္ေနလ္ဆင္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၇ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၃ ႀကိမ္ႏိုင္ ၁ ႀကိမ္သေရ ေပၚတိုက ၃ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံး၊ ေပၚတိုက ၄ ပြဲႏိုင္ ၁ ပြဲသေရက်ခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ဂန္းနားေတြရဲ႕ ထက္ျမက္တဲ့ တိုက္စစ္ကစားပုံက အနည္းငယ္ေပ်ာက္ဆုံးေနခဲ့ၿပီး ပ်ားေတြရဲ႕ က်စ္လစ္တဲ့ ခံစစ္ကို ထိုးေဖာက္ဖို႔ အခက္ေတြ႕ခဲ့ရပါတယ္။ ပထမအေက်ာ့တုန္းက ဂန္းနားေတြ ဂိုးမသြင္းႏိုင္ေအာင္ ညစ္နည္းမ်ိဳးစုံသုံးခဲ့တဲ့ ေပၚတိုကလည္း ဒီညမွာလည္း ပိုၿပီး ညစ္ဖို႔ နည္းလမ္းေတြ ရွာထားမွာပါ။ ေပၚတိုခံစစ္ရဲ႕ အေတြ႕အႀကဳံရင့္က်က္မႈနဲ႔ ခပ္ၾကမ္းၾကမ္းကစားႏိုင္စြမ္း၊ အကူးအေျပာင္းေတြမွာ ၿခိမ္းေျခာက္ႏိုင္စြမ္းက ေလွ်ာ့တြက္ရင္ ခံသြားရႏိုင္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္က အမ်ားႀကီး ပိုၿပီးသာလြန္တဲ့အသင္းျဖစ္ၿပီး ေပၚတိုဂိုးေပါက္ကို ၁ ဂိုးေလာက္ ထည့္လိုက္ႏိုင္ရင္ကို ေနာက္ထပ္ဂိုးေတြက တာက ေရလႊတ္သလို ဆက္တိုက္စီးဆင္းလာမွာပါ။

AM ခန႔္မွန္းပြဲၿပီးရလဒ္( အာဆင္နယ္ ၃-၀ ေပၚတို)

Arsenal Myanmar

Ref: Internet