အညှာအတာကင်းတဲ့ ဂိုးသွင်းပုံစံကောင်းနဲ့ မြောက်လန်ဒန်ဒါဘီနိုင်ပွဲရယူသွားမယ့် ဂန်းနားများ 1024 504 coyg

အညှာအတာကင်းတဲ့ ဂိုးသွင်းပုံစံကောင်းနဲ့ မြောက်လန်ဒန်ဒါဘီနိုင်ပွဲရယူသွားမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၀၁၄ ခုနှစ်နောက်ပိုင်း တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ခါးသီးမြောက်လန်ဒန်ပြိုင်ဘက်ကို ၂ ကျော့စလုံး အနိုင်ရရှိခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ စပါးစ်ဟာ နည်းပြသစ် အန်ဂီ ပိုစတီကိုဂလူလက်အောက်မှာ အကောင်ဆုံးပုံစံရရှိနေပြီး ဂန်းနားတွေနဲ့ ရမှတ်တူညီနေတာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာတီတာက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် ခေါင်းကိုက်စရာအနည်းငယ်ရှိတယ်လို့ ဝန်ခံခဲ့ပြီး ဂါဘရီယဲလ် မာတီနယ်လီ ဒဏ်ရာရရှိနေတာကြောင့် ထရော့ဆာ့ဒ်ပဲ ပွဲထွက်သွားမှာဖြစ်ပြီး ပီအက်စ်ဗွီနဲ့ပွဲက ပွဲထွက်လူစာရင်းအတိုင်း ပွဲထွက်လာနိုင်ပါတယ်။

စပါးစ်ဘက်မှာတော့ အိုင်ဗန် ပါရီဆစ်က လေ့ကျင့်ရေးမှာ ရှုပ်ထွေးတဲ့ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြေညာခဲ့ပြီး ယခုရာသီကုန်အထိ လွဲချော်ဖွယ်ရှိပါတယ်။ ဘန်တန်ကာကလည်း ဖေဖော်ဝါရီလကတည်းက ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဘရိုင်ယန် ဂီးလ်ကလည်း အောက်တိုဘာလမတိုင်ခင်အထိ ပြန်ကစားပေးနိုင်ဦးမှာမဟုတ်တာကလွဲရင် တခြား ဒဏ်ရာပြဿနာ စိုးရိမ်စရာများများစားစားမရှိပါဘူး။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ရိုက်၊ ဟာဗတ်ဇ်၊ အိုဒီဂတ်၊ ဆာကာ၊ ဂျေဆူး၊ ထရော့ဆာ့ဒ်။
ဖောရက်စ်-ဗီကာရီယို၊ ပေါ်ရို၊ ရိုမဲရိုး၊ ဗန်ဒဗင်၊ အူဒိုဂီ၊ ဘစ်ဆူးမား၊ ဆား၊ မက်ဒီဆင်၊ ကူလူဆက်ဗ်စကီး၊ ဆွန်၊ ဆော်လမွန်။

ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်ရဲ့ တိုက်စစ်စွမ်းအားဟာ Low Block အသင်းတွေနဲ့ တွေ့ရင် တစ်ခါတရံ ယိမ်းယိုင်သွားနိုင်ပေမယ့် ဂန်းနားတွေဟာ ခံစစ်မာကျောတဲ့ ပီအက်စ်ဗွီကို အနိုင်ယူနိုင်ခဲ့တာကြောင့် စပါးစ်နဲ့ပွဲမှာလည်း ခပ်ကြမ်းကြမ်းပဲ တိုက်စစ်ဖွင့်ကစားသွားမှာဖြစ်ပါတယ်။ ဂန်းနားတွေအတွက် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ပေးဂိုးမရှိ ပွဲစဉ်ဟာ ပျောက်ကွယ်နေဆဲဖြစ်ပေမယ့်လည်း ဗုဒ္ဓဟူးနေ့က စွမ်းဆောင်ရည်အရ အာဆင်နယ်ဟာ ဂိုးရှေ့မှာ အညှာအတာကင်းမဲ့တဲ့ပုံစံကောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး ပိုစတီကိုဂလူရဲ့ ရာသီသစ်မှာ ရှုံးပွဲမရှိသေးတဲ့ စပါးစ်ကို အမ်းမရိတ်စ်မြေမှာ ရှုံးနိမ့်မှုအရသာကို မြည်းစမ်းခွင့်ပေးသွားမှာဖြစ်ပါတယ်။

ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၂ စပါးစ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ စပါးစ်)
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ စပါးစ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းမွာ ပထမဆုံး ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ခါးသီးေျမာက္လန္ဒန္ၿပိဳင္ဘက္ကို ၂ ေက်ာ့စလုံး အႏိုင္ရရွိခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ စပါးစ္ဟာ နည္းျပသစ္ အန္ဂီ ပိုစတီကိုဂလူလက္ေအာက္မွာ အေကာင္ဆုံးပုံစံရရွိေနၿပီး ဂန္းနားေတြနဲ႔ ရမွတ္တူညီေနတာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာတီတာက တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အတြက္ ေခါင္းကိုက္စရာအနည္းငယ္ရွိတယ္လို႔ ဝန္ခံခဲ့ၿပီး ဂါဘရီယဲလ္ မာတီနယ္လီ ဒဏ္ရာရရွိေနတာေၾကာင့္ ထေရာ့ဆာ့ဒ္ပဲ ပြဲထြက္သြားမွာျဖစ္ၿပီး ပီအက္စ္ဗြီနဲ႔ပြဲက ပြဲထြက္လူစာရင္းအတိုင္း ပြဲထြက္လာႏိုင္ပါတယ္။

စပါးစ္ဘက္မွာေတာ့ အိုင္ဗန္ ပါရီဆစ္က ေလ့က်င့္ေရးမွာ ရႈပ္ေထြးတဲ့ ဒူးအ႐ြတ္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေၾကညာခဲ့ၿပီး ယခုရာသီကုန္အထိ လြဲေခ်ာ္ဖြယ္ရွိပါတယ္။ ဘန္တန္ကာကလည္း ေဖေဖာ္ဝါရီလကတည္းက ဒူးအ႐ြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး ဘ႐ိုင္ယန္ ဂီးလ္ကလည္း ေအာက္တိုဘာလမတိုင္ခင္အထိ ျပန္ကစားေပးႏိုင္ဦးမွာမဟုတ္တာကလြဲရင္ တျခား ဒဏ္ရာျပႆနာ စိုးရိမ္စရာမ်ားမ်ားစားစားမရွိပါဘူး။

ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ႐ိုက္၊ ဟာဗတ္ဇ္၊ အိုဒီဂတ္၊ ဆာကာ၊ ေဂ်ဆူး၊ ထေရာ့ဆာ့ဒ္။
ေဖာရက္စ္-ဗီကာရီယို၊ ေပၚ႐ို၊ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ အူဒိုဂီ၊ ဘစ္ဆူးမား၊ ဆား၊ မက္ဒီဆင္၊ ကူလူဆက္ဗ္စကီး၊ ဆြန္၊ ေဆာ္လမြန္။

ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္ရဲ႕ တိုက္စစ္စြမ္းအားဟာ Low Block အသင္းေတြနဲ႔ ေတြ႕ရင္ တစ္ခါတရံ ယိမ္းယိုင္သြားႏိုင္ေပမယ့္ ဂန္းနားေတြဟာ ခံစစ္မာေက်ာတဲ့ ပီအက္စ္ဗြီကို အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ စပါးစ္နဲ႔ပြဲမွာလည္း ခပ္ၾကမ္းၾကမ္းပဲ တိုက္စစ္ဖြင့္ကစားသြားမွာျဖစ္ပါတယ္။ ဂန္းနားေတြအတြက္ ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ေပးဂိုးမရွိ ပြဲစဥ္ဟာ ေပ်ာက္ကြယ္ေနဆဲျဖစ္ေပမယ့္လည္း ဗုဒၶဟူးေန႔က စြမ္းေဆာင္ရည္အရ အာဆင္နယ္ဟာ ဂိုးေရွ႕မွာ အညႇာအတာကင္းမဲ့တဲ့ပုံစံေကာင္းကို ျပန္လည္ရွာေတြ႕ခဲ့ၿပီး ပိုစတီကိုဂလူရဲ႕ ရာသီသစ္မွာ ရႈံးပြဲမရွိေသးတဲ့ စပါးစ္ကို အမ္းမရိတ္စ္ေျမမွာ ရႈံးနိမ့္မႈအရသာကို ျမည္းစမ္းခြင့္ေပးသြားမွာျဖစ္ပါတယ္။

ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၂ စပါးစ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ စပါးစ္)
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၁ စပါးစ္)

Arsenal Myanmar

Ref: Internet