အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ 1024 504 coyg

အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ်အပြီးမှာ ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိနေချိန်မှာ အင်္ဂလန်ဆေးအဖွဲ့နဲ့ ပြောဆိုဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆာကာဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဒဏ်ရာပြဿနာနဲ့ ဖြတ်သန်းရဖွယ်ရှိပေမယ့်လည်း ဆောက်ဂိတ်က ဩစတြေးလျ၊ အီတလီတို့နဲ့ ရင်ဆိုင်ရမယ့်လူစာရင်းထဲမှာ ဂန်းနားကြယ်ပွင့်ကို ထည့်သွင်းခဲ့တာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနဲ့ ကစားရမယ့်ပွဲအတွက် ဆာကာရဲ့ ကြံ့ခိုင်မှုအခြေအနေကို တစ်နေ့ချင်းစီ အကဲဖြတ်နေရတာကြောင့် ဆာကာ ပါဝင်ကစားပေးနိုင်ခြေနဲ့ပတ်သက်ပြီး အာဆင်နယ်နဲ့ အင်္ဂလန်ဆေးအဖွဲ့တို့ဟာ ပြောဆိုခဲ့ကြပြီးဖြစ်ပါတယ်။

-ဖီယင်နု ကွင်းလယ်ကြယ်ပွင့် ကွင်တန် တင်းဘားဟာ ပရီးမီးယားလိဂ်ရဲ့အကြီးမားဆုံး အသင်းအများအပြားရဲ့ ကင်းထောက်တွေကို အထင်ကြီးစေခဲ့တယ်လို့ သိရပါတယ်။

ဥရောပထိပ်သီးအသင်းကြီးတွေဟာ ပြီးခဲ့တဲ့ရာသီ ဒတ်ချ်လိဂ်မှာ အထင်ကြီးဖွယ် အောင်ပွဲရခဲ့တဲ့ ဖီယင်နုကို အာရုံစိုက်လာကြတာဖြစ်ပြီး မက္ကဆီကို တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်ကို အသင်းအများအပြားက စောင့်ကြည့်နေခဲ့ပေမယ့် နောက်ထပ် အားလုံးရဲ့ အာရုံစိုက်ခံနေရသူက ဒတ်ချ်လူငယ်ကွင်းလယ်လူ တင်းဘားဖြစ်ပါတယ်။

ကွင်တန် တင်းဘားဟာ အာဆင်နယ်နောက်ခံလူ ယူရီယန် တင်းဘားရဲ့ အမြွာညီအစ်ကိုဖြစ်ပြီး လီဗာပူးလ်၊ စီးတီး၊ မန်ယူနိုက်တက်၊ စပါးစ်တို့နဲ့ ဂန်းနားကင်းထောက်တွေကိုလည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဖရက်ဒီ ယွန်းဘတ်က ဘူကာယို ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အာဆင်နယ်ရဲ့ အရေးအကြီးဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ကို အနားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယွန်းဘတ်ဟာ အာဆင်နယ်မှာ ရှိခဲ့တဲ့အချိန်တုန်းက ဆယ်ကျော်သက်လူငယ်ကစားသမားလေးကို နည်းပြပေးခဲ့ဖူးတာဖြစ်ပြီး အရင်တုန်းကလည်း ဆာကာကို အနားပေးဖို့ တောင်းဆိုခဲ့ဖူးပေမယ့် လက်ရှိမှာတော့ တော်တော်လေး နောက်ကျသွားပြီဖြစ်ပါတယ်။

အာတီတာအနေနဲ့ ပွဲ ၈၀ ကျော်ဆက်တိုက် ကစားပေးခဲ့တဲ့ ဆာကာ မပါဘဲ ပရီးမီးယားလိဂ်မှာဘယ်လို စခန်းသွားရမလဲဆိုတာကို အဖြေရှာရတော့မှာဖြစ်ပြီး ယွန်းဘတ်က ဒီအပတ်မှာ ဟေးအမ်းအကယ်ဒမီထွက်ကြယ်ပွင့်ကို ကစားခိုင်းမှာကို စိုးရိမ်နေပြီး အနားပေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် စမစ် ရိုးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမ်းမရိတ်စ်မှာ ပုံမှန်ပွဲထွက်ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ဂျာနယ်လစ် ပေါလ် ဘရောင်းက အင်္ဂလန်ကြယ်ပွင့်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး အာတီတာနဲ့ ပြောဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာက စမစ် ရိုးကို အသင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ရှိနေဆဲဖြစ်တယ်လို့ အာမခံခဲ့တာကြောင့် မကြာသေးမီက ကာရာဘောင်းဖလားပွဲစဉ်မှာ ပွဲထွက်ခွင့်နေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြသခွင့်ပေးတဲ့အနေနဲ့ ကစားခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

-အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဆယ်စုနှစ် ၂ ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပေမယ့် နောက်ခံလူ ဝီလီယံ ဆာလီဘာ ဒဏ်ရာရရှိသွားမှုနဲ့အတူ ရာသီကုန်ခါနီး ခြေချော်မှုတွေကြောင့် အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆာလီဘာက ပြီးခဲ့တဲ့ရာသီ အရေးအကြီးဆုံးအချိန်မှာ အသင်းအတွက် မကစားပေးနိုင်ဘဲ ပွဲစဉ်တိုင်းကို ထိုင်ကြည့်ခဲ့ရတာက အလွန်နာကျင်စရာဖြစ်ခဲ့ပြီး ပါဝင်ကစားပေးနိုင်ရင် ပရီးမီးယားလိဂ်ဖလား ရအောင် ကူညီနိုင်ခဲ့ရင် ကူညီနိုင်ခဲ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူက ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က တစ်ရာသီလုံး ပထမဖြစ်ခဲ့ပြီး အဆုံးမှာ ဒုတိယဖြစ်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလားရရှိဖို့ ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့ ကြိုးစားသွားမယ်လို့လည်း ကတိပေး ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-အာဆင္နယ္ဟာ တနဂၤေႏြေန႔ မန္စီးတီးနဲ႔ ကစားရမယ့္ ပြဲစဥ္အၿပီးမွာ ဆာကာရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္မႈေတြ ရွိေနခ်ိန္မွာ အဂၤလန္ေဆးအဖြဲ႕နဲ႔ ေျပာဆိုေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဆာကာဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို ဒဏ္ရာျပႆနာနဲ႔ ျဖတ္သန္းရဖြယ္ရွိေပမယ့္လည္း ေဆာက္ဂိတ္က ဩစေၾတးလ်၊ အီတလီတို႔နဲ႔ ရင္ဆိုင္ရမယ့္လူစာရင္းထဲမွာ ဂန္းနားၾကယ္ပြင့္ကို ထည့္သြင္းခဲ့တာျဖစ္ၿပီး အာဆင္နယ္က မန္စီးတီးနဲ႔ ကစားရမယ့္ပြဲအတြက္ ဆာကာရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို တစ္ေန႔ခ်င္းစီ အကဲျဖတ္ေနရတာေၾကာင့္ ဆာကာ ပါဝင္ကစားေပးႏိုင္ေျခနဲ႔ပတ္သက္ၿပီး အာဆင္နယ္နဲ႔ အဂၤလန္ေဆးအဖြဲ႕တို႔ဟာ ေျပာဆိုခဲ့ၾကၿပီးျဖစ္ပါတယ္။

-ဖီယင္ႏု ကြင္းလယ္ၾကယ္ပြင့္ ကြင္တန္ တင္းဘားဟာ ပရီးမီးယားလိဂ္ရဲ႕အႀကီးမားဆုံး အသင္းအမ်ားအျပားရဲ႕ ကင္းေထာက္ေတြကို အထင္ႀကီးေစခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပထိပ္သီးအသင္းႀကီးေတြဟာ ၿပီးခဲ့တဲ့ရာသီ ဒတ္ခ်္လိဂ္မွာ အထင္ႀကီးဖြယ္ ေအာင္ပြဲရခဲ့တဲ့ ဖီယင္ႏုကို အာ႐ုံစိုက္လာၾကတာျဖစ္ၿပီး မကၠဆီကို တိုက္စစ္မႉး ဆန္တီယာဂို ဂ်ီမီနက္ဇ္ကို အသင္းအမ်ားအျပားက ေစာင့္ၾကည့္ေနခဲ့ေပမယ့္ ေနာက္ထပ္ အားလုံးရဲ႕ အာ႐ုံစိုက္ခံေနရသူက ဒတ္ခ်္လူငယ္ကြင္းလယ္လူ တင္းဘားျဖစ္ပါတယ္။

ကြင္တန္ တင္းဘားဟာ အာဆင္နယ္ေနာက္ခံလူ ယူရီယန္ တင္းဘားရဲ႕ အႁမြာညီအစ္ကိုျဖစ္ၿပီး လီဗာပူးလ္၊ စီးတီး၊ မန္ယူႏိုက္တက္၊ စပါးစ္တို႔နဲ႔ ဂန္းနားကင္းေထာက္ေတြကိုလည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဖရက္ဒီ ယြန္းဘတ္က ဘူကာယို ဆာကာရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ အေရးအႀကီးဆုံးကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ကို အနားေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ယြန္းဘတ္ဟာ အာဆင္နယ္မွာ ရွိခဲ့တဲ့အခ်ိန္တုန္းက ဆယ္ေက်ာ္သက္လူငယ္ကစားသမားေလးကို နည္းျပေပးခဲ့ဖူးတာျဖစ္ၿပီး အရင္တုန္းကလည္း ဆာကာကို အနားေပးဖို႔ ေတာင္းဆိုခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ ေတာ္ေတာ္ေလး ေနာက္က်သြားၿပီျဖစ္ပါတယ္။

အာတီတာအေနနဲ႔ ပြဲ ၈၀ ေက်ာ္ဆက္တိုက္ ကစားေပးခဲ့တဲ့ ဆာကာ မပါဘဲ ပရီးမီးယားလိဂ္မွာဘယ္လို စခန္းသြားရမလဲဆိုတာကို အေျဖရွာရေတာ့မွာျဖစ္ၿပီး ယြန္းဘတ္က ဒီအပတ္မွာ ေဟးအမ္းအကယ္ဒမီထြက္ၾကယ္ပြင့္ကို ကစားခိုင္းမွာကို စိုးရိမ္ေနၿပီး အနားေပးဖို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ စမစ္ ႐ိုးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အမ္းမရိတ္စ္မွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဂ်ာနယ္လစ္ ေပါလ္ ဘေရာင္းက အဂၤလန္ၾကယ္ပြင့္ဟာ အနာဂတ္နဲ႔ပတ္သက္ၿပီး အာတီတာနဲ႔ ေျပာဆိုခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာက စမစ္ ႐ိုးကို အသင္းရဲ႕ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ အာမခံခဲ့တာေၾကာင့္ မၾကာေသးမီက ကာရာေဘာင္းဖလားပြဲစဥ္မွာ ပြဲထြက္ခြင့္ေနရာနဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပသခြင့္ေပးတဲ့အေနနဲ႔ ကစားခြင့္ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

-အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ဆယ္စုႏွစ္ ၂ ခုၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ အနီးစပ္ဆုံးအေျခအေနကို ေရာက္ရွိခဲ့ေပမယ့္ ေနာက္ခံလူ ဝီလီယံ ဆာလီဘာ ဒဏ္ရာရရွိသြားမႈနဲ႔အတူ ရာသီကုန္ခါနီး ေျခေခ်ာ္မႈေတြေၾကာင့္ အခြင့္အေရးေကာင္းကို ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။

ဆာလီဘာက ၿပီးခဲ့တဲ့ရာသီ အေရးအႀကီးဆုံးအခ်ိန္မွာ အသင္းအတြက္ မကစားေပးႏိုင္ဘဲ ပြဲစဥ္တိုင္းကို ထိုင္ၾကည့္ခဲ့ရတာက အလြန္နာက်င္စရာျဖစ္ခဲ့ၿပီး ပါဝင္ကစားေပးႏိုင္ရင္ ပရီးမီးယားလိဂ္ဖလား ရေအာင္ ကူညီႏိုင္ခဲ့ရင္ ကူညီႏိုင္ခဲ့မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ေနာက္ခံလူက ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္က တစ္ရာသီလုံး ပထမျဖစ္ခဲ့ၿပီး အဆုံးမွာ ဒုတိယျဖစ္ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဖလားရရွိဖို႔ ပြဲစဥ္တိုင္းကို အႏိုင္ကစားဖို႔ ႀကိဳးစားသြားမယ္လို႔လည္း ကတိေပး ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet