သရေပွဲအတွက် ဖလားပွဲမှာ မကြေပွဲနွှဲကြမယ့် လီဗာပူးလ်နဲ့ အာဆင်နယ် 1024 504 coyg

သရေပွဲအတွက် ဖလားပွဲမှာ မကြေပွဲနွှဲကြမယ့် လီဗာပူးလ်နဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ်ကို တနင်္ဂနွေနေ့ည အိမ်ကွင်း အမ်းမရိတ်စ်မှာ လီဗာပူးလ်ကို အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်ပြီး ခက်ခက်ခဲခဲ စတင်သွားရမှာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က အန်းဖီးမှာ ၁-၁ သရေကျခဲ့ပြီးနောက် ခရစ္စမတ်ကို အကောင်းမြင်စိတ်တွေနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပေမယ့်လည်း နှစ်သစ်မကူးခင်မှာ ဆက်တိုက် ရှုံးနိမ့်မှုတွေကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ အာဆင်နယ်နဲ့ သရေကျပြီးကတည်းက ၂ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နိုင်ခဲ့ပြီး ဂန်းနားတွေကတော့ ၂ ပွဲဆက်ရှုံးပွဲနဲ့အတူ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်မဟုတ်တဲ့ ဖလားပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ကြီးမားတဲ့ နိုင်ပွဲနဲ့အတူ အက်ဖ်အေဖလား ခရီးစဉ်ကို စတင်နိုင်ဖို့ ရည်မှန်းထားမှာဖြစ်ပြီး ဘယ်အသင်းကမှ ဒီပြိုင်ပွဲမှာ ဂန်းနားတွေထက် အောင်မြင်မှု ပိုမိုရရှိထားခြင်းမရှိတာ ဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်ကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ရာသီဖြစ်တဲ့ ၂၀၂၀ ခုနှစ်တုန်းက ၁၄ ကြိမ်မြောက် အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း ဂန်းနားတွေဟာ စတုတ္ထအဆင့်ထက် မကျော်လွန်နိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ်မှာ လီဗာပူးလ်က ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

တိုမိယဆုဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့်လည်း အဲဒီပွဲအပြီးကတည်းက ၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် ဂျပန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ပါတေးကလည်း အာဖရိကဖလား သွားကစားချင်ခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် ခေါ်ယူခြင်းမခံခဲ့ရတာဖြစ်ပြီး ဆာကာနဲ့ ဘန်ဝှိုက်တို့လည်း ဒဏ်ရာရနေရင်း ကစားပေးနေခဲ့တယ်လို့ ယူဆရတာကြောင့် ဒီအပတ်မှာတော့ အနားရနိုင်ပါတယ်။ ဒါပေမယ့်လည်း နှစ်ယောက်စလုံး ပွဲထွက်လူစာရင်းထဲ ပါလာရင်လည်း အံ့အားသင့်စရာမဟုတ်တော့ပါဘူး။ ဇင်ချန်ကိုလည်း ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ မသေချာဘဲ တင်းဘားနဲ့ ဗီယာရာတို့ကလည်း ဆက်လက်လွဲချော်ဦးမှာပါ။

လီဗာပူးလ်ကလည်း အာဖရိဖလားပြိုင်ပွဲကြောင့် ဆာလားကို ဆုံးရှုံးခဲ့ရပြီး အန်ဒိုကလည်း တိုမိယဆုနဲ့အတူ အာရှဖလားအတွက် ဂျပန်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဒေါမနစ် ဆဘော့ဇ်ဆလိုင်းကလည်းကလည်း နှစ်သစ်ကူးနေ့မှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဖွယ်မရှိတာကြောင့် ဂရာဗင်ဘာ့ချ်ကို ကွင်းလယ်မှာ မြင်ရနိုင်ပါတယ်။ မက္ကယ်လစ္စတာကတော့ ကွင်းလယ်မှာ ပွဲထွက်လာမှာဖြစ်ပြီး ဟာဗီး အဲလီးယော့တ်ကတော့ ဆာလားရဲ့နေရာမှာ ဝင်ကစားသွားမှာဖြစ်ပါတယ်။ မာတစ်၊ အယ်လ်ကန်တာရာ၊ ဘာဆက်တစ်၊ ရောဘတ်ဆန်တို့အားလုံးကတော့ ဒဏ်ရာကြောင့် ဆက်လက်လွဲချော်ဦးမှာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်၊ စမစ် ရိုး၊ ဆာကာ၊ ထရောဆာ့ဒ်၊ ဂျေးဇု။
လီဗာပူးလ်-ကယ်လေဟာ၊ အာနိုး၊ ကွမ်ဆာ၊ ဗန်ဒိုက်၊ ဂိုးမက်ဇ်၊ မက္ကယ်လစ္စတာ၊ ဂရာဗင်ဘာ့ချ်၊ ဂျုံးစ်၊ အဲလီးယော့တ်၊ ဂက်ခ်ပို၊ ဂျိုတာ။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြားမှာ ၃၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၉ ပွဲနိုင် ၁၁ ပွဲသရေ လီဗာပူးလ်က ၁၃ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး၊ လီဗာပူးလ်က ၃ ပွဲနိုင် ၂ ပွဲသရေ ကျခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

နှစ်သင်းစလုံးက ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ထားမှာဖြစ်တာကြောင့် ခန့်မှန်းရခက်တဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပေမယ့်လည်း လီဗာပူးလ်ကို အန်းဖီးအပြင်ဘက်မှာ ရင်ဆိုင်ရမှာက အိမ်ရှင်တွေအတွက် အားသာချက်ဖြစ်လာစေမှာပါ။ ဆာလား မပါဝင်နိုင်မှုကလည်း လီဗာပူးလ်တို့ကို အားနည်းစေပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ခြေချော်ခဲ့မှုအတွင်း ခြေစွမ်းပိုင်း အရမ်းမဆိုးခဲ့ပေမယ့်လည်း ဖူလ်ဟမ်နဲ့ပွဲမှာတော့ တော်တော်လေးဆိုးခဲ့ပါတယ်။ အာတီတာဟာ ၂၀၂၄ ခုနှစ်အစမှာ အဲဒီဆိုးရွားတဲ့ ခြေစွမ်းကို လျင်လျင်မြန်မြန် ပြောင်းလဲပစ်ချင်နေမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ကစားဟန်ဟာ အရင်တုန်းက ကလော့ပ်ကို တစ်ခါပြန်မြင်ယောင်မိစေခဲ့ပြီး ဂန်းနားနည်းပြဟာ တနင်္ဂနွေနေ့ ဖလားပွဲစဉ်မှာ အသင်းကို တည်ငြိမ်မှု ရအောင် ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရနိုင်ပြီး အာဆင်နယ်တို့ နိုင်ပွဲပြန်လည်ရယူသွားနိုင်မှာပါ။

AM ခန့်မှန်းပွဲပြီးရလဒ် (အာဆင်နယ် ၃-၂ လီဗာပူးလ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ၂၀၂၄ ခုႏွစ္ကို တနဂၤေႏြေန႔ည အိမ္ကြင္း အမ္းမရိတ္စ္မွာ လီဗာပူးလ္ကို အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္ၿပီး ခက္ခက္ခဲခဲ စတင္သြားရမွာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဒီဇင္ဘာ ၂၃ ရက္ေန႔က အန္းဖီးမွာ ၁-၁ သေရက်ခဲ့ၿပီးေနာက္ ခရစၥမတ္ကို အေကာင္းျမင္စိတ္ေတြနဲ႔ ျဖတ္သန္းခဲ့တာျဖစ္ေပမယ့္လည္း ႏွစ္သစ္မကူးခင္မွာ ဆက္တိုက္ ရႈံးနိမ့္မႈေတြေၾကာင့္ စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္ကေတာ့ အာဆင္နယ္နဲ႔ သေရက်ၿပီးကတည္းက ၂ ပြဲဆက္တိုက္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဂန္းနားေတြကေတာ့ ၂ ပြဲဆက္ရႈံးပြဲနဲ႔အတူ အဆင့္ ၄ ေနရာအထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္မဟုတ္တဲ့ ဖလားပြဲစဥ္မွာေတာ့ အာဆင္နယ္ဟာ ႀကီးမားတဲ့ ႏိုင္ပြဲနဲ႔အတူ အက္ဖ္ေအဖလား ခရီးစဥ္ကို စတင္ႏိုင္ဖို႔ ရည္မွန္းထားမွာျဖစ္ၿပီး ဘယ္အသင္းကမွ ဒီၿပိဳင္ပြဲမွာ ဂန္းနားေတြထက္ ေအာင္ျမင္မႈ ပိုမိုရရွိထားျခင္းမရွိတာ ျဖစ္ပါတယ္။

အာတီတာဟာ အာဆင္နယ္ကို ပထမဆုံးကိုင္တြယ္ခဲ့တဲ့ရာသီျဖစ္တဲ့ ၂၀၂၀ ခုႏွစ္တုန္းက ၁၄ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားကို ကိုင္ေျမႇာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း အဲဒီေနာက္ပိုင္း ဂန္းနားေတြဟာ စတုတၳအဆင့္ထက္ မေက်ာ္လြန္ႏိုင္ခဲ့ဘဲ ၂၀၂၂ ခုႏွစ္မွာ လီဗာပူးလ္က ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

တိုမိယဆုဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ ဒဏ္ရာကေန ျပန္လည္သက္သာၿပီး ပါဝင္ကစားေပးႏိုင္ခဲ့ေပမယ့္လည္း အဲဒီပြဲအၿပီးကတည္းက ၂၀၂၃ အာရွဖလားၿပိဳင္ပြဲအတြက္ ဂ်ပန္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။ ပါေတးကလည္း အာဖရိကဖလား သြားကစားခ်င္ခဲ့ေပမယ့္လည္း ဒဏ္ရာေၾကာင့္ ေခၚယူျခင္းမခံခဲ့ရတာျဖစ္ၿပီး ဆာကာနဲ႔ ဘန္ဝႈိက္တို႔လည္း ဒဏ္ရာရေနရင္း ကစားေပးေနခဲ့တယ္လို႔ ယူဆရတာေၾကာင့္ ဒီအပတ္မွာေတာ့ အနားရႏိုင္ပါတယ္။ ဒါေပမယ့္လည္း ႏွစ္ေယာက္စလုံး ပြဲထြက္လူစာရင္းထဲ ပါလာရင္လည္း အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။ ဇင္ခ်န္ကိုလည္း ေျခသလုံးဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးဖို႔ မေသခ်ာဘဲ တင္းဘားနဲ႔ ဗီယာရာတို႔ကလည္း ဆက္လက္လြဲေခ်ာ္ဦးမွာပါ။

လီဗာပူးလ္ကလည္း အာဖရိဖလားၿပိဳင္ပြဲေၾကာင့္ ဆာလားကို ဆုံးရႈံးခဲ့ရၿပီး အန္ဒိုကလည္း တိုမိယဆုနဲ႔အတူ အာရွဖလားအတြက္ ဂ်ပန္နဲ႔ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။ ေဒါမနစ္ ဆေဘာ့ဇ္ဆလိုင္းကလည္းကလည္း ႏွစ္သစ္ကူးေန႔မွာ ရခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဖြယ္မရွိတာေၾကာင့္ ဂရာဗင္ဘာ့ခ်္ကို ကြင္းလယ္မွာ ျမင္ရႏိုင္ပါတယ္။ မကၠယ္လစၥတာကေတာ့ ကြင္းလယ္မွာ ပြဲထြက္လာမွာျဖစ္ၿပီး ဟာဗီး အဲလီးေယာ့တ္ကေတာ့ ဆာလားရဲ႕ေနရာမွာ ဝင္ကစားသြားမွာျဖစ္ပါတယ္။ မာတစ္၊ အယ္လ္ကန္တာရာ၊ ဘာဆက္တစ္၊ ေရာဘတ္ဆန္တို႔အားလုံးကေတာ့ ဒဏ္ရာေၾကာင့္ ဆက္လက္လြဲေခ်ာ္ဦးမွာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္၊ စမစ္ ႐ိုး၊ ဆာကာ၊ ထေရာဆာ့ဒ္၊ ေဂ်းဇု။
လီဗာပူးလ္-ကယ္ေလဟာ၊ အာႏိုး၊ ကြမ္ဆာ၊ ဗန္ဒိုက္၊ ဂိုးမက္ဇ္၊ မကၠယ္လစၥတာ၊ ဂရာဗင္ဘာ့ခ်္၊ ဂ်ဳံးစ္၊ အဲလီးေယာ့တ္၊ ဂက္ခ္ပို၊ ဂ်ိဳတာ။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကားမွာ ၃၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၉ ပြဲႏိုင္ ၁၁ ပြဲသေရ လီဗာပူးလ္က ၁၃ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၁ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံး၊ လီဗာပူးလ္က ၃ ပြဲႏိုင္ ၂ ပြဲသေရ က်ခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ႏွစ္သင္းစလုံးက ပြဲထြက္လူစာရင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ထားမွာျဖစ္တာေၾကာင့္ ခန႔္မွန္းရခက္တဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ေပမယ့္လည္း လီဗာပူးလ္ကို အန္းဖီးအျပင္ဘက္မွာ ရင္ဆိုင္ရမွာက အိမ္ရွင္ေတြအတြက္ အားသာခ်က္ျဖစ္လာေစမွာပါ။ ဆာလား မပါဝင္ႏိုင္မႈကလည္း လီဗာပူးလ္တို႔ကို အားနည္းေစၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ ေျခေခ်ာ္ခဲ့မႈအတြင္း ေျခစြမ္းပိုင္း အရမ္းမဆိုးခဲ့ေပမယ့္လည္း ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ ေတာ္ေတာ္ေလးဆိုးခဲ့ပါတယ္။ အာတီတာဟာ ၂၀၂၄ ခုႏွစ္အစမွာ အဲဒီဆိုး႐ြားတဲ့ ေျခစြမ္းကို လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲပစ္ခ်င္ေနမွာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ ကစားဟန္ဟာ အရင္တုန္းက ကေလာ့ပ္ကို တစ္ခါျပန္ျမင္ေယာင္မိေစခဲ့ၿပီး ဂန္းနားနည္းျပဟာ တနဂၤေႏြေန႔ ဖလားပြဲစဥ္မွာ အသင္းကို တည္ၿငိမ္မႈ ရေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္လည္း အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရႏိုင္ၿပီး အာဆင္နယ္တို႔ ႏိုင္ပြဲျပန္လည္ရယူသြားႏိုင္မွာပါ။

AM ခန႔္မွန္းပြဲၿပီးရလဒ္ (အာဆင္နယ္ ၃-၂ လီဗာပူးလ္)

Arsenal Myanmar

Ref: Internet