သမိုင်းမကောင်းခဲ့တဲ့ စီးတီးဂရောင်းကို သွားပြီး သမိုင်းသစ်ရေးထိုးရမယ့် ဂန်းနားများ 620 348 coyg

သမိုင်းမကောင်းခဲ့တဲ့ စီးတီးဂရောင်းကို သွားပြီး သမိုင်းသစ်ရေးထိုးရမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ယနေ့ညမှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ စီးတီးဂရောင်းကို သွားရောက်ယှဉ်ပြိုင်ပြီး ခရစ္စတယ်ပဲလေ့စ်ကို ၅-၀ နဲ့ နိုင်ပွဲရခဲ့ပြီးနောက် ဆက်လက် နိုင်ပွဲဆက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဂန်းနားတွေဟာ အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ခဲ့ရတာကြောင့် နားချိန်ပိုမို ရရှိခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ သောကြာနေ့ညက ဘရစ္စတိုးလ်စီးတီးနဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ နူနို ဆန်တိုဟာ အင်္ဂါနေ့ညပွဲစဉ်အတွက် အဓိက အာရုံစိုက်ထားတာ သိသာထင်ရှားခဲ့ပြီး သောကြာနေ့ည သရေပွဲဟာ ပေါ်တူဂီလူမျိုးနည်းပြလက်အောက်မှာ ဖောရက်စ်တို့ တစ်ပွဲ ၂ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းကလည်း ပြီးခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းခြေစွမ်းကောင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီနိုင်ပွဲကနေ ယုံကြည်မှုအများအပြား ပြန်လည်ရရှိခဲ့ပြီးနောက် သမိုင်းကြောင်းမကောင်းခဲ့တဲ့ စီးတီးဂရောင်းမှာ သမိုင်းသစ်ရေးထိုးသွားဖို့ ကြိုးပမ်းသွားရတော့မှာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

နော်တင်ဟမ်ဖောရက်စ်ဟာ အာဖရိကဖလားကြောင့် ကစားသမား ၁၀ ဦးအထိ လက်လွှတ်ထားရပြီး အချို့ကစားသမားတွေကတော့ အသင်းကို ပြန်ရောက်လာတော့မှာဖြစ်ပေမယ့်လည်း နူနို ဆန်တိုအနေနဲ့ ဆာဂျီ အော်ရီယာ၊ ဝီလီ ဘိုလီ၊ အီဘရာဟင် ဆန်ဂါရေး၊ အိုလာ အိုင်နာ၊ ကူယာတေးတို့လို ကစားသမားတွေမပါဘဲ ကစားသွားရမှာပါ။ သတင်းကောင်းကတော့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက် သောကြာနေ့မှာ ပြန်ကစားနိုင်ခဲ့တာကြောင့် ဒီပွဲမှာလည်း ပွဲထွက်လာနိုင်မှာဖြစ်ပြီး အီလန်ဂါကတော့ ဒဏ်ရာကြောင့် ဒီပွဲကို ပါဝင်ကစားပေးဖို့ မသေချာပါဘူး။ အိုရီဂီ၊ ဖီလစ်ပီနဲ့ အဝိုနီယီတို့လည်း ဒဏ်ရာရနေကြပါတယ်။

အာဆင်နယ်ဘက်မှာ ဒီကလန် ရိုက် ပဲလေ့စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာနဲ့ ရှောင်လွှဲနိုင်ခဲ့တာကြောင့် ယနေ့ညပွဲမှာ ပွဲထွက်လာနိုင်မှာပါ။ အာတီတာရဲ့လူစာရင်းထဲမှာ ၃ လကြာ အသင်းပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ သောမတ်စ် ပါတေးလည်း ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဂါနာကွင်းလယ်လူဟာ အရန်ခုံကနေ ဝင်ကစားဖို့များပါတယ်။ အာဆင်နယ်ဘက်မှာ နောက်ထပ် ဒဏ်ရာပြဿနာသတင်းတွေ မရှိဘဲ တင်းဘားနဲ့ ဗီယာရာတို့ကတော့ အနားယူရဦးမှာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

နော်တင်ဟမ်ဖောရက်စ်-တန်နာ၊ မွန်တီရယ်၊ အိုမိုဘာမီဒယ်၊ မူရီလို၊ ဝီလီယံစ်၊ ရိတ်စ်၊ ဒါနီလို၊ အီလန်ဂါ၊ ဂစ်ဘ်စ်-ဝှိုက်၊ ဟဒ်ဆန်-အိုဒွိုင်း၊ ဝုဒ်။
အာဆင်နယ်- ရာယာ၊ ဝှိုက်၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၇ ကြိမ်တွေ့ဆုံခဲ့ရာမှာ နော်တင်ဟမ်က ၃ ကြိမ်နိုင်၊ အာဆင်နယ်က ၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဖောရက်စ်က ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ အာဆင်နယ်က ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ဖောရက်စ်ရဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေမှုကြောင့် ၂၀၂၄ ခုနှစ်မှာ ဂန်းနားတွေထက် ပွဲ ၂ ဆလောက် ပိုကစားခဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့်လည်း အင်္ဂါနေ့ညမှာတော့ ပွဲပမ်းမှုက အဓိကအခန်းကဏ္ဍကနေ များများစားစား ပါဝင်ဖွယ်မရှိပါဘူး။ အိမ်ရှင်တွေဟာ အာဖရိကဖလားပြိုင်ပွဲကြောင့် အဓိကကစားသမားအများအပြား မပါဘဲ ကစားသွားရမှာဖြစ်ပေမယ့် ဂစ်ဘ်စ်-ဝှိုက်လိုမျိုး ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားပြန်ပါလာနိုင်လို့ အားတက်စရာဖြစ်နေပါတယ်။ အာဆင်နယ်ဟာ စီးတီးဂရောင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့လို့ ပြီးခဲ့တဲ့ရာသီ ဆုဖလားမျှော်လင့်ချက်ဟာ အဆုံးသတ်ခဲ့ရတာဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့ အနိုင်ကစားသွားမှာဖြစ်ပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(နော်တင်ဟမ်ဖောရက်စ် ၁-၂ အာဆင်နယ်)
ပေါလ်မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(နော်တင်ဟမ်ဖောရက်စ် ၁-၂ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယေန႔ညမွာ ေနာ္တင္ဟမ္ ေဖာရက္စ္ရဲ႕ စီးတီးဂေရာင္းကို သြားေရာက္ယွဥ္ၿပိဳင္ၿပီး ခရစၥတယ္ပဲေလ့စ္ကို ၅-၀ နဲ႔ ႏိုင္ပြဲရခဲ့ၿပီးေနာက္ ဆက္လက္ ႏိုင္ပြဲဆက္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ဂန္းနားေတြဟာ အက္ဖ္ေအဖလား တတိယအဆင့္ကေန ထြက္ခဲ့ရတာေၾကာင့္ နားခ်ိန္ပိုမို ရရွိခဲ့ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္ကေတာ့ ေသာၾကာေန႔ညက ဘရစၥတိုးလ္စီးတီးနဲ႔ အေဝးကြင္းမွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။ ႏူႏို ဆန္တိုဟာ အဂၤါေန႔ညပြဲစဥ္အတြက္ အဓိက အာ႐ုံစိုက္ထားတာ သိသာထင္ရွားခဲ့ၿပီး ေသာၾကာေန႔ည သေရပြဲဟာ ေပၚတူဂီလူမ်ိဳးနည္းျပလက္ေအာက္မွာ ေဖာရက္စ္တို႔ တစ္ပြဲ ၂ ဂိုးမသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းကလည္း ၿပီးခဲ့တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ဂိုးသြင္းေျခစြမ္းေကာင္း ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး အဲဒီႏိုင္ပြဲကေန ယုံၾကည္မႈအမ်ားအျပား ျပန္လည္ရရွိခဲ့ၿပီးေနာက္ သမိုင္းေၾကာင္းမေကာင္းခဲ့တဲ့ စီးတီးဂေရာင္းမွာ သမိုင္းသစ္ေရးထိုးသြားဖို႔ ႀကိဳးပမ္းသြားရေတာ့မွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ေနာ္တင္ဟမ္ေဖာရက္စ္ဟာ အာဖရိကဖလားေၾကာင့္ ကစားသမား ၁၀ ဦးအထိ လက္လႊတ္ထားရၿပီး အခ်ိဳ႕ကစားသမားေတြကေတာ့ အသင္းကို ျပန္ေရာက္လာေတာ့မွာျဖစ္ေပမယ့္လည္း ႏူႏို ဆန္တိုအေနနဲ႔ ဆာဂ်ီ ေအာ္ရီယာ၊ ဝီလီ ဘိုလီ၊ အီဘရာဟင္ ဆန္ဂါေရး၊ အိုလာ အိုင္နာ၊ ကူယာေတးတို႔လို ကစားသမားေတြမပါဘဲ ကစားသြားရမွာပါ။ သတင္းေကာင္းကေတာ့ ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္ ေသာၾကာေန႔မွာ ျပန္ကစားႏိုင္ခဲ့တာေၾကာင့္ ဒီပြဲမွာလည္း ပြဲထြက္လာႏိုင္မွာျဖစ္ၿပီး အီလန္ဂါကေတာ့ ဒဏ္ရာေၾကာင့္ ဒီပြဲကို ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။ အိုရီဂီ၊ ဖီလစ္ပီနဲ႔ အဝိုနီယီတို႔လည္း ဒဏ္ရာရေနၾကပါတယ္။

အာဆင္နယ္ဘက္မွာ ဒီကလန္ ႐ိုက္ ပဲေလ့စ္နဲ႔ပြဲမွာ တံေကာက္ေၾကာဒဏ္ရာနဲ႔ ေရွာင္လႊဲႏိုင္ခဲ့တာေၾကာင့္ ယေန႔ညပြဲမွာ ပြဲထြက္လာႏိုင္မွာပါ။ အာတီတာရဲ႕လူစာရင္းထဲမွာ ၃ လၾကာ အသင္းပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တဲ့ ေသာမတ္စ္ ပါေတးလည္း ျပန္လည္ပါဝင္လာမွာျဖစ္ၿပီး ဂါနာကြင္းလယ္လူဟာ အရန္ခုံကေန ဝင္ကစားဖို႔မ်ားပါတယ္။ အာဆင္နယ္ဘက္မွာ ေနာက္ထပ္ ဒဏ္ရာျပႆနာသတင္းေတြ မရွိဘဲ တင္းဘားနဲ႔ ဗီယာရာတို႔ကေတာ့ အနားယူရဦးမွာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ေနာ္တင္ဟမ္ေဖာရက္စ္-တန္နာ၊ မြန္တီရယ္၊ အိုမိုဘာမီဒယ္၊ မူရီလို၊ ဝီလီယံစ္၊ ရိတ္စ္၊ ဒါနီလို၊ အီလန္ဂါ၊ ဂစ္ဘ္စ္-ဝႈိက္၊ ဟဒ္ဆန္-အိုဒြိဳင္း၊ ဝုဒ္။
အာဆင္နယ္- ရာယာ၊ ဝႈိက္၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇု။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၇ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ေနာ္တင္ဟမ္က ၃ ႀကိမ္ႏိုင္၊ အာဆင္နယ္က ၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ေဖာရက္စ္က ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ အာဆင္နယ္က ၁ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ေဖာရက္စ္ရဲ႕ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေနမႈေၾကာင့္ ၂၀၂၄ ခုႏွစ္မွာ ဂန္းနားေတြထက္ ပြဲ ၂ ဆေလာက္ ပိုကစားခဲ့ရတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ေပမယ့္လည္း အဂၤါေန႔ညမွာေတာ့ ပြဲပမ္းမႈက အဓိကအခန္းက႑ကေန မ်ားမ်ားစားစား ပါဝင္ဖြယ္မရွိပါဘူး။ အိမ္ရွင္ေတြဟာ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ အဓိကကစားသမားအမ်ားအျပား မပါဘဲ ကစားသြားရမွာျဖစ္ေပမယ့္ ဂစ္ဘ္စ္-ဝႈိက္လိုမ်ိဳး ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမားျပန္ပါလာႏိုင္လို႔ အားတက္စရာျဖစ္ေနပါတယ္။ အာဆင္နယ္ဟာ စီးတီးဂေရာင္းမွာ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့လို႔ ၿပီးခဲ့တဲ့ရာသီ ဆုဖလားေမွ်ာ္လင့္ခ်က္ဟာ အဆုံးသတ္ခဲ့ရတာျဖစ္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ပိုမိုေကာင္းမြန္တဲ့ ျပင္ဆင္မႈေတြနဲ႔ အႏိုင္ကစားသြားမွာျဖစ္ပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(ေနာ္တင္ဟမ္ေဖာရက္စ္ ၁-၂ အာဆင္နယ္)
ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ေနာ္တင္ဟမ္ေဖာရက္စ္ ၁-၂ အာဆင္နယ္)

Arsenal Myanmar

Ref: Internet