ဝုဗ်ကို အနိုင်ရခဲ့ပေမယ့် အသင်းဖော်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တဲ့ ဂါဘရီယဲလ် 1024 683 coyg

ဝုဗ်ကို အနိုင်ရခဲ့ပေမယ့် အသင်းဖော်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တဲ့ ဂါဘရီယဲလ်

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်က စနေနေ့ညက ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော်တစ်ယောက်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဂယ်ရီ အိုနေးလ်ရဲ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကုန်ထုတ်မကန်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဝုဗ်ဟာ ပက်ဒရို နီတိုအပါအဝင် အဓိကကစားသမားတွေ မပါနိုင်တာကြောင့် အားနည်းနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေက ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုအချို့ကို ပြသခဲ့ကြပေမယ့် ထရော့ဆာ့ဒ်နဲ့ အော်ဒီဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင် ၃ မှတ်နဲ့ ဇယားထိပ်ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ အဝေးကွင်း ၆ ပွဲဆက်တိုက် ပေးဂိုးမရှိ စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ခံစစ်ကစားပုံကောင်းကို ပြသနိုင်ခဲ့ပေမယ့်လည်း ၇၉ မိနစ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်အတွက် ဒေါသထွက်စရာကိစ္စတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်ရဲ့ ထိုးဖောက်ဖို့ ခက်ခဲတဲ့ ခံစစ်အတွဲမှာ မကြာခဏ ချီးကျူးခံခဲ့ရသူဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဂါဘရီယဲလ်က အကောင်းဆုံးပုံစံ ပြသခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က ၁-၀ နဲ့ ဦးဆောင်နေချိန် ပွဲပြီးဖို့ ၁၀ မိနစ်လောက်အလိုမှာ ဂါဘရီယဲလ်က အိတ်-နူရီရဲ့ တဟုန်ထိုးပြေးလွှားမှုကို မာတီနယ်လီရော ကိုင်ဟာဗတ်ဇ်ပါ မထိန်းနိုင်ခဲ့တာကြောင့် မပျော်မရွှင်ဖြစ်ခဲ့ပါတယ်။ ဝုဗ်နောက်ခံတောင်ပံကစားသမားဟာ အာဆင်နယ်ကစားသမားတစ်ဦးနဲ့အထက်ကို ဖြတ်ကျော်ပြေးလွှားနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဂါဘရီယဲလ်နဲ့ တွေ့မှပဲ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်နောက်ခံလူဟာ ဟာဗတ်ဇ်ကို သူ့ရဲ့ ခံစားချက်ကို သိအောင် ကျယ်ကျယ်လောင်လောင်ပဲ အော်ဟစ်နေခဲ့တာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်ကလည်း အပျင်းကြီးမနေဘဲ ခံစစ်ပိုင်းကို ကူပေးခဲ့ပေမယ့်လည်း နူရီ ပြေးတက်လာတာကို မဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ် ဂျော်နသန် ဂျူရက်ကိုက အဲဒီအခိုက်အတန့်နဲ့ပတ်သက်ပြီး “ဂါဘရီယဲလ်က သူ့အသင်းဖော်တွေထဲက တစ်ယောက်ကို အော်ဟစ်ခဲ့တယ်။ သူ့ဆီ အိတ်-နူရီ ပြေးလာတာကို ခွင့်ပြုခဲ့တဲ့တစ်ယောက်ကိုပေါ့။ ခင်ဗျားက ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ အဆင့်အတန်းသတ်မှတ်ချက်ကတော့ မြင့်မားနေမှာပဲ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ေနာက္ခံလူ ဂါဘရီယဲလ္ မာဂါလိုင္စ္က စေနေန႔ညက ဝုဗ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း အသင္းေဖာ္တစ္ေယာက္ကို ေတာ္ေတာ္ေလး စိတ္ပ်က္ေဒါသထြက္ခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ဂယ္ရီ အိုေနးလ္ရဲ႕အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေျခကုန္ထုတ္မကန္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အေရးႀကီးတဲ့ ႏိုင္ပြဲတစ္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဝုဗ္ဟာ ပက္ဒ႐ို နီတိုအပါအဝင္ အဓိကကစားသမားေတြ မပါႏိုင္တာေၾကာင့္ အားနည္းေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေတြက ခက္ခဲတဲ့ ရက္သတၱပတ္ကို ျဖတ္သန္းခဲ့ရၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ေမာပန္းႏြမ္းနယ္မႈအခ်ိဳ႕ကို ျပသခဲ့ၾကေပမယ့္ ထေရာ့ဆာ့ဒ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ ၃ မွတ္နဲ႔ ဇယားထိပ္ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ အေဝးကြင္း ၆ ပြဲဆက္တိုက္ ေပးဂိုးမရွိ စံခ်ိန္ကို ထိန္းသိမ္းႏိုင္ခဲ့တဲ့ ခံစစ္ကစားပုံေကာင္းကို ျပသႏိုင္ခဲ့ေပမယ့္လည္း ၇၉ မိနစ္မွာ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယဲလ္အတြက္ ေဒါသထြက္စရာကိစၥတစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။ ဝီလီယံ ဆာလီဘာဟာ အာဆင္နယ္ရဲ႕ ထိုးေဖာက္ဖို႔ ခက္ခဲတဲ့ ခံစစ္အတြဲမွာ မၾကာခဏ ခ်ီးက်ဴးခံခဲ့ရသူျဖစ္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဂါဘရီယဲလ္က အေကာင္းဆုံးပုံစံ ျပသခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္က ၁-၀ နဲ႔ ဦးေဆာင္ေနခ်ိန္ ပြဲၿပီးဖို႔ ၁၀ မိနစ္ေလာက္အလိုမွာ ဂါဘရီယဲလ္က အိတ္-ႏူရီရဲ႕ တဟုန္ထိုးေျပးလႊားမႈကို မာတီနယ္လီေရာ ကိုင္ဟာဗတ္ဇ္ပါ မထိန္းႏိုင္ခဲ့တာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ပါတယ္။ ဝုဗ္ေနာက္ခံေတာင္ပံကစားသမားဟာ အာဆင္နယ္ကစားသမားတစ္ဦးနဲ႔အထက္ကို ျဖတ္ေက်ာ္ေျပးလႊားႏိုင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဂါဘရီယဲလ္နဲ႔ ေတြ႕မွပဲ ရပ္တန႔္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ေနာက္ခံလူဟာ ဟာဗတ္ဇ္ကို သူ႔ရဲ႕ ခံစားခ်က္ကို သိေအာင္ က်ယ္က်ယ္ေလာင္ေလာင္ပဲ ေအာ္ဟစ္ေနခဲ့တာျဖစ္ၿပီး ဂ်ာမန္ၾကယ္ပြင့္ကလည္း အပ်င္းႀကီးမေနဘဲ ခံစစ္ပိုင္းကို ကူေပးခဲ့ေပမယ့္လည္း ႏူရီ ေျပးတက္လာတာကို မဖမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာနယ္လစ္ ေဂ်ာ္နသန္ ဂ်ဴရက္ကိုက အဲဒီအခိုက္အတန႔္နဲ႔ပတ္သက္ၿပီး “ဂါဘရီယဲလ္က သူ႔အသင္းေဖာ္ေတြထဲက တစ္ေယာက္ကို ေအာ္ဟစ္ခဲ့တယ္။ သူ႔ဆီ အိတ္-ႏူရီ ေျပးလာတာကို ခြင့္ျပဳခဲ့တဲ့တစ္ေယာက္ကိုေပါ့။ ခင္ဗ်ားက ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့အခ်ိန္မွာ အဆင့္အတန္းသတ္မွတ္ခ်က္ကေတာ့ ျမင့္မားေနမွာပဲ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet