ဝက်စ်ဟမ်းနဲ့ပွဲအပြီး ကစားသမား ၂ ဦးကို ပစ်မှတ်ထားဖို့ တောင်းဆိုခံခဲ့ရတဲ့ အာဆင်နယ် 1024 576 coyg

ဝက်စ်ဟမ်းနဲ့ပွဲအပြီး ကစားသမား ၂ ဦးကို ပစ်မှတ်ထားဖို့ တောင်းဆိုခံခဲ့ရတဲ့ အာဆင်နယ်

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်း အိုဝင် ဟားဂရိဗ်ဟာ အာဆင်နယ်အနေနဲ့ ကြာသပတေးနေ့ညက အမ်းမရိတ်စ်မှာ ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူးတစ်ဦးနဲ့ ဘယ်နောက်ခံကစားသမားတစ်ဦးကို ပစ်မှတ်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ဆူးချက်နဲ့ နောက်ခံကစားသမားဟောင်း မက်ဗရိုပါးနော့စ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပွဲကစားချိန် အများစုကို ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးထားနိုင်ခဲ့ပြီး ပြိုင်ဘက်ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးထိတွေ့မှု ၇၇ ကြိမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အများဆုံးစံချိန်တင်နိုင်ခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဒုတိယပိုင်းမှာ ရခဲ့တဲ့ အကောင်းဆုံးအခွင့်အရေးကို ဂါဘရီယဲလ် ဂျေးဇုက လွဲချော်ခဲ့ပြီး အနီးကပ် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ်စ်က အာတီတာအနေနဲ့ လက်ရှိမှာ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ထိုးဖောက်နိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုအားကောင်းတဲ့ တိုက်စစ်မှူးမျိုး ခေါ်ယူဖို့ လိုအပ်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အာဆင်နယ်လူစာရင်းထဲမှာ ရှိနေတဲ့ ကစားသမားတိုင်းက လှပတဲ့ ဘောလုံးသမားတွေပါပဲ။ ခင်ဗျားသိလား။ ကွာခြားချက်က ဂိုးသွင်းယူသူတွေဟာ တစ်ခါတလေ တကယ်ကောင်းတဲ့ ကစားသမားတွေမဟုတ်ပါဘူး။ ခင်ဗျား ဟာလန်းကို နည်းစနစ်ပိုင်း အရမ်းထူးချွန်တဲ့ ကစားသမားလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူက အရမ်းကောင်းတဲ့ အဆုံးသတ်သူပါ။ အခု အာဆင်နယ်မှာ ဒီလိုမျိုး အရမ်းကောင်းတဲ့ ကစားသမားတွေအများကြီးရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ လိုအပ်တာက ဂိုးပေါက်ထဲကို ဘောလုံး ကန်သွင်းပေးမယ့်သူပဲ။ ပင်နယ်တီဧရိယာထဲမှာ ရှိနေရမှာဖြစ်ပြီး ဂျေးဇုနောက်ဆုံးရခဲ့တဲ့ အခွင့်အရေးဆိုရင် သူ ဂိုးသွင်းယူနိုင်ခဲ့ရမှာပါ။ သူ ဂိုးသွင်းယူခဲ့ရမှာပါ။ သူက တခြားဖက်ကို ခေါင်းတိုက်ချပေးဖို့ လုပ်နေခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက ဟာလန်း ဒါမှမဟုတ် လီဝန်ဒေါစကီးတို့လို ကောင်မျိုးတွေသာဆိုရင် တော်တော်လေး လွယ်လွယ်နဲ့ အဆုံးသတ်သွားမယ့်အခွင့်အရေးမျိုးပါ”

“အာတီတာ ပွဲကို ပြန်ကြည့်တဲ့အခါကျရင် ဘောလုံးပိုင်ဆိုင်မှုက ၇၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု အကြိမ် ၃၀ ရှိတယ်။ သူတို့တွေ ဒီပွဲကနေ တစ်ခုခုရဖို့ လုံလောက်တာထက်တောင် ပိုပြီးတော့ လုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒါကို ကြည့်ခြင်းအားဖြင့် ခင်ဗျားမှာ အခု မတူညီတဲ့ ရွေးချယ်စရာလိုအပ်နေပြီလို့ ကျွန်တော် ထင်တယ်။ ပြိုင်ဘက်အသင်းက ခံစစ်မှာ အထိုင်ချပြီး ပိတ်ဆော့နေတဲ့အချိန်မှာ ထိုးဖောက်ဝင်ပြီး ခေါင်းတိုက်နိုင်မယ့် လူကောင်ပိုကြီးတဲ့သူမျိုးပေါ့။ သူတို့တွေရဲ့ အကြီးမားဆုံးအခွင့်အရေးတွေက ခေါင်းတိုက်ဘောတွေကနေ လာတာပါ။ ခင်ဗျားမှာ ၅ ပေ ၉ လက်မ၊ ၅ ပေ ၁၀ လက်မလောက်ပဲ ရှိတဲ့သူတွေနဲ့ မရပါဘူး။ တစ်ခါတလေ ခင်ဗျားမှာ အဓိကဗဟိုချက်ရှိဖို့လိုတယ်။ သူတို့တွေ ဟာဗတ်ဇ်ကို ဆုံးရှုံးခဲ့တယ်။ သူသာဆိုရင် အဲဒီခေါင်းတိုက်ဘောတွေထဲက အချို့ကို တိုက်ဖို့ ပင်နယ်တီဧရိယာထဲမှာ ရှိနေခဲ့ပါလိမ့်မယ်”

“ကျွန်တော် တကယ်တွေးမိခဲ့တာက ဒီကလန် ရိုက်က တကယ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူက အာဆင်နယ်ရှပ်နဲ့ အမှားလုပ်ခဲတဲ့ ကစားသမားပါ။ ဆက်ပြီးတော့ တွန်းအားပေးနိုင်ဖို့ဆိုရင် ဒီကလန် ရိုက်လိုမျိုး စိတ်ဓာတ်ရှိတဲ့သူတွေ ပိုပြီး လိုအပ်ပါတယ်။ သူတို့တွေမှာ အရမ်းကောင်းတဲ့ ကစားသမားတွေ အများကြီးရှိတယ်လို့ ကျွန်တော် ခံစားရပေမယ့် သူတို့တွေ နောက်ထပ် အထောင်တိုက်စစ်မှူးနဲ့ ဘယ်နောက်ခံလူ တစ်ဦးစီလိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ သူတို့တွေ ဒီကလန် ရိုက်လိုမျိုး ကစားသမားတွေ အများကြီးရှိရင် ဆုဖလားအတွက် တွန်းအားပေးနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း အိုဝင္ ဟားဂရိဗ္ဟာ အာဆင္နယ္အေနနဲ႔ ၾကာသပေတးေန႔ညက အမ္းမရိတ္စ္မွာ ဝက္စ္ဟမ္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ တိုက္စစ္မႉးတစ္ဦးနဲ႔ ဘယ္ေနာက္ခံကစားသမားတစ္ဦးကို ပစ္မွတ္ထားဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ႕အသင္းဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ ဆူးခ်က္နဲ႔ ေနာက္ခံကစားသမားေဟာင္း မက္ဗ႐ိုပါးေနာ့စ္တို႔ရဲ႕ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပြဲကစားခ်ိန္ အမ်ားစုကို ေဘာလုံးပိုင္ဆိုင္မႈ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ပင္နယ္တီ ဧရိယာထဲမွာ ေဘာလုံးထိေတြ႕မႈ ၇၇ ႀကိမ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း အမ်ားဆုံးစံခ်ိန္တင္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ဒုတိယပိုင္းမွာ ရခဲ့တဲ့ အေကာင္းဆုံးအခြင့္အေရးကို ဂါဘရီယဲလ္ ေဂ်းဇုက လြဲေခ်ာ္ခဲ့ၿပီး အနီးကပ္ အပိုင္ ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း အိုဝင္ ဟားဂရိဗ္စ္က အာတီတာအေနနဲ႔ လက္ရွိမွာ ၿပိဳင္ဘက္ခံစစ္ကစားသမားေတြကို ထိုးေဖာက္ႏိုင္မယ့္ ႐ုပ္ပိုင္းဆိုင္ရာ ပိုမိုအားေကာင္းတဲ့ တိုက္စစ္မႉးမ်ိဳး ေခၚယူဖို႔ လိုအပ္ေနၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္လူစာရင္းထဲမွာ ရွိေနတဲ့ ကစားသမားတိုင္းက လွပတဲ့ ေဘာလုံးသမားေတြပါပဲ။ ခင္ဗ်ားသိလား။ ကြာျခားခ်က္က ဂိုးသြင္းယူသူေတြဟာ တစ္ခါတေလ တကယ္ေကာင္းတဲ့ ကစားသမားေတြမဟုတ္ပါဘူး။ ခင္ဗ်ား ဟာလန္းကို နည္းစနစ္ပိုင္း အရမ္းထူးခြၽန္တဲ့ ကစားသမားလို႔ ေျပာလို႔မရပါဘူး။ ဒါေပမယ့္ သူက အရမ္းေကာင္းတဲ့ အဆုံးသတ္သူပါ။ အခု အာဆင္နယ္မွာ ဒီလိုမ်ိဳး အရမ္းေကာင္းတဲ့ ကစားသမားေတြအမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ လိုအပ္တာက ဂိုးေပါက္ထဲကို ေဘာလုံး ကန္သြင္းေပးမယ့္သူပဲ။ ပင္နယ္တီဧရိယာထဲမွာ ရွိေနရမွာျဖစ္ၿပီး ေဂ်းဇုေနာက္ဆုံးရခဲ့တဲ့ အခြင့္အေရးဆိုရင္ သူ ဂိုးသြင္းယူႏိုင္ခဲ့ရမွာပါ။ သူ ဂိုးသြင္းယူခဲ့ရမွာပါ။ သူက တျခားဖက္ကို ေခါင္းတိုက္ခ်ေပးဖို႔ လုပ္ေနခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက ဟာလန္း ဒါမွမဟုတ္ လီဝန္ေဒါစကီးတို႔လို ေကာင္မ်ိဳးေတြသာဆိုရင္ ေတာ္ေတာ္ေလး လြယ္လြယ္နဲ႔ အဆုံးသတ္သြားမယ့္အခြင့္အေရးမ်ိဳးပါ”

“အာတီတာ ပြဲကို ျပန္ၾကည့္တဲ့အခါက်ရင္ ေဘာလုံးပိုင္ဆိုင္မႈက ၇၄ ရာခိုင္ႏႈန္း၊ ဂိုးကန္သြင္းမႈ အႀကိမ္ ၃၀ ရွိတယ္။ သူတို႔ေတြ ဒီပြဲကေန တစ္ခုခုရဖို႔ လုံေလာက္တာထက္ေတာင္ ပိုၿပီးေတာ့ လုပ္ခဲ့တယ္။ ဒါေပမယ့္ အဲဒါကို ၾကည့္ျခင္းအားျဖင့္ ခင္ဗ်ားမွာ အခု မတူညီတဲ့ ေ႐ြးခ်ယ္စရာလိုအပ္ေနၿပီလို႔ ကြၽန္ေတာ္ ထင္တယ္။ ၿပိဳင္ဘက္အသင္းက ခံစစ္မွာ အထိုင္ခ်ၿပီး ပိတ္ေဆာ့ေနတဲ့အခ်ိန္မွာ ထိုးေဖာက္ဝင္ၿပီး ေခါင္းတိုက္ႏိုင္မယ့္ လူေကာင္ပိုႀကီးတဲ့သူမ်ိဳးေပါ့။ သူတို႔ေတြရဲ႕ အႀကီးမားဆုံးအခြင့္အေရးေတြက ေခါင္းတိုက္ေဘာေတြကေန လာတာပါ။ ခင္ဗ်ားမွာ ၅ ေပ ၉ လက္မ၊ ၅ ေပ ၁၀ လက္မေလာက္ပဲ ရွိတဲ့သူေတြနဲ႔ မရပါဘူး။ တစ္ခါတေလ ခင္ဗ်ားမွာ အဓိကဗဟိုခ်က္ရွိဖို႔လိုတယ္။ သူတို႔ေတြ ဟာဗတ္ဇ္ကို ဆုံးရႈံးခဲ့တယ္။ သူသာဆိုရင္ အဲဒီေခါင္းတိုက္ေဘာေတြထဲက အခ်ိဳ႕ကို တိုက္ဖို႔ ပင္နယ္တီဧရိယာထဲမွာ ရွိေနခဲ့ပါလိမ့္မယ္”

“ကြၽန္ေတာ္ တကယ္ေတြးမိခဲ့တာက ဒီကလန္ ႐ိုက္က တကယ္ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ သူက အာဆင္နယ္ရွပ္နဲ႔ အမွားလုပ္ခဲတဲ့ ကစားသမားပါ။ ဆက္ၿပီးေတာ့ တြန္းအားေပးႏိုင္ဖို႔ဆိုရင္ ဒီကလန္ ႐ိုက္လိုမ်ိဳး စိတ္ဓာတ္ရွိတဲ့သူေတြ ပိုၿပီး လိုအပ္ပါတယ္။ သူတို႔ေတြမွာ အရမ္းေကာင္းတဲ့ ကစားသမားေတြ အမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ခံစားရေပမယ့္ သူတို႔ေတြ ေနာက္ထပ္ အေထာင္တိုက္စစ္မႉးနဲ႔ ဘယ္ေနာက္ခံလူ တစ္ဦးစီလိုအပ္ေနတာ ျဖစ္ႏိုင္ပါတယ္။ သူတို႔ေတြ ဒီကလန္ ႐ိုက္လိုမ်ိဳး ကစားသမားေတြ အမ်ားႀကီးရွိရင္ ဆုဖလားအတြက္ တြန္းအားေပးႏိုင္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet