ဝက်စ်ဟမ်းနဲ့ပွဲအတွက် အကောင်းဆုံးဒဏ်ရာပြဿနာအခင်းအကျင်းကို ရခဲ့တဲ့ အာတီတာ 810 539 coyg

ဝက်စ်ဟမ်းနဲ့ပွဲအတွက် အကောင်းဆုံးဒဏ်ရာပြဿနာအခင်းအကျင်းကို ရခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ လာမယ့် ကြာသပတေးနေ့ည ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ မလုပ်ဘဲ ပွဲထွက်လာနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ခရစ္စမတ်မတိုင်ခင် အန်းဖီးမှာ လီဗာပူးလ်ဆီကနေ အဖိုးတန် သရေ ၁ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အာဆင်နယ်ဟာ အခြား ဆုဖလားပြိုင်ဘက်အချို့နဲ့မတူဘဲ ကံကောင်းခဲ့တာက ကြီးမားတဲ့ ဒဏ်ရာပြဿနာ ထိုးနှက်ချက်တွေရဲ့ အကျိုးသက်ရောက်မှု မခံခဲ့ရတာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ မက္ကယ်လစ္စတာ မပါဘဲ ကစားနေရတာ တစ်လနီးနီးရှိပြီဖြစ်သလို ဂျိုရယ် မာတစ်ကလည်း ရာသီကုန်အထိ အနားယူရမှာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ ထိခိုက်မိခဲ့မှုကြောင့် မရှိမယ့်ရှိမယ့် ဘယ်နောက်ခံလူ ဆီမီကတ်စ်လည်း အချိန်အတော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကိုကြည့်ရင်လည်း ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်း မပါဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကို ဖြတ်သန်းခဲ့ရပြီး ရိုဒရီကလည်း ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ဘယ်လောက်နားရမလဲဆိုတာ စိုးရိမ်နေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်းမရိတ်စ်မှာတော့ သိသိသာသာ စိုးရိမ်ပူပင်ရမယ့် ဒဏ်ရာပြဿနာမျိုးမရှိခဲ့တာဖြစ်ပြီး ဂျော်ဂျင်ညိုရော မိုဟာမက် အယ်လ်နန်နီပါ ဒီဇင်ဘာလထဲမှာ အသေးစားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။

အီဂျစ်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်လူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို အီတလီဝါရင့်ကွင်းလယ်လူကလည်း ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက လီဗာပူးလ်နဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဒီကွင်းလယ်ကစားသမား ၂ ဦးစလုံးဟာ အန်းဖီးကို သွားရောက်မယ့် လူစာရင်းထဲ ပြန်လည်ပါဝင်လာမယ်လို့ သဲလွန်စပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက ဂျော်ဂျင်ညိုနဲ့ အယ်လ်နန်နီတို့ ၂ ဦးစလုံးကို လူစားဝင်ကစားသမားအဖြစ် အသုံးမပြုခဲ့ဘဲ ထရော့ဆာ့ဒ်နဲ့ အန်ကီးတီးယားတို့သာ ဂျေးဇုနဲ့ မာတီနယ်လီတို့ နေရာမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့် ၂ ဦးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲစဉ်မှာတော့ အာတီတာက နည်းဗျူဟာအပြောင်းအလဲကြောင့်သာ လူစားလဲခဲ့တာဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် ဂန်းနားတွေဟာ လက်ရှိအချိန်အထိ ဘာဒဏ်ရာပြဿနာအသစ်တစ်ခုမှ မရှိခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုင် ဟာဗတ်ဇ်ကတော့ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲကို အဝါကတ် ၅ ကတ်ပြည့်သွားလို့ လွဲချော်မှာဖြစ်ပြီး နောက်ထပ် အဝါကတ် ၅ ကတ်ပြည့်တော့မယ့်သူက ဘန် ဝှိုက်ဖြစ်ပါတယ်။ ဘန် ဝှိုက်သာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အဝါထိသွားခဲ့ရင် တိုမိယဆု၊ တင်းဘား၊ ပါတေးတို့ အားလုံး ဒဏ်ရာရနေတာကြောင့် ညာနောက်ခံနေရာအတွက် လူမရှိတော့မှာဖြစ်တာကြောင့် အာတီတာအတွက် ခေါင်းကိုက်စရာဖြစ်လာနိုင်ပါတယ်။

တိုမိယဆုက ဒီလအစောပိုင်း ဝုလ်ဗ်စ်နဲ့ ပွဲမှာ ကြွက်သားဒဏ်ရာရခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းမှာ ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ပါတေးလည်း ဂျပန်နောက်ခံလူနည်းတူ ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီး မကြာသေးမီ ဂျင်မှာ တစ်ဦးချင်းလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာနောက်ဆုံးပြောခဲ့တဲ့ မှတ်ချက်အရ ပါတေးဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အပြီးသတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် မကြာမီအချိန်အတွင်းတော့ ပြန်လည်ကစားပေးဖွယ်မရှိပါဘူး။

Arsenal Myanmar

Ref: Internet

ZAWGYI: မီေခးလ္ အာတီတာဟာ လာမယ့္ ၾကာသပေတးေန႔ည ဝက္စ္ဟမ္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းကို အေျပာင္းအလဲ မလုပ္ဘဲ ပြဲထြက္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ခရစၥမတ္မတိုင္ခင္ အန္းဖီးမွာ လီဗာပူးလ္ဆီကေန အဖိုးတန္ သေရ ၁ မွတ္ကို ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အာဆင္နယ္ဟာ အျခား ဆုဖလားၿပိဳင္ဘက္အခ်ိဳ႕နဲ႔မတူဘဲ ကံေကာင္းခဲ့တာက ႀကီးမားတဲ့ ဒဏ္ရာျပႆနာ ထိုးႏွက္ခ်က္ေတြရဲ႕ အက်ိဳးသက္ေရာက္မႈ မခံခဲ့ရတာ ျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ မကၠယ္လစၥတာ မပါဘဲ ကစားေနရတာ တစ္လနီးနီးရွိၿပီျဖစ္သလို ဂ်ိဳရယ္ မာတစ္ကလည္း ရာသီကုန္အထိ အနားယူရမွာျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္ ဆာကာနဲ႔ ထိခိုက္မိခဲ့မႈေၾကာင့္ မရွိမယ့္ရွိမယ့္ ဘယ္ေနာက္ခံလူ ဆီမီကတ္စ္လည္း အခ်ိန္အေတာ္ၾကာ အနားယူရေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကိုၾကည့္ရင္လည္း ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္း မပါဘဲ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကို ျဖတ္သန္းခဲ့ရၿပီး ႐ိုဒရီကလည္း ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ရခဲ့တဲ့ဒဏ္ရာေၾကာင့္ ဘယ္ေလာက္နားရမလဲဆိုတာ စိုးရိမ္ေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္းမရိတ္စ္မွာေတာ့ သိသိသာသာ စိုးရိမ္ပူပင္ရမယ့္ ဒဏ္ရာျပႆနာမ်ိဳးမရွိခဲ့တာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳေရာ မိုဟာမက္ အယ္လ္နန္နီပါ ဒီဇင္ဘာလထဲမွာ အေသးစားဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ပါတယ္။

အီဂ်စ္ကြင္းလယ္ကစားသမားဟာ အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္လူစာရင္းကေန ႏုတ္ထြက္ခဲ့ရသလို အီတလီဝါရင့္ကြင္းလယ္လူကလည္း ဘ႐ိုက္တန္ကို အႏိုင္ရခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာက လီဗာပူးလ္နဲ႔ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဒီကြင္းလယ္ကစားသမား ၂ ဦးစလုံးဟာ အန္းဖီးကို သြားေရာက္မယ့္ လူစာရင္းထဲ ျပန္လည္ပါဝင္လာမယ္လို႔ သဲလြန္စေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာက ေဂ်ာ္ဂ်င္ညိဳနဲ႔ အယ္လ္နန္နီတို႔ ၂ ဦးစလုံးကို လူစားဝင္ကစားသမားအျဖစ္ အသုံးမျပဳခဲ့ဘဲ ထေရာ့ဆာ့ဒ္နဲ႔ အန္ကီးတီးယားတို႔သာ ေဂ်းဇုနဲ႔ မာတီနယ္လီတို႔ ေနရာမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ ၂ ဦးဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း လီဗာပူးလ္နဲ႔ပြဲစဥ္မွာေတာ့ အာတီတာက နည္းဗ်ဴဟာအေျပာင္းအလဲေၾကာင့္သာ လူစားလဲခဲ့တာျဖစ္တဲ့အတြက္ ေျပာရမယ္ဆိုရင္ ဂန္းနားေတြဟာ လက္ရွိအခ်ိန္အထိ ဘာဒဏ္ရာျပႆနာအသစ္တစ္ခုမွ မရွိခဲ့ဘူးဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုင္ ဟာဗတ္ဇ္ကေတာ့ ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ပြဲကို အဝါကတ္ ၅ ကတ္ျပည့္သြားလို႔ လြဲေခ်ာ္မွာျဖစ္ၿပီး ေနာက္ထပ္ အဝါကတ္ ၅ ကတ္ျပည့္ေတာ့မယ့္သူက ဘန္ ဝႈိက္ျဖစ္ပါတယ္။ ဘန္ ဝႈိက္သာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အဝါထိသြားခဲ့ရင္ တိုမိယဆု၊ တင္းဘား၊ ပါေတးတို႔ အားလုံး ဒဏ္ရာရေနတာေၾကာင့္ ညာေနာက္ခံေနရာအတြက္ လူမရွိေတာ့မွာျဖစ္တာေၾကာင့္ အာတီတာအတြက္ ေခါင္းကိုက္စရာျဖစ္လာႏိုင္ပါတယ္။

တိုမိယဆုက ဒီလအေစာပိုင္း ဝုလ္ဗ္စ္နဲ႔ ပြဲမွာ ႂကြက္သားဒဏ္ရာရခဲ့ၿပီး ၂၀၂၄ ခုႏွစ္အေစာပိုင္းမွာ ျပန္လည္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ပါေတးလည္း ဂ်ပန္ေနာက္ခံလူနည္းတူ ျပန္လည္ကစားေပးႏိုင္ဖို႔ နီးစပ္ေနၿပီး မၾကာေသးမီ ဂ်င္မွာ တစ္ဦးခ်င္းေလ့က်င့္ခန္းေတြ လုပ္ေဆာင္ေနတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာေနာက္ဆုံးေျပာခဲ့တဲ့ မွတ္ခ်က္အရ ပါေတးဟာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို အၿပီးသတ္ဖို႔ လုပ္ေဆာင္ေနဆဲျဖစ္တာေၾကာင့္ မၾကာမီအခ်ိန္အတြင္းေတာ့ ျပန္လည္ကစားေပးဖြယ္မရွိပါဘူး။

Arsenal Myanmar

Ref: Internet