လွန်းစ်နဲ့ပွဲမတိုင်ခင် သတင်းဆိုးကို အာတီတာ အတည်ပြုခဲ့ပြီး ပွဲထွက်လူစာရင်းကို အရိပ်အမြွက်ပြခဲ့တဲ့ ဂန်းနားကြယ်ပွင့် 1024 726 coyg

လွန်းစ်နဲ့ပွဲမတိုင်ခင် သတင်းဆိုးကို အာတီတာ အတည်ပြုခဲ့ပြီး ပွဲထွက်လူစာရင်းကို အရိပ်အမြွက်ပြခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်နည်းပြ အာတီတာဟာ ယနေ့ည အာစီ လွန်းစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဖေဘီယို ဗီယာရာဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်နည်းပြက တနင်္လာနေ့မှာ ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး လွန်းစ်နဲ့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောပြခဲ့တာဖြစ်ပြီး ဂျာနယ်လစ်တွေက ဗီယာရာကို လေ့ကျင့်ရေးမှာ မတွေ့ရဘူးလို့ အင်္ဂါနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပြီးနောက် အာတီတာက ပေါ်တူဂီကြယ်ပွင့်က အချိန်တစ်ခုအထိ အနားယူရမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ သူနဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်။ သူက သက်တောင့်သက်သာမရှိဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ သူနဲ့ ရှေးရိုးဆန်တဲ့ ကုသမှုအချို့ ပြုလုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါက မတိုးတက်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို အထူးကုတွေဆီ လွှတ်ပြီး ပေါင်ခြံကို ခွဲစိတ်ရမယ်လို့ အကြံပေးခံခဲ့ရပါတယ်။ ကျွန်တော်တို့ အဲဒါကို မနေ့က လုပ်ခဲ့ပြီး သူ အခုဆိုရင် ရက်သတ္တပတ်အတော်ကြာ လွဲချော်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ”

သတင်းထောက်တွေက ဗီယာရာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ အနားယူရနိုင်လားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “သူ အဲဒီမတိုင်ခင် ပြန်ကောင်းလာမယ်လို့ မျှော်မှန်းမထားပါဘူး။ သူ ဘယ်လိုတိုးတက်လာမလဲဆိုတာ ကြည့်တာပေါ့။ လုပ်စရာရှိတဲ့အလုပ်က မနေ့က ပြီးသွားတယ်။ အဲဒီတော့ ကျွန်တော်တို့ စောင့်ကြည့်တာပေါ့။ အဲဒါက ရက်သတ္တပတ်တွေတော့ ကြာလိမ့်မယ်လို့ ထင်တယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗီယာရာဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ၁၃ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့် မရခဲ့ဘဲ အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့သတင်းမကြားရမီ ၂ ပတ်လောက်အထိ ပျောက်နေခဲ့တာဖြစ်ပါတယ်။

လွန်းစ်နဲ့ပွဲမတိုင်ခင် အာရွန် ရမ်းစ်ဒေးလ်အစား အာဆင်နယ်ပွဲထွက်လူစာရင်းထဲကို ပြန်ပါလာမှာဖြစ်တဲ့အကြောင်း ဒေးဗစ် ရာယာက ၎င်းရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို အရိပ်အမြွက်ပြခဲ့ပါတယ်။

စပိန်ဂိုးသမားဟာ လွန်းစ်နဲ့ပွဲကြို ဂရပ်ဖစ်ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပြီး များသောအားဖြင့် ပွဲမှာ ပါဝင်ကစားပေးရမယ့်ကစားသမားကသာ ဒီလိုပုံကို တင်လေ့ရှိတာ ဖြစ်လို့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ကလင်းရှစ်တ်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ရမ်းစ်ဒေးလ် တစ်ယောက် အရန်ခုံပြန်ထိုင်ရဖွယ်ရှိပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ယေန႔ည အာစီ လြန္းစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ ေဖဘီယို ဗီယာရာဟာ ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ ရက္သတၱပတ္ေပါင္းမ်ားစြာ အနားယူရေတာ့မယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အာဆင္နယ္နည္းျပက တနလၤာေန႔မွာ ေပါင္ၿခံဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူခဲ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားနဲ႔ပတ္သက္ၿပီး လြန္းစ္နဲ႔ ပြဲမတိုင္ခင္ သတင္းေထာက္ေတြကို ေျပာျပခဲ့တာျဖစ္ၿပီး ဂ်ာနယ္လစ္ေတြက ဗီယာရာကို ေလ့က်င့္ေရးမွာ မေတြ႕ရဘူးလို႔ အဂၤါေန႔အေစာပိုင္းမွာ ေဖာ္ျပခဲ့ၿပီးေနာက္ အာတီတာက ေပၚတူဂီၾကယ္ပြင့္က အခ်ိန္တစ္ခုအထိ အနားယူရမယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ သူနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနပါတယ္။ သူက သက္ေတာင့္သက္သာမရွိျဖစ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သူနဲ႔ ေရွး႐ိုးဆန္တဲ့ ကုသမႈအခ်ိဳ႕ ျပဳလုပ္ဖို႔ ႀကိဳးစားခဲ့တယ္။ အဲဒါက မတိုးတက္ခဲ့ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို အထူးကုေတြဆီ လႊတ္ၿပီး ေပါင္ၿခံကို ခြဲစိတ္ရမယ္လို႔ အႀကံေပးခံခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို မေန႔က လုပ္ခဲ့ၿပီး သူ အခုဆိုရင္ ရက္သတၱပတ္အေတာ္ၾကာ လြဲေခ်ာ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ”

သတင္းေထာက္ေတြက ဗီယာရာအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္အထိ အနားယူရႏိုင္လားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “သူ အဲဒီမတိုင္ခင္ ျပန္ေကာင္းလာမယ္လို႔ ေမွ်ာ္မွန္းမထားပါဘူး။ သူ ဘယ္လိုတိုးတက္လာမလဲဆိုတာ ၾကည့္တာေပါ့။ လုပ္စရာရွိတဲ့အလုပ္က မေန႔က ၿပီးသြားတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္တာေပါ့။ အဲဒါက ရက္သတၱပတ္ေတြေတာ့ ၾကာလိမ့္မယ္လို႔ ထင္တယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဗီယာရာဟာ ယခုရာသီမွာ အာဆင္နယ္အတြက္ ၁၃ ပြဲပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေပၚတူဂီကြင္းလယ္ကစားသမားဟာ ဒီေနာက္ပိုင္း ပြဲစဥ္ေတြမွာ ပါဝင္ကစားခြင့္ မရခဲ့ဘဲ အဂၤါေန႔မွာ ခြဲစိတ္ကုသမႈ ခံယူခဲ့တဲ့သတင္းမၾကားရမီ ၂ ပတ္ေလာက္အထိ ေပ်ာက္ေနခဲ့တာျဖစ္ပါတယ္။

လြန္းစ္နဲ႔ပြဲမတိုင္ခင္ အာ႐ြန္ ရမ္းစ္ေဒးလ္အစား အာဆင္နယ္ပြဲထြက္လူစာရင္းထဲကို ျပန္ပါလာမွာျဖစ္တဲ့အေၾကာင္း ေဒးဗစ္ ရာယာက ၎ရဲ႕ အင္စတာဂရမ္ကေန ပရိသတ္ေတြကို အရိပ္အႁမြက္ျပခဲ့ပါတယ္။

စပိန္ဂိုးသမားဟာ လြန္းစ္နဲ႔ပြဲႀကိဳ ဂရပ္ဖစ္ဓာတ္ပုံကို အင္စတာဂရမ္မွာ တင္ထားခဲ့တာျဖစ္ၿပီး မ်ားေသာအားျဖင့္ ပြဲမွာ ပါဝင္ကစားေပးရမယ့္ကစားသမားကသာ ဒီလိုပုံကို တင္ေလ့ရွိတာ ျဖစ္လို႔ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ကလင္းရွစ္တ္ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ရမ္းစ္ေဒးလ္ တစ္ေယာက္ အရန္ခုံျပန္ထိုင္ရဖြယ္ရွိပါတယ္။

Arsenal Myanmar

Ref: Internet