လီဗာပူးလ်မှာမရှိတဲ့ ပြဿနာ ဂန်းနားတွေမှာရှိနေပြီလို့ ပြောလိုက်တဲ့ ခရစ္စ ဆပ်တန် 1024 504 coyg

လီဗာပူးလ်မှာမရှိတဲ့ ပြဿနာ ဂန်းနားတွေမှာရှိနေပြီလို့ ပြောလိုက်တဲ့ ခရစ္စ ဆပ်တန်

ခရစ္စ ဆပ်တန်ဟာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ယခုရာသီ လူစာရင်းထဲက တိုက်စစ်ရွေးချယ်စရာနဲ့ပတ်သက်ပြီး နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။

ဆပ်တန်ဟာ BBC ရဲ့ The Monday Night Club မှာ ပြောဆိုရာမှာ လီဗာပူးလ်နဲ့ နှိုင်းယှဉ်ရင် အာဆင်နယ်မှာ လက်ရှိ ရှိနေတဲ့ ပြဿနာက ဘာလဲဆိုတာကို ထောက်ပြခဲ့တာဖြစ်ပြီး ဘောလုံးဝေဖန်သူဟာ အာဆင်နယ်မှာ ရွေးချယ်စရာရှိပေမယ့်လည်း ကလော့ပ်ရဲ့အသင်းက ပိုမိုသာလွန်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အာဆင်နယ်မှာ ရှိနေတဲ့ပြဿနာက ကျွန်တော် ထင်တယ်။ အလန်ရှီးယားပြောသလိုမျိုး အန်ကီးတီးယားက ထိပ်တန်းတိုက်စစ်မှူးမဟုတ်နေတာပဲ။ အားလုံးက အာဆင်နယ်အတွက် အထောင်တိုက်စစ်နေရာမှာ နည်းနည်း ဟာကွက်ရှိနေတယ်လို့ တွေးနေကောင်း တွေးနေနိုင်တယ်လို့ ထင်ပါတယ်။ လီဗာပူးလ်မှာတော့ ကာဗာလုပ်ပေးမယ့်သူ ရှိပါတယ်။ အာတီတာက ဂျေးဇု၊ အန်ကီးတီးယားတို့ကို ကစားခိုင်းနိုင်တယ်။ သူ ထရော့ဆာ့ဒ်ကို False 9 အဖြစ် ကစားစေချင်ရင်လည်း ကစားခိုင်းနိုင်တယ်။ ဒါပေမယ့် လီဗာပူးလ်မှာ ရှိတဲ့ရွေးချယ်စရာမျိုး မရှိပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အချို့ကတော့ ဒီမှတ်ချက်ကို သဘောတူကြမှာဖြစ်ပေမယ့်လည်း ဆပ်တန်ရဲ့ စကားက နည်းနည်းတော့ ပြင်းထန်ပုံပေါ်ပြီး အခုအချိန်မှာ ဂါဘရီယဲလ် ဂျေးဇုက ဂန်းနားတွေရဲ့ ပထမဦးစားပေးအထောင်တိုက်စစ်မှူးဖြစ်ပြီး အန်းဖီးမှာ ဒါဝင် နူးညက်ဇ်က ကျောနံပါတ် ၉ အဖြစ် ကစားပေးနေတာဖြစ်ပါတယ်။

မယုံနိုင်စရာ အရည်အသွေးတွေရှိတဲ့ ကစားသမား ၂ ဦးဖြစ်ပေမယ့်လည်း ဘယ်သူက ဘယ်သူ့ထက် ပိုကောင်းလဲဆိုတာကို ပြောဖို့ ခက်မှာဖြစ်ပြီး ဆပ်တန်က ဂျိုတာနဲ့ ဂက်ခ်ပိုတို့က အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့ထက်စာရင် ကျောနံပါတ် ၉ နေရာမှာ ပိုမိုအားကောင်းတဲ့ အရန်သင့်ရွေးချယ်စရာအဖြစ် ရှိနေတာကို ဆိုလိုချင်ပုံပေါ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ခရစၥ ဆပ္တန္ဟာ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ယခုရာသီ လူစာရင္းထဲက တိုက္စစ္ေ႐ြးခ်ယ္စရာနဲ႔ပတ္သက္ၿပီး ႏႈိင္းယွဥ္ ေျပာဆိုခဲ့ပါတယ္။

ဆပ္တန္ဟာ BBC ရဲ႕ The Monday Night Club မွာ ေျပာဆိုရာမွာ လီဗာပူးလ္နဲ႔ ႏႈိင္းယွဥ္ရင္ အာဆင္နယ္မွာ လက္ရွိ ရွိေနတဲ့ ျပႆနာက ဘာလဲဆိုတာကို ေထာက္ျပခဲ့တာျဖစ္ၿပီး ေဘာလုံးေဝဖန္သူဟာ အာဆင္နယ္မွာ ေ႐ြးခ်ယ္စရာရွိေပမယ့္လည္း ကေလာ့ပ္ရဲ႕အသင္းက ပိုမိုသာလြန္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အာဆင္နယ္မွာ ရွိေနတဲ့ျပႆနာက ကြၽန္ေတာ္ ထင္တယ္။ အလန္ရွီးယားေျပာသလိုမ်ိဳး အန္ကီးတီးယားက ထိပ္တန္းတိုက္စစ္မႉးမဟုတ္ေနတာပဲ။ အားလုံးက အာဆင္နယ္အတြက္ အေထာင္တိုက္စစ္ေနရာမွာ နည္းနည္း ဟာကြက္ရွိေနတယ္လို႔ ေတြးေနေကာင္း ေတြးေနႏိုင္တယ္လို႔ ထင္ပါတယ္။ လီဗာပူးလ္မွာေတာ့ ကာဗာလုပ္ေပးမယ့္သူ ရွိပါတယ္။ အာတီတာက ေဂ်းဇု၊ အန္ကီးတီးယားတို႔ကို ကစားခိုင္းႏိုင္တယ္။ သူ ထေရာ့ဆာ့ဒ္ကို False 9 အျဖစ္ ကစားေစခ်င္ရင္လည္း ကစားခိုင္းႏိုင္တယ္။ ဒါေပမယ့္ လီဗာပူးလ္မွာ ရွိတဲ့ေ႐ြးခ်ယ္စရာမ်ိဳး မရွိပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ ဒီမွတ္ခ်က္ကို သေဘာတူၾကမွာျဖစ္ေပမယ့္လည္း ဆပ္တန္ရဲ႕ စကားက နည္းနည္းေတာ့ ျပင္းထန္ပုံေပၚၿပီး အခုအခ်ိန္မွာ ဂါဘရီယဲလ္ ေဂ်းဇုက ဂန္းနားေတြရဲ႕ ပထမဦးစားေပးအေထာင္တိုက္စစ္မႉးျဖစ္ၿပီး အန္းဖီးမွာ ဒါဝင္ ႏူးညက္ဇ္က ေက်ာနံပါတ္ ၉ အျဖစ္ ကစားေပးေနတာျဖစ္ပါတယ္။

မယုံႏိုင္စရာ အရည္အေသြးေတြရွိတဲ့ ကစားသမား ၂ ဦးျဖစ္ေပမယ့္လည္း ဘယ္သူက ဘယ္သူ႔ထက္ ပိုေကာင္းလဲဆိုတာကို ေျပာဖို႔ ခက္မွာျဖစ္ၿပီး ဆပ္တန္က ဂ်ိဳတာနဲ႔ ဂက္ခ္ပိုတို႔က အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္တို႔ထက္စာရင္ ေက်ာနံပါတ္ ၉ ေနရာမွာ ပိုမိုအားေကာင္းတဲ့ အရန္သင့္ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနတာကို ဆိုလိုခ်င္ပုံေပၚပါတယ္။

Arsenal Myanmar

Ref: Internet