လီဗာပူးလ်နဲ့ပွဲအပြီး အီယန် ရိုက်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်လိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ညက လီဗာပူးလ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလမကုန်ခင် အာဆင်နယ်ရဲ့ တိုက်စစ်မှူးအသစ်ခေါ်ယူဖို့ မျှော်လင့်ချက်ကို အံ့အားသင့်ဖွယ် အဖြေပေးခဲ့ပါတယ်။
ဂန်းနားတွေဟာ ပွဲကစားချိန် အများစုမှာ အသာစီး ရယူထားနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးခါနီးမှာ ခီဗီယောရဲ့ အုန်းဂိုး၊ လူးဝစ္စ ဒီယက်ဇ်ရဲ့ နာကျင်အချိန်ပို တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂိုးရှေ့မှာ ရွှေရောင်အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့ပြီး ရိစ် နယ်လ်ဆင်၊ မာတင် အော်ဒီဂွါဒ်နဲ့ ကိုင် ဟာဗတ်ဇ်တို့ အားလုံးဟာ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်စစ်ပိုင်းမှာ အဆုံးသတ်နိုင်စွမ်း ကင်းမဲ့နေမှုကြောင့် နောက်ထပ်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ တောင်းဆိုမှုတွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး ဂန်းနားဂန္တဝင် အီယန် ရိုက်က လီဗာပူးလ်နဲ့ပွဲအပြီးမှာ “ကျွန်တော်တို့မှာ အဆုံးသတ်သမားလိုအပ်နေပြီ”လို့ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ အာတီတာက လီဗာပူးလ်နဲ့ပွဲအပြီးမှာ ဇန်နဝါရီစျေးကွက်မပိတ်ခင် သင့်တော်တဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့က ခက်ခဲလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အခုအချိန်မှာ အဲဒါက လက်တွေ့ကျတဲ့ပုံမပေါ်ပါဘူး။ ကျွန်တော့်အလုပ်က ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမားတွေကို တိုးတက်အောင်လုပ်ဖို့ပါ။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း အာဆင်နယ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်နဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရပေမယ့်လည်း ၎င်းရဲ့ သုံးသပ်မှုအတိုင်း ဆက်လက် ပြောဆိုခဲ့ပြီး ပရိသတ်တွေကို ကစားသမားသစ်ခေါ်ယူဖို့ထက် အသင်းမှာ ရှိနေပြီးသားကစားသမားတွေကို အားပေးထောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။
“ကျွန်တော် ပရိသတ်တွေကို တောင်းဆိုချင်တာက သူတို့တွေ အသင်းနောက်မှာ ရှိနေပေးဖို့ပါ။ အသင်းနောက်ကနေ စည်းစည်းလုံးလုံးရှိနေပေးပါ။ သူတို့တွေက မယုံနိုင်လောက်အောင် ကောငး်မွန်ပါတယ်။ သူတို့တွေရဲ့ ခံယူချက်နဲ့အတူ အားပေးထောက်ခံမှုတွေက ထိုက်တန်ပါတယ်။ ကျွန်တော်တို့မှာ လိုအပ်နေတဲ့အရာတစ်ခုဖြစ်ပြီး နောက်ထပ်တစ်ခုက ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာပါ။ ကျွန်တော်တို့ လုပ်နိုင်တာက အဲဒီကစားသမားတွေနောက်မှာ တသားတည်းရှိနေဖို့နဲ့ ကစားသမားတွေနောက်မှာ စည်းစည်းလုံးလုံး ရှိနေဖို့ပါ။ ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔ညက လီဗာပူးလ္ကို အိမ္ကြင္း အမ္းမရိတ္စ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုလမကုန္ခင္ အာဆင္နယ္ရဲ႕ တိုက္စစ္မႉးအသစ္ေခၚယူဖို႔ ေမွ်ာ္လင့္ခ်က္ကို အံ့အားသင့္ဖြယ္ အေျဖေပးခဲ့ပါတယ္။
ဂန္းနားေတြဟာ ပြဲကစားခ်ိန္ အမ်ားစုမွာ အသာစီး ရယူထားႏိုင္ခဲ့ေပမယ့္လည္း ပြဲၿပီးဆုံးခါနီးမွာ ခီဗီေယာရဲ႕ အုန္းဂိုး၊ လူးဝစၥ ဒီယက္ဇ္ရဲ႕ နာက်င္အခ်ိန္ပို တန္ျပန္တိုက္စစ္ကေန သြင္းယူခဲ့တဲ့ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဂိုးေရွ႕မွာ ေ႐ႊေရာင္အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးပစ္ခဲ့ၿပီး ရိစ္ နယ္လ္ဆင္၊ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ကိုင္ ဟာဗတ္ဇ္တို႔ အားလုံးဟာ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။
တိုက္စစ္ပိုင္းမွာ အဆုံးသတ္ႏိုင္စြမ္း ကင္းမဲ့ေနမႈေၾကာင့္ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ ေတာင္းဆိုမႈေတြ ထပ္မံထြက္ေပၚလာခဲ့ၿပီး ဂန္းနားဂႏၲဝင္ အီယန္ ႐ိုက္က လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ “ကြၽန္ေတာ္တို႔မွာ အဆုံးသတ္သမားလိုအပ္ေနၿပီ”လို႔ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း နည္းျပ အာတီတာက လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ ဇန္နဝါရီေစ်းကြက္မပိတ္ခင္ သင့္ေတာ္တဲ့ ကစားသမားကို ေခၚယူႏိုင္ဖို႔က ခက္ခဲလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
“အခုအခ်ိန္မွာ အဲဒါက လက္ေတြ႕က်တဲ့ပုံမေပၚပါဘူး။ ကြၽန္ေတာ့္အလုပ္က ကြၽန္ေတာ္တို႔မွာရွိေနတဲ့ ကစားသမားေတြကို တိုးတက္ေအာင္လုပ္ဖို႔ပါ။”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
အာတီတာဟာ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာလည္း အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ေမးခြန္းထုတ္ခံခဲ့ရေပမယ့္လည္း ၎ရဲ႕ သုံးသပ္မႈအတိုင္း ဆက္လက္ ေျပာဆိုခဲ့ၿပီး ပရိသတ္ေတြကို ကစားသမားသစ္ေခၚယူဖို႔ထက္ အသင္းမွာ ရွိေနၿပီးသားကစားသမားေတြကို အားေပးေထာက္ခံဖို႔ ေတာင္းဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္ ပရိသတ္ေတြကို ေတာင္းဆိုခ်င္တာက သူတို႔ေတြ အသင္းေနာက္မွာ ရွိေနေပးဖို႔ပါ။ အသင္းေနာက္ကေန စည္းစည္းလုံးလုံးရွိေနေပးပါ။ သူတို႔ေတြက မယုံႏိုင္ေလာက္ေအာင္ ေကာငး္မြန္ပါတယ္။ သူတို႔ေတြရဲ႕ ခံယူခ်က္နဲ႔အတူ အားေပးေထာက္ခံမႈေတြက ထိုက္တန္ပါတယ္။ ကြၽန္ေတာ္တို႔မွာ လိုအပ္ေနတဲ့အရာတစ္ခုျဖစ္ၿပီး ေနာက္ထပ္တစ္ခုက ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္လဲဆိုတာပါ။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာက အဲဒီကစားသမားေတြေနာက္မွာ တသားတည္းရွိေနဖို႔နဲ႔ ကစားသမားေတြေနာက္မွာ စည္းစည္းလုံးလုံး ရွိေနဖို႔ပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News