လီဗာပူးလ်နဲ့ပွဲမတိုင်ခင် စိုးရိမ်စရာ ဒဏ်ရာသတင်းကို ပြောလာတဲ့ အာတီတာ
မီခေးလ် အာတီတာက ဂါဘရီယဲလ် ဂျေးဇုဟာ အင်္ဂါနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ပွဲစဉ်အတွင်း ဒဏ်ရာရနေလျက်နဲ့ ကစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စီးတီးဂရောင်းဟာ အာဆင်နယ်အတွက်တော့ အရင်တုန်းက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းတွေကြောင့် ပျော်စရာကောင်းတဲ့နေရာမဟုတ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ဂန်းနားတွေဟာ ဒီတစ်ကြိမ်မှာတော့ အိမ်ရှင်တွေကို ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ဂါဘရီယဲလ် ဂျေးဇုနဲ့ ဘူကာယို ဆာကာတို့က ဂိုးတွေသွင်းယူပေးခဲ့ကြပြီး ဒုတိယပိုင်းအစောပိုင်းကတည်းက ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးသွင်းယူနိုင်ခဲ့ရမှာဖြစ်ပေမယ့်လည်း ဂိုးတိုင်ထိသွားခဲ့တာဖြစ်ပါတယ်။
ယာဂန် ကလော့ပ်ရဲ့ ပုံမှန်ခြေစွမ်းရရှိနေတဲ့ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်း တိုက်ပွဲအဖြစ် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အာတီတာက အဲဒီပွဲစဉ်မှာ ဂျေးဇုကို ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေစေချင်တာဖြစ်ပါတယ်။
မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ယခုရာသီအစောပိုင်းမှာ ဒူးခွဲစိတ်မှုခံယူခဲ့ရသူဖြစ်ပြိး ယခုအပတ်အစောပိုင်း လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပထမအသင်းလူစာရင်းထဲမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ ၂ ရက်က နိုင်ပွဲရဖို့ ဂါဘီ စလုပ်ခဲ့တယ်။ သူ့ဒူးက ပြဿနာရှိနေပြီး အားလုံးကလည်း သူ့ကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြပြီး အပြင်တွေဘာတွေတောင် မသွားနဲ့လို့ ပြောကြတယ်။ ဒါပေမယ့် သူက ပွဲနေ့ အနုတ် ၂၊ ပွဲနေ့အနုတ် ၁ ဆိုပြီး သူ ကစားဖို့ ပွဲတွေလျော့လာတာကို ပြောခဲ့တယ်။ သူ အသင်းထဲမှာရှိနေပြီး နိုင်ပွဲရအောင် ကူညီပေးချင်တယ်တဲ့။ ခင်ဗျားမှာ အဲဒီလိုမျိုး စိတ်ဓာတ်မျိုးရှိတဲ့အခါမှာ ကောင်းတဲ့အရာတွေက ဖြစ်လာမှာပါ။ ကျွန်တော် သူနဲ့ပတ်သက်ပြီး တကယ် စိတ်ကျေနပ်မိပါတယ်။ ဒဏ်ရာက စိုးရိမ်ရလားဆိုရင် ကျွန်တော် မသိဘူး။ သူ နောက်ဆုံးပွဲမှာ တော်တော်လေး ထိသွားခဲ့တယ်။ သူ့ဒူးက တုံ့ပြန်ခဲ့ပြီး အဲဒါက သူ ခွဲစိတ်ခဲ့ဖူးတဲ့ ဒူးက ဖြစ်နေတာပါ။ သူက အရမ်းကို အကောင်းမြင်တတ်တဲ့သူပါ။ သူ ကောင်းမွန်နေတယ်လို့ ခံစားနေရတယ်။ သူက လေ့ကျင့်ရေးမှာလည်း အရမ်းကို ထက်မြက်တယ်။ သူ ဒီညကစားသွားတဲ့ပုံစံကို ကျွန်တော် မအံ့ဩတော့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မီေခးလ္ အာတီတာက ဂါဘရီယဲလ္ ေဂ်းဇုဟာ အဂၤါေန႔ညက ေနာ္တင္ဟမ္ ေဖာရက္စ္ကို ခက္ခက္ခဲခဲ အႏိုင္ယူခဲ့ရတဲ့ပြဲစဥ္အတြင္း ဒဏ္ရာရေနလ်က္နဲ႔ ကစားခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
စီးတီးဂေရာင္းဟာ အာဆင္နယ္အတြက္ေတာ့ အရင္တုန္းက လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ မွတ္တမ္းေတြေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ေနရာမဟုတ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနတဲ့ ဂန္းနားေတြဟာ ဒီတစ္ႀကိမ္မွာေတာ့ အိမ္ရွင္ေတြကို ၂-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အတြက္ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ ဘူကာယို ဆာကာတို႔က ဂိုးေတြသြင္းယူေပးခဲ့ၾကၿပီး ဒုတိယပိုင္းအေစာပိုင္းကတည္းက ဘရာဇီးလ္တိုက္စစ္မႉးက ဂိုးသြင္းယူႏိုင္ခဲ့ရမွာျဖစ္ေပမယ့္လည္း ဂိုးတိုင္ထိသြားခဲ့တာျဖစ္ပါတယ္။
ယာဂန္ ကေလာ့ပ္ရဲ႕ ပုံမွန္ေျခစြမ္းရရွိေနတဲ့ လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ပိုင္း တိုက္ပြဲအျဖစ္ အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အာတီတာက အဲဒီပြဲစဥ္မွာ ေဂ်းဇုကို ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနမွာ ရွိေနေစခ်င္တာျဖစ္ပါတယ္။
မန္စီးတီးၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီအေစာပိုင္းမွာ ဒူးခြဲစိတ္မႈခံယူခဲ့ရသူျဖစ္ၿပိး ယခုအပတ္အေစာပိုင္း ေလ့က်င့္ေရးမွာ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ပထမအသင္းလူစာရင္းထဲမွာ စိုးရိမ္မႈေတြ ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။
“လြန္ခဲ့တဲ့ ၂ ရက္က ႏိုင္ပြဲရဖို႔ ဂါဘီ စလုပ္ခဲ့တယ္။ သူ႔ဒူးက ျပႆနာရွိေနၿပီး အားလုံးကလည္း သူ႔ကို ကာကြယ္ဖို႔ ႀကိဳးစားခဲ့ၾကၿပီး အျပင္ေတြဘာေတြေတာင္ မသြားနဲ႔လို႔ ေျပာၾကတယ္။ ဒါေပမယ့္ သူက ပြဲေန႔ အႏုတ္ ၂၊ ပြဲေန႔အႏုတ္ ၁ ဆိုၿပီး သူ ကစားဖို႔ ပြဲေတြေလ်ာ့လာတာကို ေျပာခဲ့တယ္။ သူ အသင္းထဲမွာရွိေနၿပီး ႏိုင္ပြဲရေအာင္ ကူညီေပးခ်င္တယ္တဲ့။ ခင္ဗ်ားမွာ အဲဒီလိုမ်ိဳး စိတ္ဓာတ္မ်ိဳးရွိတဲ့အခါမွာ ေကာင္းတဲ့အရာေတြက ျဖစ္လာမွာပါ။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး တကယ္ စိတ္ေက်နပ္မိပါတယ္။ ဒဏ္ရာက စိုးရိမ္ရလားဆိုရင္ ကြၽန္ေတာ္ မသိဘူး။ သူ ေနာက္ဆုံးပြဲမွာ ေတာ္ေတာ္ေလး ထိသြားခဲ့တယ္။ သူ႔ဒူးက တုံ႔ျပန္ခဲ့ၿပီး အဲဒါက သူ ခြဲစိတ္ခဲ့ဖူးတဲ့ ဒူးက ျဖစ္ေနတာပါ။ သူက အရမ္းကို အေကာင္းျမင္တတ္တဲ့သူပါ။ သူ ေကာင္းမြန္ေနတယ္လို႔ ခံစားေနရတယ္။ သူက ေလ့က်င့္ေရးမွာလည္း အရမ္းကို ထက္ျမက္တယ္။ သူ ဒီညကစားသြားတဲ့ပုံစံကို ကြၽန္ေတာ္ မအံ့ဩေတာ့ပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News