လီဗာပူးလ်နဲ့ပွဲက အမှားကျူးလွန်ခဲ့တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦးကို ထောက်ပြခဲ့တဲ့ မာတင် ကီယွန် 644 361 coyg

လီဗာပူးလ်နဲ့ပွဲက အမှားကျူးလွန်ခဲ့တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦးကို ထောက်ပြခဲ့တဲ့ မာတင် ကီယွန်

အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမားကြီး မာတင် ကီယွန်က အာဆင်နယ်ကြယ်ပွင့် ၃ ဦးဟာ တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်မှာ လီဗာပူးလ်ရဲ့ အဖွင့်ဂိုးမှာ အပြစ်ရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးလ်ဟာ ယာကုဘ် ခီဗီယောရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးနဲ့ လူးဝစ္စ ဒီယက်ဇ်ရဲက နောက်ကျသွင်းဂိုးကြောင့် အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်းမှာ အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီးနောက် ပွဲကစားချိန် ပြည့်ဖို့ ၁၀ မိနစ်အလိုမှာ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ အာနိုးရဲ့ ဖြတ်တင်ပေးပို့မှုက ဂန်းနားတွေရဲ့ ပင်နယ်တီဧရိယာထဲမှာ ဝရုန်းသုန်းကားဖြစ်သွားစေခဲ့ပြီးနောက် ခီဗီယောရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း မာတင် ကီယွန်က အဲဒီဂိုးမှာ ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ခဲ့ပြီး အာရွန် ရမ်းစ်ဒေးလ်ကလည်း ဂိုးစည်းပေါ်ကနေ ထွက်လာဖို့ တော်တော်လေး နှေးကွေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“ဂါဘရီယဲလ်က ဘောလုံးကို တခြားဘက်ကို ခေါင်းတိုက်ထုတ်လိုက်နိုင်ခဲ့မယ်ထင်တာ။ သူက လဲကျသွားခဲ့တယ်။ ဂိုးသမားကလည်း ဘောလုံးဆီ အချိန်မီ မရောက်နုငိ်ဘူး။ ရမ်းစ်ဒေးလ်က ဂိုးစည်းကနေ ထွက်လာတာ နောက်ကျနေတယ်။ ခီဗီယောကလည်း အများကြီးပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ သူ တမင်တကာလုပ်တာတော့မဟုတ်ဘူးဆိုတာ သေချာတာပေ့ါ။ ဒါပေမယ့် အဲဒါကို တိုးတက်လာအောင် အမြဲတမ်း ခင်ဗျားလုပ်နိုင်တဲ့တစ်စုံတခုရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမားႀကီး မာတင္ ကီယြန္က အာဆင္နယ္ၾကယ္ပြင့္ ၃ ဦးဟာ တနဂၤေႏြေန႔ညက အမ္းမရိတ္စ္မွာ လီဗာပူးလ္ရဲ႕ အဖြင့္ဂိုးမွာ အျပစ္ရွိခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

လီဗာပူးလ္ဟာ ယာကုဘ္ ခီဗီေယာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးနဲ႔ လူးဝစၥ ဒီယက္ဇ္ရဲက ေနာက္က်သြင္းဂိုးေၾကာင့္ အမ္းမရိတ္စ္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပထမပိုင္းမွာ အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ပြဲကစားခ်ိန္ ျပည့္ဖို႔ ၁၀ မိနစ္အလိုမွာ ေပးဆပ္ခဲ့ရတာျဖစ္ပါတယ္။ အာႏိုးရဲ႕ ျဖတ္တင္ေပးပို႔မႈက ဂန္းနားေတြရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဝ႐ုန္းသုန္းကားျဖစ္သြားေစခဲ့ၿပီးေနာက္ ခီဗီေယာရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေက်ာ္ၿပီး ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ေနာက္ခံလူေဟာင္း မာတင္ ကီယြန္က အဲဒီဂိုးမွာ ဂါဘရီယဲလ္ မာဂါလိုင္စ္ရဲ႕ အခန္းက႑ကို ေမးခြန္းထုတ္ခဲ့ၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္ကလည္း ဂိုးစည္းေပၚကေန ထြက္လာဖို႔ ေတာ္ေတာ္ေလး ေႏွးေကြးခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

“ဂါဘရီယဲလ္က ေဘာလုံးကို တျခားဘက္ကို ေခါင္းတိုက္ထုတ္လိုက္ႏိုင္ခဲ့မယ္ထင္တာ။ သူက လဲက်သြားခဲ့တယ္။ ဂိုးသမားကလည္း ေဘာလုံးဆီ အခ်ိန္မီ မေရာက္ႏုငိ္ဘူး။ ရမ္းစ္ေဒးလ္က ဂိုးစည္းကေန ထြက္လာတာ ေနာက္က်ေနတယ္။ ခီဗီေယာကလည္း အမ်ားႀကီးပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့သင့္တယ္လို႔ ကြၽန္ေတာ္ ခံစားရပါတယ္။ သူ တမင္တကာလုပ္တာေတာ့မဟုတ္ဘူးဆိုတာ ေသခ်ာတာေပ့ါ။ ဒါေပမယ့္ အဲဒါကို တိုးတက္လာေအာင္ အၿမဲတမ္း ခင္ဗ်ားလုပ္ႏိုင္တဲ့တစ္စုံတခုရွိပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet