လီဗာပူးလ်ကို ဇယားထိပ်တင်မပေးရအောင် ရေကုန်ရေခမ်း ကစားသွားရမယ့် စီးတီးနဲ့ အာဆင်နယ် 1024 504 coyg

လီဗာပူးလ်ကို ဇယားထိပ်တင်မပေးရအောင် ရေကုန်ရေခမ်း ကစားသွားရမယ့် စီးတီးနဲ့ အာဆင်နယ်

တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ဒီရာသီရဲ့ တတိယအကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံသွားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီကတည်းက အစ်တီဟတ်မှာ အနိုင်မရခဲ့တာဖြစ်ပြီး အစ်တီဟတ်မှာ နိုင်ပွဲရယူနိုင်မှသာ ဂန်းနားတို့ ဆယ်စုနှစ် ၂ ခုကျော်ကြာ ဝေးကွာခဲ့ရတဲ့ အမှတ်ပေးဖလားကို ပြန်လည်ကိုင်မြှောက်နိုင်မှာဖြစ်ပါတယ်။

နှစ်သင်းစလုံးကတော့ ဒီပွဲကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အိမ်ရှင်စီးတီးတို့က ဒီဇင်ဘာမှာ ရှုံးပွဲတွေ့ခဲ့ပြီးကတည်းက အကောင်းဆုံးပုံစံ ရနေသလို ဂန်းနားတွေကလည်း ၈ ပွဲဆက်တိုက် လိဂ်နိုင်ပွဲ ရလဒ်နဲ့ လာရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

မန်စီးတီးဘက်မှာ ကိုင်လီ ဝေါ်ကာနဲ့ ဂျွန် စတုန်းစ်တို့ လွဲချော်မှာဖြစ်ပြီး အကန်းဂျိကတော့ ပါဝင်ကစားပေးနိုင်ဖွယ်ရှိပါတယ်။ မားသီးယပ်စ် နူးနက်စ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆွီဒင်နဲ့ပွဲမှာ ပေါ်တူဂီအတွက် ဝင်မကစားပေးနိုင်ခဲ့ဘဲ အီဒါဆန်၊ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်တို့ လေ့ကျင့်ရေးပြန်ဆင်းနေတာကြောင့် ပါဝင်ကစားပေးနိုင်ဖွယ်ရှိပါတယ်။

အာဆင်နယ်ဘက်မှာ ဆာကာနဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်တို့ အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာမလား စောင့်ကြည့်ရမှာဖြစ်ပြီး အာတီတာကတော့ စနေနေ့ လေ့ကျင့်ရေးပါနိုင်ရင် ဝင်ကစားပေးနိုင်မယ်လို့ ပြောထားပါတယ်။ ဂါဘရီယဲလ် မာတီနယ်လီကလည်း ခြေထောက်ဒဏ်ရာကြောင့် ဘရာဇီးလ်လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး ဘရန့်တ်ဖို့ဒ်၊ ပေါ်တိုတို့နဲ့ ကစားခဲ့တဲ့ အာဆင်နယ်ရဲ့ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။ တင်းဘားကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ဆက်လက် လုပ်ဆောင်နေရဆဲဖြစ်ပြီး ဂါဘရီယဲလ် ဂျေးဇုကတော့ လေ့ကျင့်ရေး ကောင်းကောင်း ဆင်းနိုင်ခဲ့လို့ ပွဲထွက်လူစာရင်းထဲ မပါရင်တောင် လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပေးသွားနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

မန်စီးတီး-အီဒါဆန်၊ အကန်းဂျိ၊ ဒီယက်စ်၊ ဂဗာဒီယောလ်၊ လူးဝစ္စ၊ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း။
အာဆင်နယ်-ရာယာ၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဝှိုက်၊ ခီဗီယော၊ ရိုက်၊ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဟာဗတ်ဇ်၊ ထရော့ဆာ့ဒ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၂၁ ကြိမ်နိုင် ၆ ကြိမ်သရေ အာဆင်နယ်က ၁၁ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ မန်စီးတီးက ၄ ပွဲနိုင် ၁ ပွဲသရေ၊ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

မန်စီးတီးက ဒီရာသီမှာ မသေသပ်တဲ့ တိုက်စစ်စတင်မှုကနေတဆင့် ထိခိုက်နာကျင်လွယ်မှုကို ပြသခဲ့ပြီး ဂန်းနားတွေ အခွင့်ကောင်းယူဖို့ ကြိုးစားရမှာပါ။ မာတီနယ်လီ မပါလို့ ဂွါဒီယိုလာရဲ့အသင်းအတွက် အသက်ရှူချောင်စရာဖြစ်လာမှာဖြစ်ပြီး ဂန်းနားတွေသာ ဒီပွဲအနိုင်ရရင် ဖလားရဖို့ အခွင့်အရေးတော်တော်များသွားမှာပါ။ ဒါပေမယ့်လည်း အစ်တီဟတ်မှာ အနိုင်ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခု ဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၁၅ ခုနှစ်တုန်းက အနိုင်ရခဲ့တုန်းကထက် ပိုကောင်းတဲ့ နေရာမှာ ရှိနေပေမယ့်လည်း မန်စီးတီးကလည်း အဲဒီတုန်းက မန်စီးတီးမဟုတ်တော့တာဖြစ်ပါတယ်။ အိမ်ရှင် မန်စီးတီးက ဂန်းနားတွေရဲ့ အသည်းနှလုံးကို တနင်္ဂနွေနေ့မှာ ခွဲနိုင်ဖို့ နည်းလမ်းရှာတွေ့သွားလိမ့်မယ်လို့ ယူဆမိပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(မန်စီးတီး ၂-၁ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(မန်စီးတီး ၁-၀ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(မန်စီးတီး ၁-၁ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI:
တနဂၤေႏြေန႔မွာ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ဟာ ဒီရာသီရဲ႕ တတိယအႀကိမ္ေျမာက္နဲ႔ ေနာက္ဆုံးအႀကိမ္အျဖစ္ ေတြ႕ဆုံသြားၾကမွာျဖစ္ၿပီး အႏိုင္ရတဲ့အသင္းက ဇယားထိပ္ဆုံးေနရာကို သိမ္းပိုက္ႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီကတည္းက အစ္တီဟတ္မွာ အႏိုင္မရခဲ့တာျဖစ္ၿပီး အစ္တီဟတ္မွာ ႏိုင္ပြဲရယူႏိုင္မွသာ ဂန္းနားတို႔ ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ ေဝးကြာခဲ့ရတဲ့ အမွတ္ေပးဖလားကို ျပန္လည္ကိုင္ေျမႇာက္ႏိုင္မွာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးကေတာ့ ဒီပြဲကို အေကာင္းဆုံးပုံစံနဲ႔ ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး အိမ္ရွင္စီးတီးတို႔က ဒီဇင္ဘာမွာ ရႈံးပြဲေတြ႕ခဲ့ၿပီးကတည္းက အေကာင္းဆုံးပုံစံ ရေနသလို ဂန္းနားေတြကလည္း ၈ ပြဲဆက္တိုက္ လိဂ္ႏိုင္ပြဲ ရလဒ္နဲ႔ လာေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

မန္စီးတီးဘက္မွာ ကိုင္လီ ေဝၚကာနဲ႔ ဂြၽန္ စတုန္းစ္တို႔ လြဲေခ်ာ္မွာျဖစ္ၿပီး အကန္းဂ်ိကေတာ့ ပါဝင္ကစားေပးႏိုင္ဖြယ္ရွိပါတယ္။ မားသီးယပ္စ္ ႏူးနက္စ္ကလည္း ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဆြီဒင္နဲ႔ပြဲမွာ ေပၚတူဂီအတြက္ ဝင္မကစားေပးႏိုင္ခဲ့ဘဲ အီဒါဆန္၊ ဒီဘ႐ိုင္းနား၊ ဂရီးလစ္ရွ္တို႔ ေလ့က်င့္ေရးျပန္ဆင္းေနတာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဖြယ္ရွိပါတယ္။

အာဆင္နယ္ဘက္မွာ ဆာကာနဲ႔ ဂါဘရီယဲလ္ မာဂါလိုင္စ္တို႔ အခ်ိန္မီ ႀကံ့ခိုင္မႈ ျပည့္ဝလာမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အာတီတာကေတာ့ စေနေန႔ ေလ့က်င့္ေရးပါႏိုင္ရင္ ဝင္ကစားေပးႏိုင္မယ္လို႔ ေျပာထားပါတယ္။ ဂါဘရီယဲလ္ မာတီနယ္လီကလည္း ေျခေထာက္ဒဏ္ရာေၾကာင့္ ဘရာဇီးလ္လူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီး ဘရန႔္တ္ဖို႔ဒ္၊ ေပၚတိုတို႔နဲ႔ ကစားခဲ့တဲ့ အာဆင္နယ္ရဲ႕ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ တင္းဘားကလည္း ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ဆက္လက္ လုပ္ေဆာင္ေနရဆဲျဖစ္ၿပီး ဂါဘရီယဲလ္ ေဂ်းဇုကေတာ့ ေလ့က်င့္ေရး ေကာင္းေကာင္း ဆင္းႏိုင္ခဲ့လို႔ ပြဲထြက္လူစာရင္းထဲ မပါရင္ေတာင္ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားေပးသြားႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

မန္စီးတီး-အီဒါဆန္၊ အကန္းဂ်ိ၊ ဒီယက္စ္၊ ဂဗာဒီေယာလ္၊ လူးဝစၥ၊ ဒီဘ႐ိုင္းနား၊ ႐ိုဒရီ၊ ေဆးလ္ဗား၊ ဖိုဒန္၊ ဒိုကု၊ ဟာလန္း။
အာဆင္နယ္-ရာယာ၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဝႈိက္၊ ခီဗီေယာ၊ ႐ိုက္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ဟာဗတ္ဇ္၊ ထေရာ့ဆာ့ဒ္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၈ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ မန္စီးတီးက ၂၁ ႀကိမ္ႏိုင္ ၆ ႀကိမ္သေရ အာဆင္နယ္က ၁၁ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ မန္စီးတီးက ၄ ပြဲႏိုင္ ၁ ပြဲသေရ၊ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

မန္စီးတီးက ဒီရာသီမွာ မေသသပ္တဲ့ တိုက္စစ္စတင္မႈကေနတဆင့္ ထိခိုက္နာက်င္လြယ္မႈကို ျပသခဲ့ၿပီး ဂန္းနားေတြ အခြင့္ေကာင္းယူဖို႔ ႀကိဳးစားရမွာပါ။ မာတီနယ္လီ မပါလို႔ ဂြါဒီယိုလာရဲ႕အသင္းအတြက္ အသက္ရႉေခ်ာင္စရာျဖစ္လာမွာျဖစ္ၿပီး ဂန္းနားေတြသာ ဒီပြဲအႏိုင္ရရင္ ဖလားရဖို႔ အခြင့္အေရးေတာ္ေတာ္မ်ားသြားမွာပါ။ ဒါေပမယ့္လည္း အစ္တီဟတ္မွာ အႏိုင္ကစားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ အရာတစ္ခု ျဖစ္ခဲ့တာ ေတာ္ေတာ္ေလးၾကာခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြဟာ ၂၀၁၅ ခုႏွစ္တုန္းက အႏိုင္ရခဲ့တုန္းကထက္ ပိုေကာင္းတဲ့ ေနရာမွာ ရွိေနေပမယ့္လည္း မန္စီးတီးကလည္း အဲဒီတုန္းက မန္စီးတီးမဟုတ္ေတာ့တာျဖစ္ပါတယ္။ အိမ္ရွင္ မန္စီးတီးက ဂန္းနားေတြရဲ႕ အသည္းႏွလုံးကို တနဂၤေႏြေန႔မွာ ခြဲႏိုင္ဖို႔ နည္းလမ္းရွာေတြ႕သြားလိမ့္မယ္လို႔ ယူဆမိပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(မန္စီးတီး ၂-၁ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(မန္စီးတီး ၁-၀ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(မန္စီးတီး ၁-၁ အာဆင္နယ္)

Arsenal Myanmar

Ref: Internet