လက်ရှိဂန်းနားကြယ်ပွင့်ကို ခေါ်ဖို့ ရူးရူးမိုက်မိုက် တိုက်ပွဲဝင်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ အာဆင်ဝင်းဂါး 644 429 coyg

လက်ရှိဂန်းနားကြယ်ပွင့်ကို ခေါ်ဖို့ ရူးရူးမိုက်မိုက် တိုက်ပွဲဝင်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက လက်ရှိ ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ် ရီးရဲလ်မက်ဒရစ်ကို မပြောင်းခင်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ စထရွန်ဂေါ့ဆက်အသင်းအတွက် အသက် ၁၅ နှစ်သားနဲ့ ပွဲဦးထွက်ကစားပေးခဲ့ပြီးနောက် အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် တစ်ကြိုပေးခံခဲ့ရသူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေအတွက် အချက်ပေးသံဖြစ်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ဘယ်အသင်းကို ပြောင်းရွှေ့ရမလဲဆိုတာကို မဆုံးဖြတ်ခင် မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်တို့လို အသင်းတွေမှာ လေ့ကျင့်ရေးဆင်းခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ နော်ဝေကြယ်ပွင့်က ရီးရဲလ်မက်ဒရစ်ရဲ့ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ အော်ဒီဂွါဒ်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပြီး ပြင်သစ်ဂန္တဝင်ဆီကနေ လေ့လာသင်ယူချင်တာကြောင့် ဘာနေဗျူးကို ရွေးချယ်ခဲ့လို့ အာဆင်ဝင်းဂါးအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် ဖရက်ဒီ ယွန်းဘတ်နဲ့ စကားပြောဆိုရာမှာ အာဆင်ဝင်းဂါးက “ဟုတ်တယ်။ သူ့ကို ကောင်းကောင်း မှတ်မိတယ်။ ကျွန်တော်တို့ သူ့ကို ရဖို့ အရူးလိုကို တိုက်ပွဲဝင်ခဲ့ကြတယ်။ ကျွန်တော် သူ့ကို လေ့ကျင့်ရေးအစီအစဉ်မှာ တွေ့ခဲ့ပြီး စတိဗ် မောရိုးက သူ့အဖေနဲ့အတူ လေ့ကျင့်ရေးကို ခေါ်လာခဲ့တာ မှတ်မိသေးတယ်။ သူက ကျွန်တော့်ကို ဖာဘရီဂတ်စ်ကို အမှတ်ရစေခဲ့တယ်။ ဘောလုံးလမ်းကြောင်း အမြင်ကောင်းတယ်။ နည်းစနစ်ပိုင်းအရည်အသွေးကောင်းတယ်။ ပထမအသင်းထဲက ပရော်ဖက်ရှင်နယ်ကစားသမားတွေနဲ့ အလွယ်တကူကစားနိုင်တယ်။ သူ့ဆီကနေ ထူးခြားတာတွေကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူ ရီးရဲလ်မက်ဒရစ်ကို သွားဖို့ ရွေးချယ်ခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါးက လက္ရွိ ဂန္းနားအသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ ရီးရဲလ္မက္ဒရစ္ကို မေျပာင္းခင္ကတည္းက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ စထ႐ြန္ေဂါ့ဆက္အသင္းအတြက္ အသက္ ၁၅ ႏွစ္သားနဲ႔ ပြဲဦးထြက္ကစားေပးခဲ့ၿပီးေနာက္ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္အျဖစ္ တစ္ႀကိဳေပးခံခဲ့ရသူျဖစ္ၿပီး ဥေရာပထိပ္တန္းအသင္းႀကီးေတြအတြက္ အခ်က္ေပးသံျဖစ္ခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ဘယ္အသင္းကို ေျပာင္းေ႐ႊ႕ရမလဲဆိုတာကို မဆုံးျဖတ္ခင္ မန္ခ်က္စတာယူႏိုက္တက္၊ ဘိုင္ယန္ျမဴးနစ္၊ အာဆင္နယ္တို႔လို အသင္းေတြမွာ ေလ့က်င့္ေရးဆင္းခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ေနာ္ေဝၾကယ္ပြင့္က ရီးရဲလ္မက္ဒရစ္ရဲ႕ ဆြဲေဆာင္မႈကို မျငင္းဆန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ ေအာ္ဒီဂြါဒ္ရဲ႕ စံျပပုဂၢိဳလ္ျဖစ္ၿပီး ျပင္သစ္ဂႏၲဝင္ဆီကေန ေလ့လာသင္ယူခ်င္တာေၾကာင့္ ဘာေနဗ်ဴးကို ေ႐ြးခ်ယ္ခဲ့လို႔ အာဆင္ဝင္းဂါးအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ ဖရက္ဒီ ယြန္းဘတ္နဲ႔ စကားေျပာဆိုရာမွာ အာဆင္ဝင္းဂါးက “ဟုတ္တယ္။ သူ႔ကို ေကာင္းေကာင္း မွတ္မိတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ရဖို႔ အ႐ူးလိုကို တိုက္ပြဲဝင္ခဲ့ၾကတယ္။ ကြၽန္ေတာ္ သူ႔ကို ေလ့က်င့္ေရးအစီအစဥ္မွာ ေတြ႕ခဲ့ၿပီး စတိဗ္ ေမာ႐ိုးက သူ႔အေဖနဲ႔အတူ ေလ့က်င့္ေရးကို ေခၚလာခဲ့တာ မွတ္မိေသးတယ္။ သူက ကြၽန္ေတာ့္ကို ဖာဘရီဂတ္စ္ကို အမွတ္ရေစခဲ့တယ္။ ေဘာလုံးလမ္းေၾကာင္း အျမင္ေကာင္းတယ္။ နည္းစနစ္ပိုင္းအရည္အေသြးေကာင္းတယ္။ ပထမအသင္းထဲက ပေရာ္ဖက္ရွင္နယ္ကစားသမားေတြနဲ႔ အလြယ္တကူကစားႏိုင္တယ္။ သူ႔ဆီကေန ထူးျခားတာေတြကို အလြယ္တကူ ျမင္ေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ သူ ရီးရဲလ္မက္ဒရစ္ကို သြားဖို႔ ေ႐ြးခ်ယ္ခဲ့တယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet