ရိုက်ရဲ့အခန်းကဏ္ဍသစ်ကို ထောက်ခံပြီး အာတီတာကို ခေါင်းကိုက်စေခဲ့တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင် အီယန်ရိုက်ဟာ အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် ကလင်းရှစ်တ်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက်ပိုင်း အာတီတာကို ဒီကလန် ရိုက်နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ သတင်းစကားပေးပို့ခဲ့ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် နိုင်ပွဲ ရယူပြီးနောက် အစောပိုင်း ကစားခဲ့တဲ့ စီးတီးနဲ့ လီဗာပူးလ်တို့ပွဲက သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစာသးမားရဲ့ ယခုနွေရာသီမှာ ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့မှုက အားလုံးကို အံ့အားသင့်စေခဲ့ပေမယ့်လည်း တစ်ပွဲပြီးတိုင်း ဘာကြောင့် ဒီလောက်များပြားတဲ့ ပြောင်းရွှေ့ကြေးပေးခဲ့ရလဲဆိုတာနဲ့ပတ်သက်ပြီး ပိုပြီး ဘဝင်ကျစရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်ရဲ့ ကွင်းလယ်က လုပ်ဆောင်မှုတွေဟာ မကြာခဏ သတိပြုခြင်းမခံခဲ့ရပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ အမှားကြောင့် ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ အမ်ဘူးမိုရဲ့ ဂိုးသွင်းယူမှုကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်မှုကတော့ သတိမထားဘဲ မနေနိုင်အောင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင့် ဒီကလန် ရိုက်ဟာ မတူညီတဲ့ အာဆင်နယ်ကြယ်ပွင့်တွေနဲ့ အတူတူ တွဲကစားခဲ့ရပေမယ့်လည်း ရာသီပထမဆုံးလအနည်းငယ်အတွင်း အမြဲတမ်း ပုံမှန်ခြေစွမ်း ပြသခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အတွက် နိုင်ပွဲရယူပေးနိုင်ခဲ့ပြီးနောက် ဒီကလန် ရိုက်ရဲ့ အနောက်လန်ဒန်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အီယန် ရိုက် ပေးခဲ့တဲ့ မှတ်ချက်ဟာ အမ်းမရိတ်စ်ကွင်းမှာ ပြုလုပ်နေတဲ့ ဘက်ပေါင်းစုံ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သလို အာတီတာအတွက်လည်း တွေးစရာအချို့ ပေးခဲ့တာဖြစ်ပါတယ်။
“အဲဒါက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုပါ။ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုနဲ့ အလိုက်သင့် ကစားနိုင်စွမ်းပါ။ ကျွန်တော်တို့က သန်မာမှုကိုပဲ ကြည့်ကြတယ်။ ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး မတူညီတဲ့ဘက်ကို ကြည့်ကြတယ်။ ခင်ဗျား သူ့ရဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုကို ကြည့်လိုက်တဲ့အခါမှာ လူတွေအားလုံးဆီကနေ ကျွန်တော် ကြားခဲ့ရတာတွေအားလုံးက အသင်းခေါင်းဆောင်ကဏ္ဍပဲ။ ကျွန်တော် မာတင်ကို ချစ်ပါတယ်။ ဟုတ်တာပေါ့။ သူက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး အရမ်း အရမ်းပျော်ရွှင်မိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး လုံးဝကို စိတ်ကျေနပ်မိပါတယ်။ တစ်ခုရှိတာက ခင်ဗျားအသင်းထဲမှာ အပတ်တိုင်း ၁၀ မှတ်ထဲမှာ ၈ မှတ်၊ ၉ မှတ်ရအောင် ကစားနိုင်တဲ့ကစားသမားရှိနေတဲ့အခါမှာ၊ သူလုပ်နေတာတွေအားလုံးက စံနမူနာအဖြစ် ဦးဆောင်နေတဲ့အခါမှာ ခင်ဗျား သူက ခေါင်းဆောင်ပဲလို့ မတွေးဘဲ မနေနိုင်ပါဘူး။ ဒီကောင်လေးက အသင်းခေါင်းဆောင်ပဲ။ သူကစားနေတဲ့ပုံစံက အသင်းခေါင်းဆောင်လိုမျိုးပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ကို အသင်းခေါင်းဆောင် ခန့်ဖို့ဆိုတာက အချိန်တိုအတွင်း အသင်းအတွက် ပြသခဲ့တဲ့ အကျိုးသက်ရောက်မှုနဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုကြောင့် ယုတ္တိရှိပုံပေါ်ပေမယ့်လည်း အပြောင်းအလဲ မြန်လွန်းတယ်လို့လည်း ရှုမြင်နိုင်ပါတယ်။
အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ နွေရာသီမှာ ကြီးမားတဲ့ စာချုပ်သစ် ပေးအပ်ခြင်းခံခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းအတိုင်း ပြသဖို့ ရုန်းကန်နေရတာမှန်ပေမယ်ာ့လည်း ယခုလအစောပိုင်း ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ဒဏ်ရာပြဿနာ ၂ ခုကနေ ပြန်လည်ကောင်းမွန်လာခါစပဲ ရှိသေးတာဖြစ်လို့ ပြောဖို့ စောလွန်းပါသေးတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္႐ိုက္ဟာ အာဆင္နယ္အတြက္ ေနာက္ထပ္တစ္ႀကိမ္ ကလင္းရွစ္တ္ရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ပိုင္း အာတီတာကို ဒီကလန္ ႐ိုက္နဲ႔ပတ္သက္ၿပီး ရွင္းလင္းတဲ့ သတင္းစကားေပးပို႔ခဲ့ပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ စေနေန႔က ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ကိုင္ ဟာဗတ္ဇ္ရဲ႕ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ႏိုင္ပြဲ ရယူၿပီးေနာက္ အေစာပိုင္း ကစားခဲ့တဲ့ စီးတီးနဲ႔ လီဗာပူးလ္တို႔ပြဲက သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစာသးမားရဲ႕ ယခုေႏြရာသီမွာ ဝက္စ္ဟမ္းကေန ေပါင္ ၁၀၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့မႈက အားလုံးကို အံ့အားသင့္ေစခဲ့ေပမယ့္လည္း တစ္ပြဲၿပီးတိုင္း ဘာေၾကာင့္ ဒီေလာက္မ်ားျပားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေပးခဲ့ရလဲဆိုတာနဲ႔ပတ္သက္ၿပီး ပိုၿပီး ဘဝင္က်စရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ရဲ႕ ကြင္းလယ္က လုပ္ေဆာင္မႈေတြဟာ မၾကာခဏ သတိျပဳျခင္းမခံခဲ့ရေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ အမွားေၾကာင့္ ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းမွာ အမ္ဘူးမိုရဲ႕ ဂိုးသြင္းယူမႈကို ဂိုးစည္းေပၚကေန ရွင္းထုတ္မႈကေတာ့ သတိမထားဘဲ မေနႏိုင္ေအာင္ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။
ဒဏ္ရာျပႆနာေတြေၾကာင့္ ဒီကလန္ ႐ိုက္ဟာ မတူညီတဲ့ အာဆင္နယ္ၾကယ္ပြင့္ေတြနဲ႔ အတူတူ တြဲကစားခဲ့ရေပမယ့္လည္း ရာသီပထမဆုံးလအနည္းငယ္အတြင္း အၿမဲတမ္း ပုံမွန္ေျခစြမ္း ျပသခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္အတြက္ ႏိုင္ပြဲရယူေပးႏိုင္ခဲ့ၿပီးေနာက္ ဒီကလန္ ႐ိုက္ရဲ႕ အေနာက္လန္ဒန္က စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အီယန္ ႐ိုက္ ေပးခဲ့တဲ့ မွတ္ခ်က္ဟာ အမ္းမရိတ္စ္ကြင္းမွာ ျပဳလုပ္ေနတဲ့ ဘက္ေပါင္းစုံ အက်ိဳးသက္ေရာက္မႈကို မီးေမာင္းထိုးျပခဲ့သလို အာတီတာအတြက္လည္း ေတြးစရာအခ်ိဳ႕ ေပးခဲ့တာျဖစ္ပါတယ္။
“အဲဒါက သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈပါ။ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈနဲ႔ အလိုက္သင့္ ကစားႏိုင္စြမ္းပါ။ ကြၽန္ေတာ္တို႔က သန္မာမႈကိုပဲ ၾကည့္ၾကတယ္။ ကြၽန္ေတာ္တို႔ သူနဲ႔ပတ္သက္ၿပီး မတူညီတဲ့ဘက္ကို ၾကည့္ၾကတယ္။ ခင္ဗ်ား သူ႔ရဲ႕ ေျခစြမ္းပိုင္းတည္ၿငိမ္မႈကို ၾကည့္လိုက္တဲ့အခါမွာ လူေတြအားလုံးဆီကေန ကြၽန္ေတာ္ ၾကားခဲ့ရတာေတြအားလုံးက အသင္းေခါင္းေဆာင္က႑ပဲ။ ကြၽန္ေတာ္ မာတင္ကို ခ်စ္ပါတယ္။ ဟုတ္တာေပါ့။ သူက ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ပါ။ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး အရမ္း အရမ္းေပ်ာ္႐ႊင္မိပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး လုံးဝကို စိတ္ေက်နပ္မိပါတယ္။ တစ္ခုရွိတာက ခင္ဗ်ားအသင္းထဲမွာ အပတ္တိုင္း ၁၀ မွတ္ထဲမွာ ၈ မွတ္၊ ၉ မွတ္ရေအာင္ ကစားႏိုင္တဲ့ကစားသမားရွိေနတဲ့အခါမွာ၊ သူလုပ္ေနတာေတြအားလုံးက စံနမူနာအျဖစ္ ဦးေဆာင္ေနတဲ့အခါမွာ ခင္ဗ်ား သူက ေခါင္းေဆာင္ပဲလို႔ မေတြးဘဲ မေနႏိုင္ပါဘူး။ ဒီေကာင္ေလးက အသင္းေခါင္းေဆာင္ပဲ။ သူကစားေနတဲ့ပုံစံက အသင္းေခါင္းေဆာင္လိုမ်ိဳးပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ကို အသင္းေခါင္းေဆာင္ ခန႔္ဖို႔ဆိုတာက အခ်ိန္တိုအတြင္း အသင္းအတြက္ ျပသခဲ့တဲ့ အက်ိဳးသက္ေရာက္မႈနဲ႔ ေျခစြမ္းပိုင္းတည္ၿငိမ္မႈေၾကာင့္ ယုတၱိရွိပုံေပၚေပမယ့္လည္း အေျပာင္းအလဲ ျမန္လြန္းတယ္လို႔လည္း ရႈျမင္ႏိုင္ပါတယ္။
အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ ေႏြရာသီမွာ ႀကီးမားတဲ့ စာခ်ဳပ္သစ္ ေပးအပ္ျခင္းခံခဲ့ရတဲ့အထိ ျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းအတိုင္း ျပသဖို႔ ႐ုန္းကန္ေနရတာမွန္ေပမယ္ာ့လည္း ယခုလအေစာပိုင္း ရွက္ဖီးယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ ပြဲထြက္လူစာရင္းထဲကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ဒဏ္ရာျပႆနာ ၂ ခုကေန ျပန္လည္ေကာင္းမြန္လာခါစပဲ ရွိေသးတာျဖစ္လို႔ ေျပာဖို႔ ေစာလြန္းပါေသးတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News