ရာသီကုန်ဖို့ ၃ ပွဲသာလိုချိန်မှာ အဓိကကစားသမား ၂ ဦးမပါဘဲကစားရတော့မယ့် ဂန်းနားများ coyg

ရာသီကုန်ဖို့ ၃ ပွဲသာလိုချိန်မှာ အဓိကကစားသမား ၂ ဦးမပါဘဲကစားရတော့မယ့် ဂန်းနားများ

ဝီလီယံ ဆာလီဘာဟာ ယခုရာသီမကုန်ခင် ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ဘဲ အာဆင်နယ်ဟာ ဇင်ချန်ကိုကိုလည်း ဆုဖလားပြိုင်ပွဲမှာ အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဆုဖလားစိန်ခေါ်နေတဲ့ ဂန်းနားတွေဟာ မတ်လလယ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆာလီဘာ နောက်ကျောဒဏ်ရာ ရရှိသွားခဲ့ချိန်ကတည်းက ပြင်သစ်နောက်ခံလူမပါဝင်ဘဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာဟာ ဘယ်တုန်းကမှ ပြင်သစ်နောက်ခံလူ ရာသီမကုန်ခင် ပြန်လည် ပါဝင်ကစားပေးနိုင်ခြေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ယတိပြတ် ငြင်းဆိုခဲ့ခြင်းမရှိသူဖြစ်ပေမယ့်လည်း ဆာလီဘာဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ခံစစ်မှတ်တမ်းဟာ ရလဒ်အနေနဲ့ ဆိုးရွားခဲ့ပြီး အဲဒီ ၈ ပွဲထဲက ၇ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ဘဲ တနင်္ဂနွေနေ့က နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံး ၈ ပွဲအတွင်းမှာ ၁၄ ဂိုးအထိ ပေးခဲ့ရသလို မန်ချက်စတာစီးတီးကို အမှတ်ပေးဇယားထိပ်ဆုံးနေရာ လွှဲပေးခဲ့ရပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာ တစ်ပွဲလို ၁ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ပြင်သစ်နောက်ခံကစားသမား ကြံ့ခိုင်မှု အချိန်မီ ပြန်လည် မရရှိနိင်တော့တာကို နောက်ဆုံးမှာ လက်ခံလိုက်ရပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဆာလီဘာရဲ့ ဒဏ်ရာဟာ ဂန်းနား ဆေးအဖွဲ့အတွက် ထူးခြားဆန်းကြယ်တဲ့အရာတစ်ခုအဖြစ် ရှိနေပေမယ့် ခွဲစိတ်ကုသမှု ခံယူဖို့မလိုဘဲ ရာသီကြိုကာလမှာ ပြန်လည်သက်သာလာနိုင်တယ်လို့ သိရပါတယ်။

အာတီတာရဲ့ ခံစစ်ပိုင်းအတွက် နောက်ထပ် ခေါင်းကိုက်စရာဖြစ်လာတာက နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေသလုံးဒဏ်ရာကြောင့် ဇင်ချန်ကိုကလည်း ခွဲစိတ်ကုသမှု ခံယူဖို့ မလိုပေမယ့်လည်း အနည်းဆုံး ၂ ပတ်အထိ ပြန်လည်ကောင်းမွန်လာအောင် အနားယူသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

Arsenal Myanmar

Ref: Internet