ရာယာနဲ့ပတ်သက်ပြီး အာဆင်နယ်ကို ရမ်းစ်ဒေးလ် ထုတ်ရမယ့် မေးခွန်း ၂ ခု
နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်က ဒေးဗစ် ရာယာနဲ့ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အာရွန် ရမ်းစ်ဒေးလ် မေးရမယ့် မေးခွန်း ၂ ခုကို ပြောပြခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်နိုင်ခဲ့တဲ့ကာလအတွင်း အသင်းအတွက် သူရဲကောင်းဆန်တဲ့ လက်စွမ်းပြသခဲ့တဲ့ ရမ်းစ်ဒေးလ်ရှိနေရဲ့သားနဲ့ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် ကနဦး အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ဒေးဗစ် ရာယာကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒီဂိုးသမား ၂ ဦးဟာ ဂိုးသမားကောင်းတွေဖြစ်ပြီး ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေးလို့ မမြင်ကြောင်း ပြောဆိုပြီး ကာကွယ်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလက အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပေးပြီးကတည်းက ရာယာဟာ အာဆင်နယ်ရဲ့ ပွဲစဉ်တွေအားလုံးမှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း မတည်ငြိမ်တဲ့ အာရုံစိုက်မှုကြောင့် အမှားအယွင်းတွေ ပြုလုပ်ခဲ့မိတာဖြစ်ပါတယ်။
စနေနေ့က ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရာယာဟာ မာဒရစ်ခ်ရဲ့ ဖြတ်တင်ဘောကနေ မတော်တဆ ဂိုးပေါက်တည့်သွားတဲ့ ကန်ချက်ကို ဂိုးရှေ့ထွက်နေတာကြောင့် မကာကွယ်နိုင်ခဲ့ဘဲ ကိုး ပါလ်မာကို ဘောလုံးပေးမိခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုး ပေးရလုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။
စပိန်ဂိုးသမားဟာ အင်္ဂါနေ့ညက ဆီဗီလာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အလားတူ လူပေးမှားမှုအချို့ကို ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီအခြေအနေကို ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုနဲ့ နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်တို့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူးက ရာယာကို ယုံကြည်မှုတည်ဆောက်နိုင်အောင် ဆက်လက် အားပေးထောက်ခံနေတဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပေးခဲ့တာဖြစ်ပြီး ဝီလ်ဆင်က ၎င်းရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ရမ်းစ်ဒေးလ်နေရာမှာသာဆိုရင် မေးမယ့် မေးခွန်း ၂ ခုနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် ခင်ဗျားသာ ရမ်းစ်ဒေးဆိုရင် ဘယ်လိုလုပ်မလဲ။သူ့ကို ကျွန်တော် နံပါတ် ၂ လို့ ပြောမှာမဟုတ်ပါဘူး။ သူတို့ ၂ ယောက်စလုံးက အာဆင်နယ်မှာ နံပါတ် ၁ တွေလို့ ကျွန်တော် ပြောမှာပါ။ သူ အသင်းထဲကို ပြန်ပါလို့ရအောင် ဘာလုပ်ရမလဲ။ ခင်ဗျားရဲ့နေရာမှာ တစ်စုံတယောက်က ဘောလုံးကို ဒီလိုမျိုး ကွင်းလယ်ကို ပေးပြီး ဖြတ်တောက်ခံရတယ်။ ဂိုးတွေ ပေးနေရတယ်။ အဲဒီအခါကျရင် ခင်ဗျား သူ ပွဲထွက်ခွင့်ရသင့်လို့လား။ ငါ အသင်းထဲ ပြန်ပါလို့ရအောင် ဘာလုပ်ရမလဲလို့ တွေးမှာပါ။”
“သေချာတာက ရမ်းစ်ဒေးလ်က တခြားတစ်ယောက်က ကောင်းကောင်း မကစားနိုင်တာတောင် သူ အခွင့်အရေးမရသေးတာကြောင့် ယုံကြည်မှု ပျောက်ဆုံးနေပါလိမ့်မယ်။ ခင်ဗျား ဒီမှာ ဘာတွေဖြစ်နေတာလဲလို့ တွေးနေမှာပါ။ ပုံမှန်အားဖြင့် တစ်စုံတယောက် အသင်းထဲကို ရောက်လာတဲ့အခါမှာ နည်းပြက သူတို့ကို စမ်းသုံးကြည့်မှာပဲ။ အဆင်ပြေတယ်။ သူတို့တွေ ကောင်းကောင်းလုပ်နိုင်ရင်တော့ ပြဿနာလုံးဝမဟုတ်ဘူးပေါ့။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်အတွက်လည်း ငွေတွေ အများကြီး ပေးခဲ့တယ်။ တစ်စုံတစ်ယောက်ကလည်း အမှားတွေလုပ်နေတာတောင် ဝင်ကစားခွင့်မပေးသေးဘူးဆိုရင် ခင်ဗျားဆို ဘာလုပ်မှာလဲ”လို့ ပြောကြားခဲ့ပါတယ်။
အန်တိုနီယိုက နောက်ဆုံးမှာတော့ အာတီတာကပဲ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မယ်လို့ ဝန်ခံခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အင်္ဂလန်ဂိုးသမားက လန်ဒန် ကိုလ်နီကွင်းမှာ အလုပ်လုပ်ပြပြီး နည်းပြရဲ့ စိတ်ကို ပြောင်းလဲဖို့ မျှော်လင့်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“အဆုံးမှာတော့ အဲဒါက ရမ်းစ်ဒေးလ်နဲ့ မဆိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ လုပ်နိုင်တာဆိုလို့ လေ့ကျင့်ရေးမှာ လုပ်နိုင်သမျှ အရာအားလုံး လုပ်ပြဖို့ပါပဲ။ အဲဒါက ရာယာနဲ့ ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရာယာ နောက်အပတ်မှာ ပွဲထွက်လာပြီး ဒီလိုအရာတွေ ဆက်လုပ်နေမယ်ဆိုရင် ရမ်းစ်ဒေးလ် ပြန်ပွဲထွက်ခွင့်ရလိမ့်မယ်လို့ ပြောရမှာမို့လို့ပါ။ နည်းပြက ခင်ဗျား အမှားလုပ်ခဲ့တာကို ယုံကြည်မှုပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါပေမယ့် လာမယ့်အပတ် ခင်ဗျား ပိုပြီးတော့ ကောင်းမွန်ရပါလိမ့်မယ်။ သူ့မှာ ပွဲထွက်ကစားဖို့ယုံကြည်ချက်ရှိမှာပါ။ ဒါပေမယ့် အဲဒါက ရမ်းစ်ဒေးလ် လေကျင့်ရေးမှာ ကောင်းကောင်းလုပ်နေလားဆိုတာနဲ့ ဆိုင်ပါတယ်။ သူ အခွင့်အရေးရလာတဲ့အခါကျရင် သူ အရယူရမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: နယူးကာဆယ္ တိုက္စစ္မႉး ကယ္လမ္ ဝီလ္ဆင္က ေဒးဗစ္ ရာယာနဲ႔ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္ေနရတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ ေမးရမယ့္ ေမးခြန္း ၂ ခုကို ေျပာျပခဲ့ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီ ဆုဖလားစိန္ေခၚႏိုင္ခဲ့တဲ့ကာလအတြင္း အသင္းအတြက္ သူရဲေကာင္းဆန္တဲ့ လက္စြမ္းျပသခဲ့တဲ့ ရမ္းစ္ေဒးလ္ရွိေနရဲ႕သားနဲ႔ ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာကို ေပါင္သန္း ၃၀ နဲ႔ အၿပီးသတ္ေခၚယူႏိုင္မယ့္ ကနဦး အငွားစာခ်ဳပ္နဲ႔ အံ့အားသင့္ဖြယ္ ေခၚယူခဲ့တာျဖစ္ပါတယ္။
အာတီတာဟာ ေဒးဗစ္ ရာယာကို ေခၚယူခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ဒီဂိုးသမား ၂ ဦးဟာ ဂိုးသမားေကာင္းေတြျဖစ္ၿပီး ပထမဦးစားေပးနဲ႔ ဒုတိယဦးစားေပးလို႔ မျမင္ေၾကာင္း ေျပာဆိုၿပီး ကာကြယ္ခဲ့တာျဖစ္ပါတယ္။
စက္တင္ဘာလက အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားေပးၿပီးကတည္းက ရာယာဟာ အာဆင္နယ္ရဲ႕ ပြဲစဥ္ေတြအားလုံးမွာ ပြဲထြက္ခြင့္ ရရွိခဲ့ေပမယ့္လည္း မတည္ၿငိမ္တဲ့ အာ႐ုံစိုက္မႈေၾကာင့္ အမွားအယြင္းေတြ ျပဳလုပ္ခဲ့မိတာျဖစ္ပါတယ္။
စေနေန႔က ခ်ဲလ္ဆီးနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ရာယာဟာ မာဒရစ္ခ္ရဲ႕ ျဖတ္တင္ေဘာကေန မေတာ္တဆ ဂိုးေပါက္တည့္သြားတဲ့ ကန္ခ်က္ကို ဂိုးေရွ႕ထြက္ေနတာေၾကာင့္ မကာကြယ္ႏိုင္ခဲ့ဘဲ ကိုး ပါလ္မာကို ေဘာလုံးေပးမိခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ေပးရလုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။
စပိန္ဂိုးသမားဟာ အဂၤါေန႔ညက ဆီဗီလာကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း အလားတူ လူေပးမွားမႈအခ်ိဳ႕ကို က်ဴးလြန္ခဲ့တာျဖစ္ၿပီး ဒီအေျခအေနကို ဝက္စ္ဟမ္းတိုက္စစ္မႉး အန္တိုနီယိုနဲ႔ နယူးကာဆယ္ တိုက္စစ္မႉး ကယ္လမ္ ဝီလ္ဆင္တို႔က ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
ဝက္စ္ဟမ္းတိုက္စစ္မႉးက ရာယာကို ယုံၾကည္မႈတည္ေဆာက္ႏိုင္ေအာင္ ဆက္လက္ အားေပးေထာက္ခံေနတဲ့ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ကို ကာကြယ္ေပးခဲ့တာျဖစ္ၿပီး ဝီလ္ဆင္က ၎ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ရမ္းစ္ေဒးလ္ေနရာမွာသာဆိုရင္ ေမးမယ့္ ေမးခြန္း ၂ ခုနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ သေဘာတူပါတယ္။ ဒါေပမယ့္ ခင္ဗ်ားသာ ရမ္းစ္ေဒးဆိုရင္ ဘယ္လိုလုပ္မလဲ။သူ႔ကို ကြၽန္ေတာ္ နံပါတ္ ၂ လို႔ ေျပာမွာမဟုတ္ပါဘူး။ သူတို႔ ၂ ေယာက္စလုံးက အာဆင္နယ္မွာ နံပါတ္ ၁ ေတြလို႔ ကြၽန္ေတာ္ ေျပာမွာပါ။ သူ အသင္းထဲကို ျပန္ပါလို႔ရေအာင္ ဘာလုပ္ရမလဲ။ ခင္ဗ်ားရဲ႕ေနရာမွာ တစ္စုံတေယာက္က ေဘာလုံးကို ဒီလိုမ်ိဳး ကြင္းလယ္ကို ေပးၿပီး ျဖတ္ေတာက္ခံရတယ္။ ဂိုးေတြ ေပးေနရတယ္။ အဲဒီအခါက်ရင္ ခင္ဗ်ား သူ ပြဲထြက္ခြင့္ရသင့္လို႔လား။ ငါ အသင္းထဲ ျပန္ပါလို႔ရေအာင္ ဘာလုပ္ရမလဲလို႔ ေတြးမွာပါ။”
“ေသခ်ာတာက ရမ္းစ္ေဒးလ္က တျခားတစ္ေယာက္က ေကာင္းေကာင္း မကစားႏိုင္တာေတာင္ သူ အခြင့္အေရးမရေသးတာေၾကာင့္ ယုံၾကည္မႈ ေပ်ာက္ဆုံးေနပါလိမ့္မယ္။ ခင္ဗ်ား ဒီမွာ ဘာေတြျဖစ္ေနတာလဲလို႔ ေတြးေနမွာပါ။ ပုံမွန္အားျဖင့္ တစ္စုံတေယာက္ အသင္းထဲကို ေရာက္လာတဲ့အခါမွာ နည္းျပက သူတို႔ကို စမ္းသုံးၾကည့္မွာပဲ။ အဆင္ေျပတယ္။ သူတို႔ေတြ ေကာင္းေကာင္းလုပ္ႏိုင္ရင္ေတာ့ ျပႆနာလုံးဝမဟုတ္ဘူးေပါ့။ ဒါေပမယ့္ ခင္ဗ်ား ကြၽန္ေတာ့္အတြက္လည္း ေငြေတြ အမ်ားႀကီး ေပးခဲ့တယ္။ တစ္စုံတစ္ေယာက္ကလည္း အမွားေတြလုပ္ေနတာေတာင္ ဝင္ကစားခြင့္မေပးေသးဘူးဆိုရင္ ခင္ဗ်ားဆို ဘာလုပ္မွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
အန္တိုနီယိုက ေနာက္ဆုံးမွာေတာ့ အာတီတာကပဲ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကို ခ်မွတ္လိမ့္မယ္လို႔ ဝန္ခံခဲ့ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္ဂိုးသမားက လန္ဒန္ ကိုလ္နီကြင္းမွာ အလုပ္လုပ္ျပၿပီး နည္းျပရဲ႕ စိတ္ကို ေျပာင္းလဲဖို႔ ေမွ်ာ္လင့္ေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
“အဆုံးမွာေတာ့ အဲဒါက ရမ္းစ္ေဒးလ္နဲ႔ မဆိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ လုပ္ႏိုင္တာဆိုလို႔ ေလ့က်င့္ေရးမွာ လုပ္ႏိုင္သမွ် အရာအားလုံး လုပ္ျပဖို႔ပါပဲ။ အဲဒါက ရာယာနဲ႔ ဆိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ရာယာ ေနာက္အပတ္မွာ ပြဲထြက္လာၿပီး ဒီလိုအရာေတြ ဆက္လုပ္ေနမယ္ဆိုရင္ ရမ္းစ္ေဒးလ္ ျပန္ပြဲထြက္ခြင့္ရလိမ့္မယ္လို႔ ေျပာရမွာမို႔လို႔ပါ။ နည္းျပက ခင္ဗ်ား အမွားလုပ္ခဲ့တာကို ယုံၾကည္မႈေပးဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ ခံစားရတယ္။ ဒါေပမယ့္ လာမယ့္အပတ္ ခင္ဗ်ား ပိုၿပီးေတာ့ ေကာင္းမြန္ရပါလိမ့္မယ္။ သူ႔မွာ ပြဲထြက္ကစားဖို႔ယုံၾကည္ခ်က္ရွိမွာပါ။ ဒါေပမယ့္ အဲဒါက ရမ္းစ္ေဒးလ္ ေလက်င့္ေရးမွာ ေကာင္းေကာင္းလုပ္ေနလားဆိုတာနဲ႔ ဆိုင္ပါတယ္။ သူ အခြင့္အေရးရလာတဲ့အခါက်ရင္ သူ အရယူရမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News