ရာယာထပ်မှားတာကို အာတီတာ ဘယ်လိုတုံ့ပြန်မလဲ ပြောပြခဲ့တဲ့ အီယန် ရိုက်
မီခေးလ် အာတီတာဟာ လူတန်တောင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးပေးခဲ့ရတဲ့အထိ အမှားအယွင်း ပြုလုပ်ခဲ့ပေမယ့်လည်း စပိန်ဂိုးသမားအပေါ်မှာ ယုံကြည်မှု ဆက်ပေးသွားမှာဖြစ်တယ်လို့ အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ယုံကြည်နေပါတယ်။
ဒေးဗစ် ရာယာဟာ အာဆင်နယ်ဂိုးပေါက်မှာ ပေါက်ကရလုပ်နေပေမယ့်လည်း အသင်းရဲ့ ခြေစွမ်းက ကောင်းမွန်နေပြီး နိုင်ပွဲဆက်နေတာကြောင့် အာတီတာက စပိန်ဂိုးသမားရဲ့ အမှားတွေကို လစ်လျူရှုပေးထားနိုင်တယ်လို့ အီယန် ရိုက်က ထင်မြင်နေတာဖြစ်ပါတယ်။
ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာကစားနေတဲ့ ရာယာဟာ လူတန်တောင်းကို အင်္ဂါနေ့ညက ၄-၃ နဲ့ စိတ်လှုပ်ရှားဖွယ် နောက်ဆုံးမိနစ်အထိ ယှဉ်ပြိုင်ပြီးမှ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အမှား ၂ ကြိမ်အထိ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ရာယာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း ၂၀၂၄ ခုနှစ်မှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ဖို့ စီစဉ်ထားတာဖြစ်ပြီး အမ်းမရိတ်စ်မှာ အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ပြီး ပထမပွဲထွက်ဂိုးသမားနေရာကို ပေးအပ်ခြင်းခံခဲ့ရပေမယ့် အာတီတာရဲ့မျက်နှာကို မကြာခဏဆိုသလို အိုးမည်းသုတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီယန် ရိုက်က ရာယာရဲ့ အမှားတွေက အာတီတာရဲ့ စပိန်ဂိုးသမားအပေါ် ထားရှိတဲ့ ယုံကြည်မှုကိုပဲ ပိုပြီးတော့ ခိုင်မာလာစေလိမ့်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“သူ့အတွက် ဖြေရခက်တဲ့ မေးခွန်းပါ။ အင်တာဗျူးတဲ့သူတွေက မေးခွန်းမေးရမယ်ဆိုတာ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလူကို သူ အသင်းထဲကို ခေါ်လာတဲ့သူဆိုတာကို ခင်ဗျား သတိရရမယ်။ သူ့ရဲ့ ကျောနံပါတ် ၁ ဖြစ်အောင်လုပ်ဖို့ သူ ခေါ်လာတဲ့ဂိုးသမားဆိုတာ ခင်ဗျား မမေ့ရဘူး။ အဲဒီတော့ ဒီဂိုးသမားမှားရင်တောင် ခင်ဗျား အဲဒီအကြောင်းသွားမေးရင် သူက ဟိုလိုဒီလိုနဲ့ မေးခွန်းကို ရှောင်သွားနိုင်ပါတယ်။ အဆုံးမှာတော့ သူ့ကို ယုံကြည်မှုပေးပြီး သူ ဆက်ကစားဖို့ပဲ တွေးပါလိမ့်မယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဓိကကျတဲ့အရာက အာဆင်နယ်က အနိုင်ရနေတယ်။ အသင်းက အနိုင်ရနေတယ်။ အဲဒါက အခု မီခေးလ်တွေးနေမယ့်အရာပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မီေခးလ္ အာတီတာဟာ လူတန္ေတာင္းနဲ႔ပြဲစဥ္မွာ ၂ ဂိုးေပးခဲ့ရတဲ့အထိ အမွားအယြင္း ျပဳလုပ္ခဲ့ေပမယ့္လည္း စပိန္ဂိုးသမားအေပၚမွာ ယုံၾကည္မႈ ဆက္ေပးသြားမွာျဖစ္တယ္လို႔ အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ယုံၾကည္ေနပါတယ္။
ေဒးဗစ္ ရာယာဟာ အာဆင္နယ္ဂိုးေပါက္မွာ ေပါက္ကရလုပ္ေနေပမယ့္လည္း အသင္းရဲ႕ ေျခစြမ္းက ေကာင္းမြန္ေနၿပီး ႏိုင္ပြဲဆက္ေနတာေၾကာင့္ အာတီတာက စပိန္ဂိုးသမားရဲ႕ အမွားေတြကို လစ္လ်ဴရႈေပးထားႏိုင္တယ္လို႔ အီယန္ ႐ိုက္က ထင္ျမင္ေနတာျဖစ္ပါတယ္။
ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ လာကစားေနတဲ့ ရာယာဟာ လူတန္ေတာင္းကို အဂၤါေန႔ညက ၄-၃ နဲ႔ စိတ္လႈပ္ရွားဖြယ္ ေနာက္ဆုံးမိနစ္အထိ ယွဥ္ၿပိဳင္ၿပီးမွ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အမွား ၂ ႀကိမ္အထိ က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။
ရာယာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ေပမယ့္လည္း ၂၀၂၄ ခုႏွစ္မွာ ေပါင္ ၂၇ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ထားတာျဖစ္ၿပီး အမ္းမရိတ္စ္မွာ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေက်ာ္ၿပီး ပထမပြဲထြက္ဂိုးသမားေနရာကို ေပးအပ္ျခင္းခံခဲ့ရေပမယ့္ အာတီတာရဲ႕မ်က္ႏွာကို မၾကာခဏဆိုသလို အိုးမည္းသုတ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အီယန္ ႐ိုက္က ရာယာရဲ႕ အမွားေတြက အာတီတာရဲ႕ စပိန္ဂိုးသမားအေပၚ ထားရွိတဲ့ ယုံၾကည္မႈကိုပဲ ပိုၿပီးေတာ့ ခိုင္မာလာေစလိမ့္မယ္လို႔ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
“သူ႔အတြက္ ေျဖရခက္တဲ့ ေမးခြန္းပါ။ အင္တာဗ်ဴးတဲ့သူေတြက ေမးခြန္းေမးရမယ္ဆိုတာ ကြၽန္ေတာ္ အျပည့္အဝ နားလည္ပါတယ္။ ဒါေပမယ့္ အဲဒီလူကို သူ အသင္းထဲကို ေခၚလာတဲ့သူဆိုတာကို ခင္ဗ်ား သတိရရမယ္။ သူ႔ရဲ႕ ေက်ာနံပါတ္ ၁ ျဖစ္ေအာင္လုပ္ဖို႔ သူ ေခၚလာတဲ့ဂိုးသမားဆိုတာ ခင္ဗ်ား မေမ့ရဘူး။ အဲဒီေတာ့ ဒီဂိုးသမားမွားရင္ေတာင္ ခင္ဗ်ား အဲဒီအေၾကာင္းသြားေမးရင္ သူက ဟိုလိုဒီလိုနဲ႔ ေမးခြန္းကို ေရွာင္သြားႏိုင္ပါတယ္။ အဆုံးမွာေတာ့ သူ႔ကို ယုံၾကည္မႈေပးၿပီး သူ ဆက္ကစားဖို႔ပဲ ေတြးပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အဓိကက်တဲ့အရာက အာဆင္နယ္က အႏိုင္ရေနတယ္။ အသင္းက အႏိုင္ရေနတယ္။ အဲဒါက အခု မီေခးလ္ေတြးေနမယ့္အရာပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News