ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ 590 386 coyg

ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ

ဒန်နီ မာဖီက အာတီတာဟာ အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ် ရာယာကို အမ်းမရိတ်စ်မှာ ပွဲထွက်ဂိုးသမားအဖြစ် အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးခံရမယ်လို့ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

စပိန်ဂိုးသမား ရာယာဟာ လာမယ့်နှစ် နွေရာသီမှာ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ဘရန့်တ်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ နော်တင်ဟမ် ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မတ် တန်နာရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရာယာဟာ အာဆင်နယ်ရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ချက်ချင်းပဲ ပြီးခဲ့တဲ့ရာသီမှာ အထင်ကြီးဖွယ်လက်စွမ်းပြသခဲ့တဲ့ ရမ်းစ်ဒေးလ်ကို ကျော်တက်ပြီး နေရာရသွားမယ်ဆိုရင် အံ့အားသင့်စရာဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒန်နီ မာဖီက အာတီတာဟာ ရာယာကို ၎င်းရဲ့ ကျောနံပါတ် ၁ ဂိုးသမားအဖြစ် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ယုံကြည်နေပြီး သိပ်မကြာခင် ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ အစားထိုးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက တကယ် ပြောရခက်တဲ့ ကိစ္စတစ်ခုပါ။ ဘာလို့လဲဆိုတော့ အသင်းအများစုက ထပ်တူထပ်မျှကောင်းတ့ ဂိုးသမား ၂ ယောက် မရှိကြလို့ပါ။ သိသာတဲ့အကြောင်းပြချက်ကတော့ ခြင်္သေ့နှစ်ကောင် တစ်ဂူတည်း မအောင်းလို့ပါ။ ဂိုးသမားတွေအနေနဲ့ အပတ်တိုင်း သူတို့ရဲ့နေရာမှာ အစားထိုးခံရနိုင်တယ်ဆိုတဲ့ စိတ်မလုံခြုံမှုတွေ ဖြစ်စေမှာပါ။ ကျွန်တော် အံ့အားသင့်မိတယ်။ ဘာလို့လဲဆိုတော့ ရမ်းစ်ဒေးလ်က ပြီးခဲ့တဲ့ရာသီမှာ အရမ်းကောင်းမွန်ခဲ့လို့ပါ။ ကျွန်တော် သူ့ရဲ့ စိတ်ဓာတ်ကို ကြိုက်တယ်။ သူက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ အဲဒီတော့ သူ့အတွက် ကျွန်တော် နည်းနည်းတော့ ခံစားရတယ်”

“ခင်ဗျား ကစားသမားတစ်ယောက်နဲ့ ဆွေးနွေးပြီး သူ့အတွက် ပေါင်သန်း ၃၀ ပေးလိုက်တဲ့အခါမှာ ကျောနံပါတ် ၂ အနေနဲ့များ ဒေးဗစ် ရာယာက လာမယ်လို့ ထင်လား။ သူက ကျောနံပါတ် ၁ ဖြစ်လာလိမ့်မယ်လို့ အပြောခံခဲ့ရပြီးပြီလို့ ကျွန်တော် ထင်တယ်။ ဒီအပြောင်းအရွှေ့ကြောင့် ကျွန်တော် နည်းနည်း စိတ်ရှုပ်ထွေးမိခဲ့တယ်”

“အာတီတာသာ ရာယာကို ကျောနံပါတ် ၁ ဖြစ်လာမယ့်သူလို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် သူ့အတွက်တော့ တရားမျှတမှာပါ။ ဒါပေမယ့် သူက ရာယာကို ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုပေးဖို့ ခေါ်ယူခဲ့တာဆိုရင်တော့ သူက ရမ်းစ်ဒေးလ်ကို လိုအပ်တာထက်ပိုပြီး ကြီးမားတဲ့ ပြဿနာတွေဖြစ်လာစေမှာပါ။ ရမ်းစ်ဒေးလ်က ကျောနံပါတ် ၂ ဖြစ်ဖို့အတွက်ကျတော့ ကောင်းလွန်းနေတယ်။ ရာယာလည်း အတူတူပဲ။ ရာယာက အာတီတာရဲ့ နံပါတ် ၁ လို့ ထင်တယ်။ ရမ်းစ်ဒေးလ်က အာဆင်နယ်အတွက် ရာသီကို စတင်နိုင်မယ်လို့ ထင်ပေမယ့် ရာယာက သိပ်မကြာခင်မှာပဲ သူ့နေရာမှာ အစားထိုးခံရပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာယာဟာ ၂၀၁၉ ခုနှစ်မှာ ဘလက်ဘန်းရိုဗာစ်အသင်းကနေ ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့ပြီးကတည်းက ဘရန့်တ်ဖို့ဒ်အတွက် ၁၆၁ ပွဲပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet