ရမ်းစ်ဒေးလ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ အာတီတာ
အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ မြောက်လန်ဒန်မှာ ပုံမှန်ပွဲထွက်ခွင့်ရဂိုးသမားနေရာကို ဆုံးရှုံးခဲ့ရပြီး ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တာကြောင့် ပုံမှန်ပွဲကစားချိန်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ဟာ ယခုလမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း အင်္ဂလန်ဂိုးသမားကို ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်ထားခြင်းမရှိတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ အာရွန် ရမ်းစ်ဒေးလ်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်သွားဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့်Football Insider ရဲ့ ဖော်ပြချက်အရ အာတီတာဟာ အင်္ဂလန်ဂိုးသမားကို နွေရာသီမှာလည်း ထွက်ခွင့်မပေးချင်ဘူးလို့ သိရပါတယ်။
အာဆင်နယ်နည်းပြဟာ အင်္ဂလန်လက်ရွေးစင်ဂိုးသမားနဲ့ စကား ပြောဆိုခဲ့ပြီး အမ်းမရိတ်စ်က ပွဲထွက်ဂိုးသမားနေရာအတွက် အသင်းမှာ ဆက်နေပြီး တိုက်ပွဲဝင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အသင်းမှာ ထိပ်တန်းအရည်အသွေးရှိတဲ့ဂိုးသမား ၂ ဦးကို ထိန်းသိမ်းထားချင်နေတာဖြစ်ပြီး ဂိုးသမား ၂ ဦးစလုံးကို အလှည့်ကျ ပွဲထွက်ခွင့်ပေးပြီး ပျော်အောင် ထားနိုင်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိမှာ သေချာပါတယ်။
ရမ်းစ်ဒေးလ်ဟာ ပွဲကစားချိန် မဖြစ်မနေ လိုအပ်နေပြီး အာတီတာအနေနဲ့ ဂိုးသမား ၂ ဦးကြားမှာ ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အသင္းကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ ေျမာက္လန္ဒန္မွာ ပုံမွန္ပြဲထြက္ခြင့္ရဂိုးသမားေနရာကို ဆုံးရႈံးခဲ့ရၿပီး ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနခ်ိန္ျဖစ္တာေၾကာင့္ ပုံမွန္ပြဲကစားခ်ိန္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။
ရမ္းစ္ေဒးလ္ဟာ ယခုလမွာ အာဆင္နယ္ကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလအတြင္း အဂၤလန္ဂိုးသမားကို ထြက္ခြာခြင့္ေပးဖို႔ ျပင္ဆင္ထားျခင္းမရွိတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာဆင္နယ္ဟာ အာ႐ြန္ ရမ္းစ္ေဒးလ္ကို လာမယ့္ ေႏြရာသီမွာ ေရာင္းထုတ္သြားဖို႔ စဥ္းစားေနတယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚေနခဲ့ေပမယ့္Football Insider ရဲ႕ ေဖာ္ျပခ်က္အရ အာတီတာဟာ အဂၤလန္ဂိုးသမားကို ေႏြရာသီမွာလည္း ထြက္ခြင့္မေပးခ်င္ဘူးလို႔ သိရပါတယ္။
အာဆင္နယ္နည္းျပဟာ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားနဲ႔ စကား ေျပာဆိုခဲ့ၿပီး အမ္းမရိတ္စ္က ပြဲထြက္ဂိုးသမားေနရာအတြက္ အသင္းမွာ ဆက္ေနၿပီး တိုက္ပြဲဝင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္ဟာ အသင္းမွာ ထိပ္တန္းအရည္အေသြးရွိတဲ့ဂိုးသမား ၂ ဦးကို ထိန္းသိမ္းထားခ်င္ေနတာျဖစ္ၿပီး ဂိုးသမား ၂ ဦးစလုံးကို အလွည့္က် ပြဲထြက္ခြင့္ေပးၿပီး ေပ်ာ္ေအာင္ ထားႏိုင္မယ္ဆိုရင္ အသင္းအတြက္ အက်ိဳးရွိမွာ ေသခ်ာပါတယ္။
ရမ္းစ္ေဒးလ္ဟာ ပြဲကစားခ်ိန္ မျဖစ္မေန လိုအပ္ေနၿပီး အာတီတာအေနနဲ႔ ဂိုးသမား ၂ ဦးၾကားမွာ ဘယ္လို ကိုင္တြယ္သြားမလဲဆိုတာ စိတ္ဝင္တစား ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News