ရည်မှန်းချက်မရှိတဲ့ အာဆင်နယ်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း
ချဲလ်ဆီးဂန္တဝင်နောက်ခံလူဟောင်း ဒေးဗစ် လူးဝစ်ဇ်က ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်မှာ နိုင်ပွဲဆာလောင်တဲ့စိတ်ဓာတ်မျိုး ကင်းမဲ့နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အူနိုင်း အမ်မရီရဲ့ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူဟာ အမ်းမရိတ်စ်မှာ ၂ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၇၃ ပွဲ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀၂၀ ရာသီမတိုင်ခင် စျေးကွက်နောက်ဆုံးနေ့မှာ ကီရန် တီယာနီနဲ့အတူ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ရာသီကို စိတ်ပျက်ဖွယ် စတင်ခဲ့ပြီးနောက် ၉ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလမှာ နည်းပြ အမ်မရီ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ အမ်းမရိတ်စ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အာတီတာဟာ နည်းပြအဖြစ်နဲ့ မြောက်လန်ဒန်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒေးဗစ် လူးဝစ်ဇ်က ဂန်းနားတွေဆီကို ရည်မှန်းချက်တွေ ပြန်လည်ယူဆောင်ပေးခဲ့တဲ့ စပိန်လူမျိုးနည်းပြကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
အာတီတာနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ဟာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို အတူတူ ကိုင်မြှောက်နိုင်ခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်နောက်ခံလူက လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်ကနေ အနိုင်ရရှိစေမယ့် ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
talkSPORT တင်ဆက်သူ ဂျင်မ် ဝှိုက်နဲ့ စကားပြောဆိုချိန်မှာ လူးဝစ်ဇ်က အာဆင်နယ်ဟာ ၎င်းအတွက် ဘယ်လို အဓိပ္ပာယ်ရှိလဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်နောက်ခံလူက “အများကြီးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီကို သွားခဲ့လို့ပါ။ အဲဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ အလားအလာအများကြီးရှိတဲ့အသင်းတစ်သင်းပါ။ ဒါပေမယ့် ဆုဖလားတွေကို အနိုင်ရချင်တဲ့ ဆာလောင်မှုတွေ အများကြီး ပျောက်ဆုံးနေခဲ့တယ်။ ကျွန်တော် ကစားသမားတွေနဲ့ အသင်းမှာ ရှိတဲ့လူတွေအားလုံးနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံခဲ့တာကို မှတ်မိသေးတယ်။ ကျွန်တော်တို့က ဒီရာသီအတွက် ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေအကြောင်း ပြောနေကြတာဖြစ်ပြီး ဘယ်သူကမှ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ မပြောခဲ့ကြဘူး။ ကျွန်တော်လည်း အဲဒါနဲ့ တော်ကြတော့။ ငါတို့တွေ အခုမှ ရာသီအစပဲရှိသေးတယ်။ ပထမဆုံးမင်းတို့မှာ ရှိဖို့လိုတာက ရည်မှန်းချက်ပဲ။ မင်းတို့ ဆုဖလားအကြောင်း စဉ်းစားဖို့ လိုတယ်လို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်ပြီးတော့မှ ထိပ်ဆုံး ၄ နေရာအကြောင်း ပြောခဲ့ကြတယ်”
“တစ်နှစ်အကြာမှာ ကျွန်တော် စပြီး နားလည်သွားခဲ့တယ်။ အသင်းက ဆုဖလားအနိုင်မရတာ အရမ်းကို ကြာနေခဲ့ပြီ။ အဲဒီတော့ သူတို့တွေ အများကြီး ယုံကြည်မှုတွေ မရှိကြတော့ဘူး။ ပြီးတော့ အာတီတာ ရောက်လာခဲ့တယ်။ အာတီတာက အသင်းမှာရှိတဲ့အရာတော်တော်များများကို ပြောင်းလဲခဲ့ပြီး သူ အားလုံးကို စပြီးတော့ လုပ်ငန်းစဉ်ကို ယုံကြည်အောင် လုပ်ခဲ့တယ်။ အသင်းက အခုဆိုရင် မှန်ကန်တဲ့စိတ်ဓာတ်ပိုင်း ပြန်ရနေပြီဖြစ်ပြီး သူတို့တွေ အာဆင်ဝင်းဂါးလက်အောက်မှာတုန်းက ရှိခဲ့တဲ့ စိတ်ဓာတ်မျိုးပေါ့။ သူတို့တွေ ကောင်းမွန်တဲ့ပုံစံနဲ့ ရရှိခဲ့တယ်။ အခုဆိုရင် ကျွန်တော် ပျော်ရွှင်နေပြီ။ ဘာလို့လဲဆိုတော့ အစပိုင်းတုန်းက ကျွန်တော် ကူညီပေးဖို့ ကြိုးစားခဲ့တဲ့ လူငယ်ကစားသမားတွေအများအပြားကို မြင်နေရလို့ပါ။ ခင်ဗျားကစားသမားဘဝအစမှာ ယုံကြည်မှုရဖို့က ခင်ဗျား ကြီးမားတဲ့အရာတွေကို အနိုင်ရဖို့လိုတယ်။ သူတို့အတွက် ကျွန်တော် ပျော်ရွှင်မိတယ်။ ဘာလို့လဲဆိုတော့ အခု သူတို့တွေ ဒီလိုမျိုး တွေးနေကြပြီမို့လို့ပါ။ နေ့တစ်နေ့အဆုံးမှာတော့ ငါ့ကစားသမားဘဝမှာ အရမ်းကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့တယ်ဆိုပြီးတော့ပေါ့။”
အာဆင်နယ်က ယခုရာသီမှာ ဆယ်စုနှစ် ၂ ခုကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ရယူသွားနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ လူးဝစ်ဇ်က “သူတို့တွေ လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီရာသီမှာ သူတို့တွေက ပြီးခဲ့တဲ့ရာသီကထက် ပိုပြီး နီးစပ်မှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက အတွေ့အကြုံတွေရခဲ့ပြီးတဲ့နောက်မှာပေါ့။”လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေးဗစ် လူးဝစ်ဇ်က နောက်ဆုံးမှာတော့ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို သမိုင်းဝင် ၄ နှစ်ဆက်တိုက် ဆွတ်ခူးသွားနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ခ်ဲလ္ဆီးဂႏၲဝင္ေနာက္ခံလူေဟာင္း ေဒးဗစ္ လူးဝစ္ဇ္က ၂၀၁၉ ခုႏွစ္မွာ ခ်ဲလ္ဆီးကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့အခ်ိန္မွာ ႏိုင္ပြဲဆာေလာင္တဲ့စိတ္ဓာတ္မ်ိဳး ကင္းမဲ့ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အူႏိုင္း အမ္မရီရဲ႕ ကစားသမားေခၚယူမႈျဖစ္တဲ့ ဘရာဇီးလ္ေနာက္ခံလူဟာ အမ္းမရိတ္စ္မွာ ၂ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၇၃ ပြဲ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ ေပါင္ ၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၁၉-၂၀၂၀ ရာသီမတိုင္ခင္ ေစ်းကြက္ေနာက္ဆုံးေန႔မွာ ကီရန္ တီယာနီနဲ႔အတူ အာဆင္နယ္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ရာသီကို စိတ္ပ်က္ဖြယ္ စတင္ခဲ့ၿပီးေနာက္ ၉ ပြဲမွာ ၁ ပြဲသာအႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ႏိုဝင္ဘာလမွာ နည္းျပ အမ္မရီ အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။
၂၀၁၆ ခုႏွစ္မွာ အသင္းေခါင္းေဆာင္အျဖစ္နဲ႔ အမ္းမရိတ္စ္မွာ ကစားသမားဘဝကေန အနားယူခဲ့တဲ့ အာတီတာဟာ နည္းျပအျဖစ္နဲ႔ ေျမာက္လန္ဒန္ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေဒးဗစ္ လူးဝစ္ဇ္က ဂန္းနားေတြဆီကို ရည္မွန္းခ်က္ေတြ ျပန္လည္ယူေဆာင္ေပးခဲ့တဲ့ စပိန္လူမ်ိဳးနည္းျပကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
အာတီတာနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ဟာ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔ကို အတူတူ ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္ေနာက္ခံလူက လီဗာပူးလ္ကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမွာ ပင္နယ္တီ အဆုံးအျဖတ္ကေန အႏိုင္ရရွိေစမယ့္ ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
talkSPORT တင္ဆက္သူ ဂ်င္မ္ ဝႈိက္နဲ႔ စကားေျပာဆိုခ်ိန္မွာ လူးဝစ္ဇ္က အာဆင္နယ္ဟာ ၎အတြက္ ဘယ္လို အဓိပၸာယ္ရွိလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး ဘရာဇီးလ္ေနာက္ခံလူက “အမ်ားႀကီးပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အဲဒီကို သြားခဲ့လို႔ပါ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ဆုံးျဖတ္ခ်က္ပါ။ အလားအလာအမ်ားႀကီးရွိတဲ့အသင္းတစ္သင္းပါ။ ဒါေပမယ့္ ဆုဖလားေတြကို အႏိုင္ရခ်င္တဲ့ ဆာေလာင္မႈေတြ အမ်ားႀကီး ေပ်ာက္ဆုံးေနခဲ့တယ္။ ကြၽန္ေတာ္ ကစားသမားေတြနဲ႔ အသင္းမွာ ရွိတဲ့လူေတြအားလုံးနဲ႔ ပထမဆုံး အႀကိမ္ေတြ႕ဆုံခဲ့တာကို မွတ္မိေသးတယ္။ ကြၽန္ေတာ္တို႔က ဒီရာသီအတြက္ ကြၽန္ေတာ္တို႔ရဲ႕ ပန္းတိုင္ေတြအေၾကာင္း ေျပာေနၾကတာျဖစ္ၿပီး ဘယ္သူကမွ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရဖို႔ မေျပာခဲ့ၾကဘူး။ ကြၽန္ေတာ္လည္း အဲဒါနဲ႔ ေတာ္ၾကေတာ့။ ငါတို႔ေတြ အခုမွ ရာသီအစပဲရွိေသးတယ္။ ပထမဆုံးမင္းတို႔မွာ ရွိဖို႔လိုတာက ရည္မွန္းခ်က္ပဲ။ မင္းတို႔ ဆုဖလားအေၾကာင္း စဥ္းစားဖို႔ လိုတယ္လို႔ ေျပာလိုက္တယ္။ အဲဒီလို ေျပာလိုက္ၿပီးေတာ့မွ ထိပ္ဆုံး ၄ ေနရာအေၾကာင္း ေျပာခဲ့ၾကတယ္”
“တစ္ႏွစ္အၾကာမွာ ကြၽန္ေတာ္ စၿပီး နားလည္သြားခဲ့တယ္။ အသင္းက ဆုဖလားအႏိုင္မရတာ အရမ္းကို ၾကာေနခဲ့ၿပီ။ အဲဒီေတာ့ သူတို႔ေတြ အမ်ားႀကီး ယုံၾကည္မႈေတြ မရွိၾကေတာ့ဘူး။ ၿပီးေတာ့ အာတီတာ ေရာက္လာခဲ့တယ္။ အာတီတာက အသင္းမွာရွိတဲ့အရာေတာ္ေတာ္မ်ားမ်ားကို ေျပာင္းလဲခဲ့ၿပီး သူ အားလုံးကို စၿပီးေတာ့ လုပ္ငန္းစဥ္ကို ယုံၾကည္ေအာင္ လုပ္ခဲ့တယ္။ အသင္းက အခုဆိုရင္ မွန္ကန္တဲ့စိတ္ဓာတ္ပိုင္း ျပန္ရေနၿပီျဖစ္ၿပီး သူတို႔ေတြ အာဆင္ဝင္းဂါးလက္ေအာက္မွာတုန္းက ရွိခဲ့တဲ့ စိတ္ဓာတ္မ်ိဳးေပါ့။ သူတို႔ေတြ ေကာင္းမြန္တဲ့ပုံစံနဲ႔ ရရွိခဲ့တယ္။ အခုဆိုရင္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနၿပီ။ ဘာလို႔လဲဆိုေတာ့ အစပိုင္းတုန္းက ကြၽန္ေတာ္ ကူညီေပးဖို႔ ႀကိဳးစားခဲ့တဲ့ လူငယ္ကစားသမားေတြအမ်ားအျပားကို ျမင္ေနရလို႔ပါ။ ခင္ဗ်ားကစားသမားဘဝအစမွာ ယုံၾကည္မႈရဖို႔က ခင္ဗ်ား ႀကီးမားတဲ့အရာေတြကို အႏိုင္ရဖို႔လိုတယ္။ သူတို႔အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိတယ္။ ဘာလို႔လဲဆိုေတာ့ အခု သူတို႔ေတြ ဒီလိုမ်ိဳး ေတြးေနၾကၿပီမို႔လို႔ပါ။ ေန႔တစ္ေန႔အဆုံးမွာေတာ့ ငါ့ကစားသမားဘဝမွာ အရမ္းေကာင္းတဲ့ အခိုက္အတန႔္ျဖစ္ခဲ့တယ္ဆိုၿပီးေတာ့ေပါ့။”
အာဆင္နယ္က ယခုရာသီမွာ ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ရယူသြားႏိုင္မလားလို႔ ေမးျမန္းခဲ့ရာမွာ လူးဝစ္ဇ္က “သူတို႔ေတြ လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒီရာသီမွာ သူတို႔ေတြက ၿပီးခဲ့တဲ့ရာသီကထက္ ပိုၿပီး နီးစပ္မွာပါ။ အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီက အေတြ႕အႀကဳံေတြရခဲ့ၿပီးတဲ့ေနာက္မွာေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေဒးဗစ္ လူးဝစ္ဇ္က ေနာက္ဆုံးမွာေတာ့ မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဖလားကို သမိုင္းဝင္ ၄ ႏွစ္ဆက္တိုက္ ဆြတ္ခူးသြားႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္တယ္လို႔ ဝန္ခံ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News