မန်ယူနဲ့သရေကျတုန်းက ဆတ်ဆတ်ခါခဲ့သလောက် ပွဲအပြီးမှာ ဂန်းနားကြယ်ပွင့်နဲ့ ရှပ်လဲခဲ့တဲ့ ဗန်ဒိုက်
လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ အန်းဖီးမှာ အာဆင်နယ်နဲ့ သရေကျခဲ့ပြီးနောက် ဥမင်လျှောက်လမ်းထဲမှာ အာဆင်နယ်ကြယ်ပွင့်နဲ့ ရှပ်ချင်းလဲလှယ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ဟာ စနေနေ့က လီဗာပူးလ်အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ပြီးနောက် အန်းဖီး ကျိန်းစာဆိုးကို အဆုံးသတ်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်း ၄ မိနစ်မှာပဲ မာတင် အော်ဒီဂွါဒ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဂါဘရီယဲလ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိမ်ရှင်တွေဟာ မိုဟာမက် ဆာလားရဲ့ အလွန်ကောင်းမွန်တဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကနေတဆင့် ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဗန်ဒိုက်က သရေ ၁ မှတ်သာရခဲ့လို့ စိတ်ပျက်ခဲ့ပေမယ့်လည်း ဂန်းနားတွေကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
“စိတ်ပျက်မိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ကြီးမားတဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အရမ်းကောင်းတဲ့ပွဲတစ်ပွဲမှာ ပါဝင်ကစားပေးခဲ့ရတယ်။ အာဆင်နယ်က အရမ်းကောင်းတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲကို အနိုင်ရဖို့ အခွင့်အရေးရခဲ့တယ်လို့ ထင်ပြီး ကံဆိုးစွာနဲ့ အနိုင်မယူနိုင်ခဲ့ဘူး။ နှစ်သင်းစလုံးအတွက် ပြင်းထန်တဲ့ပွဲဖြစ်ခဲ့တယ်လို့ ထင်ပြီး ကျွန်တော်တို့ ဆက်သွားရမှာပါ။ ကျွန်တော်တို့ စကစားခင်ကထက် ၁ မှတ်ပဲ ပိုသာသွားတာပါ။ အဲဒီတော့ ဒါက အပေါင်းလက္ခဏာဆောင်တာ သိသာပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
✨ Gabriel x Van Dijk swap shirts! 😁🤝 pic.twitter.com/6Y6h9ipTPw
— EuroFoot (@eurofootcom) December 25, 2023
ပွဲအပြီးမှာ ဗန်ဒိုက်ဟာ ဥမင်လျှောက်လမ်းထဲမှာ အာဆင်နယ်ရဲ့ ဂိုးသွင်းရှင်ဖြစ်တဲ့ ဂါဘရီယဲလ်နဲ့ ရှပ်ချင်း လဲလှယ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လာမယ့် ဇန်နဝါရီ ၇ ရက်နေ့ အမ်းမရိတ်စ်မှာ ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ ဒီထက်ပိုပြီး ပွဲကြမ်းဖို့များပါတယ်။
အာဆင်နယ်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်း အမ်းမရိတ်စ်မှာ လီဗာပူးလ်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံယှဉ်ပြိုင်ရဖို့လည်း ရှိနေသေးပြီး ဗန်ဒိုက်က ဒီရာသီ ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေက လီဗာပူးလ်ကို နည်းပေါင်းစုံနဲ့ တွန်းအားပေးသွားနိုင်မယ်လို့ ယုံကြည်လားလို့ မေးမြန်းခံခဲ့ရချိန်မှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“သူတို့တွေလည်း ခြေစွမ်းပိုင်းတည်ငြိမ်မှုရဖို့ မျှော်လင့်နေပြီး သူတို့တွေက မနှစ်ကတည်းက တော်တော်ကောင်းကောင်း လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ဒီနှစ်မှာလည်း တော်တော်ကောင်းကောင်း လုပ်နိုင်နေပြီး ဒီတိုင်း ဆက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဖေဖော်ဝါရီ၊ မတ်လလောက်ကျရင် ဘယ်နေရာလောက်ရောက်နေမလဲ ကြည့်တာပေ့ါ။ ပြီးရင်တော့ ကျွန်တော်တို့ တကယ်ကို တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗာဂ်ယ္ ဗန္ဒိုက္ဟာ အန္းဖီးမွာ အာဆင္နယ္နဲ႔ သေရက်ခဲ့ၿပီးေနာက္ ဥမင္ေလွ်ာက္လမ္းထဲမွာ အာဆင္နယ္ၾကယ္ပြင့္နဲ႔ ရွပ္ခ်င္းလဲလွယ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္ဟာ စေနေန႔က လီဗာပူးလ္အိမ္ကြင္းမွာ ၁-၁ သေရက်ခဲ့ၿပီးေနာက္ အန္းဖီး က်ိန္းစာဆိုးကို အဆုံးသတ္ႏိုင္မယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပထမပိုင္း ၄ မိနစ္မွာပဲ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ဂါဘရီယဲလ္က ေခါင္းတိုက္ၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း အိမ္ရွင္ေတြဟာ မိုဟာမက္ ဆာလားရဲ႕ အလြန္ေကာင္းမြန္တဲ့ ထိုးေဖာက္တိုက္စစ္ဆင္မႈကေနတဆင့္ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဗန္ဒိုက္က သေရ ၁ မွတ္သာရခဲ့လို႔ စိတ္ပ်က္ခဲ့ေပမယ့္လည္း ဂန္းနားေတြကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
“စိတ္ပ်က္မိခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ႀကီးမားတဲ့ တိုက္ပြဲျဖစ္ခဲ့တယ္။ အရမ္းေကာင္းတဲ့ပြဲတစ္ပြဲမွာ ပါဝင္ကစားေပးခဲ့ရတယ္။ အာဆင္နယ္က အရမ္းေကာင္းတဲ့အသင္းပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပြဲကို အႏိုင္ရဖို႔ အခြင့္အေရးရခဲ့တယ္လို႔ ထင္ၿပီး ကံဆိုးစြာနဲ႔ အႏိုင္မယူႏိုင္ခဲ့ဘူး။ ႏွစ္သင္းစလုံးအတြက္ ျပင္းထန္တဲ့ပြဲျဖစ္ခဲ့တယ္လို႔ ထင္ၿပီး ကြၽန္ေတာ္တို႔ ဆက္သြားရမွာပါ။ ကြၽန္ေတာ္တို႔ စကစားခင္ကထက္ ၁ မွတ္ပဲ ပိုသာသြားတာပါ။ အဲဒီေတာ့ ဒါက အေပါင္းလကၡဏာေဆာင္တာ သိသာပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
✨ Gabriel x Van Dijk swap shirts! 😁🤝 pic.twitter.com/6Y6h9ipTPw
— EuroFoot (@eurofootcom) December 25, 2023
ပြဲအၿပီးမွာ ဗန္ဒိုက္ဟာ ဥမင္ေလွ်ာက္လမ္းထဲမွာ အာဆင္နယ္ရဲ႕ ဂိုးသြင္းရွင္ျဖစ္တဲ့ ဂါဘရီယဲလ္နဲ႔ ရွပ္ခ်င္း လဲလွယ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လာမယ့္ ဇန္နဝါရီ ၇ ရက္ေန႔ အမ္းမရိတ္စ္မွာ ကစားမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာေတာ့ ဒီထက္ပိုၿပီး ပြဲၾကမ္းဖို႔မ်ားပါတယ္။
အာဆင္နယ္ဟာ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အိမ္ကြင္း အမ္းမရိတ္စ္မွာ လီဗာပူးလ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဆုံယွဥ္ၿပိဳင္ရဖို႔လည္း ရွိေနေသးၿပီး ဗန္ဒိုက္က ဒီရာသီ ဆုဖလားၿပိဳင္ပြဲမွာ ဂန္းနားေတြက လီဗာပူးလ္ကို နည္းေပါင္းစုံနဲ႔ တြန္းအားေပးသြားႏိုင္မယ္လို႔ ယုံၾကည္လားလို႔ ေမးျမန္းခံခဲ့ရခ်ိန္မွာ အခုလိုပဲ ေျဖၾကားခဲ့ပါတယ္။
“သူတို႔ေတြလည္း ေျခစြမ္းပိုင္းတည္ၿငိမ္မႈရဖို႔ ေမွ်ာ္လင့္ေနၿပီး သူတို႔ေတြက မႏွစ္ကတည္းက ေတာ္ေတာ္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ဒီႏွစ္မွာလည္း ေတာ္ေတာ္ေကာင္းေကာင္း လုပ္ႏိုင္ေနၿပီး ဒီတိုင္း ဆက္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ေဖေဖာ္ဝါရီ၊ မတ္လေလာက္က်ရင္ ဘယ္ေနရာေလာက္ေရာက္ေနမလဲ ၾကည့္တာေပ့ါ။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ တကယ္ကို တြန္းအားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News