မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ရီးရဲလ်တို့ထက် တန်ဖိုးပိုရှိတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ နည်းပြ အာတီတာလက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ဆယ်စုနှစ် ၂ ခုကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားနဲ့ လက်မတင်လေး လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာ နောက်ထပ် ဆုဖလားစိန်ခေါ်မှု ပြုလုပ်နေတာဖြစ်ပါတယ်။
ဂန်းနားတွေရဲ့ လူစာရင်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့ရဲ့ လူစာရင်းထက် ပေါင်သန်း ၂၀၀ ပိုမို တန်ကြေးရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့လူစာရင်းထက်လည်း တန်ဖိုးပိုမို မြင့်မားနေတာ ဖြစ်ပါတယ်။
Transfermarkt ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအရှိဆုံးအသင်းအဖြစ် ပေါင် ၁.၁ ဘီလီယံနဲ့ ရပ်တည်နေပြီး အာဆင်နယ်ကလည်း ပေါင်သန်း ၉၆၀ နဲ့ ဒုတိယမြောက် တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းတန်ဖိုးက ပေါင်သန်း ၉၄၀ ရှိပြီး ရီးရဲလ်မက်ဒရစ်တစ်သင်းလုံးရဲ့ တန်ဖိုးကတော့ ပေါင်သန်း ၉၀၀ တန်ကြေးရှိပါတယ်။ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေလက်ထက်မှာ စံချိန်တင်ငွေကြေးသုံးစွဲမှုတွေနဲ့ ကစားသမားသစ်တွေ ခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်းလူစာရင်းရဲ့ တန်ဖိုးကတော့ ပေါင်သန်း ၈၇၀ ရှိပြီး ဘိုင်ယန်မြူးနစ်က ပေါင် ၈၂၈ သန်း၊ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့က ပေါင် ၇၆၆ သန်းရှိနေတာဖြစ်ပါတယ်။
အာတီတာဟာ အမ်းမရိတ်စ်မှာ တာဝန်ယူကိုင်တွယ်နေတဲ့ ကာလအတွင်း ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူခဲ့ပြီး ဒီကလန် ရိုက်၊ ဂါဘရီယဲလ် ဂျေးဇု၊ ဘန် ဝှိုက်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ဘူကာယို ဆာကာကိုသာ ရောင်းမယ်ဆိုရင် လက်ရှိ စျေးကွက်ပေါက်စျေးပေါင် ၁၀၅ သန်းအထိ ရှိနေတာဖြစ်ပြီး ဒီကလန် ရိုက်က ပေါင် ၈၇.၅ သန်းနဲ့ ဒုတိယမြောက် တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ရဲ့ တန်ကြေးကတော့ ပေါင် ၇၉ သန်းနီးပါးရှိပေမယ့်လည်း အာတီတာအနေနဲ့ ၎င်းရဲ့ အဖိုးတန်ကစားသမားတွေကို သိပ်မကြာခင် အချိန်အတွင်းမှာ ရောင်းထုတ်ဖို့ အစီအစဉ် ရှိမှာမဟုတ်ပါဘူး။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ နည္းျပ အာတီတာလက္ေအာက္မွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ဆယ္စုႏွစ္ ၂ ခုၾကာေဝးကြာေနခဲ့တဲ့ အမွတ္ေပးဖလားနဲ႔ လက္မတင္ေလး လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဒီရာသီမွာ ေနာက္ထပ္ ဆုဖလားစိန္ေခၚမႈ ျပဳလုပ္ေနတာျဖစ္ပါတယ္။
ဂန္းနားေတြရဲ႕ လူစာရင္းဟာ လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္တို႔ရဲ႕ လူစာရင္းထက္ ေပါင္သန္း ၂၀၀ ပိုမို တန္ေၾကးရွိေနၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕လူစာရင္းထက္လည္း တန္ဖိုးပိုမို ျမင့္မားေနတာ ျဖစ္ပါတယ္။
Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာစီးတီးဟာ ကမာၻ႔ေဘာလုံးေလာကမွာ တန္ဖိုးအရွိဆုံးအသင္းအျဖစ္ ေပါင္ ၁.၁ ဘီလီယံနဲ႔ ရပ္တည္ေနၿပီး အာဆင္နယ္ကလည္း ေပါင္သန္း ၉၆၀ နဲ႔ ဒုတိယေျမာက္ တန္ဖိုးအရွိဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းရဲ႕ လူစာရင္းတန္ဖိုးက ေပါင္သန္း ၉၄၀ ရွိၿပီး ရီးရဲလ္မက္ဒရစ္တစ္သင္းလုံးရဲ႕ တန္ဖိုးကေတာ့ ေပါင္သန္း ၉၀၀ တန္ေၾကးရွိပါတယ္။ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုေလလက္ထက္မွာ စံခ်ိန္တင္ေငြေၾကးသုံးစြဲမႈေတြနဲ႔ ကစားသမားသစ္ေတြ ေခၚယူထားတဲ့ ခ်ဲလ္ဆီးအသင္းလူစာရင္းရဲ႕ တန္ဖိုးကေတာ့ ေပါင္သန္း ၈၇၀ ရွိၿပီး ဘိုင္ယန္ျမဴးနစ္က ေပါင္ ၈၂၈ သန္း၊ မန္ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔က ေပါင္ ၇၆၆ သန္းရွိေနတာျဖစ္ပါတယ္။
အာတီတာဟာ အမ္းမရိတ္စ္မွာ တာဝန္ယူကိုင္တြယ္ေနတဲ့ ကာလအတြင္း ထိပ္တန္းကစားသမားအမ်ားအျပားကို ေခၚယူခဲ့ၿပီး ဒီကလန္ ႐ိုက္၊ ဂါဘရီယဲလ္ ေဂ်းဇု၊ ဘန္ ဝႈိက္တို႔လို ကစားသမားေတြကို ေခၚယူခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ ဘူကာယို ဆာကာကိုသာ ေရာင္းမယ္ဆိုရင္ လက္ရွိ ေစ်းကြက္ေပါက္ေစ်းေပါင္ ၁၀၅ သန္းအထိ ရွိေနတာျဖစ္ၿပီး ဒီကလန္ ႐ိုက္က ေပါင္ ၈၇.၅ သန္းနဲ႔ ဒုတိယေျမာက္ တန္ဖိုးအရွိဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။
အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ တန္ေၾကးကေတာ့ ေပါင္ ၇၉ သန္းနီးပါးရွိေပမယ့္လည္း အာတီတာအေနနဲ႔ ၎ရဲ႕ အဖိုးတန္ကစားသမားေတြကို သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ ေရာင္းထုတ္ဖို႔ အစီအစဥ္ ရွိမွာမဟုတ္ပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News