မန်စီးတီး ခြေချော်ပြီးနောက် အာဆင်နယ်ဖလားရလိမ့်မယ်လို့ ပြောလိုက်တဲ့ ဂယ်ရီ နဗီး
ဂယ်ရီ နဗီးက အာဆင်နယ်အနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထင်မြင်နေဆဲဖြစ်ပြီး စနေနေ့မှာ မန်စီးတီးရဲ့ ခြေချော်မှုက ဂန်းနားတွေအတွက် အားဖြစ်စေလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ဝုလ်ဗ်စ်ကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ယူနိုက်တက်ကို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေကတော့ ဘုန်းမောက်ကို ၄-၀ နဲ့ အဝေးကွင်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့် ၇ ပွဲ ကစားပြီးနောက် မန်စီးတီးရဲ့နောက် ၁ မှတ်အကွာမှာ ဖိအားပေးနေတာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၀၄ နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ရာသီကုန်ခါနီးမှာ မန်စီးတီးက ကျော်တက်ရယူသွားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးဟာ ဒီတစ်ကြိမ်မှာတော့ မြောက်လန်ဒန်သားတွေအတွက် အောင်ပွဲ ရရှိလိမ့်မယ်လို့ ထောက်ခံ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ဒီနှစ် အာဆင်နယ်က လိဂ်ဖလားကို ရသွားမယ်လို့ ထင်တယ်။ ဒါက မန်စီးတီးကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ကြီးမားခဲ့မှာဖြစ်တဲ့ ဖလား ၃ လုံးအပြီး ခံစားချက်ပါ။ သူတို့တွေက ဒီရာသီမှာ လိဂ်ဖလားကို အလွယ်တကူနဲ့ အနိုင်ရနိုင်ပြီး တစ်ပွဲလေးပဲ ရှုံးတာဆိုတာ သိသာပါတယ်။ ဒါပေမယ့်လည်း သေးငယ်တဲ့ရလဒ်တွေက တခြားအသင်းကို အားတက်စေနိုင်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက မန်စီးတီး ပွဲစဉ်တွေ ရှုံးနိမ့်ခဲ့တာ သိခဲ့ပြီး နိုင်ပွဲအကြာကြီး ဆက်နိုင်ခဲ့တယ်။ အဲဒီတော့ သူတို့တွေကို လျှော့တွက်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီရှုံးပွဲက အာဆင်နယ်အတွက် အင်အားတွေ အများကြီး ပေးပါလိမ့်မယ်။ နယူးကာဆယ်နဲ့ပွဲမှာ ဂွါဒီယိုလာက အကောင်းဆုံးအသင်းကို ထုတ်ခဲ့ပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာလည်း သူတို့ ၂ ဂိုး ပေးခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတယ်။ သူတို့တွေက လူသားတွေပါပဲ။ အဲဒါက စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ အာဆင်နယ်သာ ကစားသမားတွေကို ကြံ့ခိုင်နေအောင် ထားနိုင်ရင် ဒီရာသီမှာ အရမ်းကောင်းတဲ့ အခွင့်အရေး ရှိပါတယ်”
“အာဆင်နယ်ဆီက အရမ်းကောင်းတဲ့တုံ့ပြန်မှုပါ(ဘုန်းမောက်နိုင်ပွဲ)။ သူတို့တွေ မြောက်လန်ဒန်ဒါဘီ စိတ်ပျက်မှုကနေ ရုန်းထွက်နိုင်ခဲ့တယ်။ သူတို့တွေ ရာသီအတွင်းမှာ ဒီလို အခိုက်အတန့်တွေ ရင်ဆိုင်ရမှာပါ။ သူတို့တွေ ဆုဖလားပြိုင်ပွဲထဲမှာ ပြန်ရောက်လာပြီဖြစ်လို့ ယုံကြည်ချက်ရှိနေပါလိမ့်မယ်။ ခင်ဗျား သူတို့ကို လိုက်မီပါ့မလားလို့ တွေးမိရင် ကွာဟမှုက ၄ မှတ်၊ ၆ မှတ်ဖြစ်မှာမဟုတ်ပါဘူး။ သူတို့နဲ့ နီးနီးကပ်ကပ်နေပြီး ၉ ပွဲ၊ ၁၀ ပွဲလောက် ကစားဖို့ ကျန်တဲ့အချိန်အထိ တည်တည်ငြိမ်ငြိမ်နဲ့ ထပ်သွားရမယ်။ အာဆင်နယ်က လွတ်လွတ်ကျွတ်ကျွတ်နဲ့ လိဂ်ကို အနိုင်ရသွားမှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ပထမဆုံးဖလားက အဲဒီလိုမျိုး အရမ်းကို ခဲယဉ်းပြီး ကျားကုတ်ကျားခဲကို ရယူရမှာပါ။ ပြီးခဲ့တဲ့ရာသီမှာ သူတို့တွေ နောက်ဆုံးမှာ အမှားတွေ လုပ်ခဲ့ပေမယ့် သူတို့တွေ အဲဒီအနေအထားမှာ ထပ်ရှိနေမှာပါ။ အဲဒီကျရင် သူတို့တွေက ရင့်ကျက်သွားပြီလား မြင်ရမှာပါ။ သူတို့တွေ ရင့်ကျက်သွားပြီလို့ ကျွန်တော် ထင်တယ်။ သူတို့ကို ကျွန်တော် အာရုံစိုက်ပြီး နည်းနည်းပိုပြီး အညှာအတာကင်းမဲ့စေချင်တယ်။ ကြီးမားတဲ့ စမ်းသပ်မှုတွေက လာနေပြီဖြစ်ပြီး ကျွန်တော် ဘာဖြစ်လာမလဲ စောင့်မျှော်နေတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ မန်စီးတီးပဲ ဖလားရနိုင်တာမဟုတ်တာကြောင့်ပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂယ္ရီ နဗီးက အာဆင္နယ္အေနနဲ႔ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိလိမ့္မယ္လို႔ ထင္ျမင္ေနဆဲျဖစ္ၿပီး စေနေန႔မွာ မန္စီးတီးရဲ႕ ေျခေခ်ာ္မႈက ဂန္းနားေတြအတြက္ အားျဖစ္ေစလိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။
ပပ္ ဂြါဒီယိုလာရဲ႕ အသင္းဟာ ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး နယူးကာဆယ္ယူႏိုက္တက္ကို ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့လို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးေနာက္ ၂ ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြကေတာ့ ဘုန္းေမာက္ကို ၄-၀ နဲ႔ အေဝးကြင္း ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ အဖြင့္ ၇ ပြဲ ကစားၿပီးေနာက္ မန္စီးတီးရဲ႕ေနာက္ ၁ မွတ္အကြာမွာ ဖိအားေပးေနတာ ျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ၂၀၀၄ ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ရာသီကုန္ခါနီးမွာ မန္စီးတီးက ေက်ာ္တက္ရယူသြားျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးဟာ ဒီတစ္ႀကိမ္မွာေတာ့ ေျမာက္လန္ဒန္သားေတြအတြက္ ေအာင္ပြဲ ရရွိလိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္ကေတာ့ ဒီႏွစ္ အာဆင္နယ္က လိဂ္ဖလားကို ရသြားမယ္လို႔ ထင္တယ္။ ဒါက မန္စီးတီးကစားသမားေတြနဲ႔ ဝန္ထမ္းေတြအတြက္ ႀကီးမားခဲ့မွာျဖစ္တဲ့ ဖလား ၃ လုံးအၿပီး ခံစားခ်က္ပါ။ သူတို႔ေတြက ဒီရာသီမွာ လိဂ္ဖလားကို အလြယ္တကူနဲ႔ အႏိုင္ရႏိုင္ၿပီး တစ္ပြဲေလးပဲ ရႈံးတာဆိုတာ သိသာပါတယ္။ ဒါေပမယ့္လည္း ေသးငယ္တဲ့ရလဒ္ေတြက တျခားအသင္းကို အားတက္ေစႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ အရင္တုန္းက မန္စီးတီး ပြဲစဥ္ေတြ ရႈံးနိမ့္ခဲ့တာ သိခဲ့ၿပီး ႏိုင္ပြဲအၾကာႀကီး ဆက္ႏိုင္ခဲ့တယ္။ အဲဒီေတာ့ သူတို႔ေတြကို ေလွ်ာ့တြက္လို႔မရႏိုင္ပါဘူး။ ဒါေပမယ့္ ဒီရႈံးပြဲက အာဆင္နယ္အတြက္ အင္အားေတြ အမ်ားႀကီး ေပးပါလိမ့္မယ္။ နယူးကာဆယ္နဲ႔ပြဲမွာ ဂြါဒီယိုလာက အေကာင္းဆုံးအသင္းကို ထုတ္ခဲ့ၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာလည္း သူတို႔ ၂ ဂိုး ေပးခဲ့ရၿပီး ေနာက္ကေန လိုက္ကစားခဲ့ရတယ္။ သူတို႔ေတြက လူသားေတြပါပဲ။ အဲဒါက စိတ္ဝင္စားစရာေကာင္းပါလိမ့္မယ္။ အာဆင္နယ္သာ ကစားသမားေတြကို ႀကံ့ခိုင္ေနေအာင္ ထားႏိုင္ရင္ ဒီရာသီမွာ အရမ္းေကာင္းတဲ့ အခြင့္အေရး ရွိပါတယ္”
“အာဆင္နယ္ဆီက အရမ္းေကာင္းတဲ့တုံ႔ျပန္မႈပါ(ဘုန္းေမာက္ႏိုင္ပြဲ)။ သူတို႔ေတြ ေျမာက္လန္ဒန္ဒါဘီ စိတ္ပ်က္မႈကေန ႐ုန္းထြက္ႏိုင္ခဲ့တယ္။ သူတို႔ေတြ ရာသီအတြင္းမွာ ဒီလို အခိုက္အတန႔္ေတြ ရင္ဆိုင္ရမွာပါ။ သူတို႔ေတြ ဆုဖလားၿပိဳင္ပြဲထဲမွာ ျပန္ေရာက္လာၿပီျဖစ္လို႔ ယုံၾကည္ခ်က္ရွိေနပါလိမ့္မယ္။ ခင္ဗ်ား သူတို႔ကို လိုက္မီပါ့မလားလို႔ ေတြးမိရင္ ကြာဟမႈက ၄ မွတ္၊ ၆ မွတ္ျဖစ္မွာမဟုတ္ပါဘူး။ သူတို႔နဲ႔ နီးနီးကပ္ကပ္ေနၿပီး ၉ ပြဲ၊ ၁၀ ပြဲေလာက္ ကစားဖို႔ က်န္တဲ့အခ်ိန္အထိ တည္တည္ၿငိမ္ၿငိမ္နဲ႔ ထပ္သြားရမယ္။ အာဆင္နယ္က လြတ္လြတ္ကြၽတ္ကြၽတ္နဲ႔ လိဂ္ကို အႏိုင္ရသြားမွာမဟုတ္ပါဘူး။ ခင္ဗ်ားရဲ႕ ပထမဆုံးဖလားက အဲဒီလိုမ်ိဳး အရမ္းကို ခဲယဥ္းၿပီး က်ားကုတ္က်ားခဲကို ရယူရမွာပါ။ ၿပီးခဲ့တဲ့ရာသီမွာ သူတို႔ေတြ ေနာက္ဆုံးမွာ အမွားေတြ လုပ္ခဲ့ေပမယ့္ သူတို႔ေတြ အဲဒီအေနအထားမွာ ထပ္ရွိေနမွာပါ။ အဲဒီက်ရင္ သူတို႔ေတြက ရင့္က်က္သြားၿပီလား ျမင္ရမွာပါ။ သူတို႔ေတြ ရင့္က်က္သြားၿပီလို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ကို ကြၽန္ေတာ္ အာ႐ုံစိုက္ၿပီး နည္းနည္းပိုၿပီး အညႇာအတာကင္းမဲ့ေစခ်င္တယ္။ ႀကီးမားတဲ့ စမ္းသပ္မႈေတြက လာေနၿပီျဖစ္ၿပီး ကြၽန္ေတာ္ ဘာျဖစ္လာမလဲ ေစာင့္ေမွ်ာ္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ဒီရာသီမွာ မန္စီးတီးပဲ ဖလားရႏိုင္တာမဟုတ္တာေၾကာင့္ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News