မန်စီးတီးနဲ့အာဆင်နယ်ပွဲမတိုင်ခင် အရဲစွန့်သုံးခံရမယ့် အော်ဒီဂွါဒ်နဲ့ ဟာလန်း
နော်ဝေလက်ရွေးစင်နည်းပြ ဆိုဘက်ကင်းက မာတင် အော်ဒီဂွါဒ်ရော အာလင်း ဟာလန်းပါ အင်္ဂါနေ့ညနေ ဆလိုဗက်ကီးယားနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ပွဲထွက် ပါဝင်ကစားပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့အပတ် လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့သူဖြစ်ပြီး သောကြာနေ့က ချက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ၇၅ မိနစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အော်ဒီဂွါဒ်ကတော့ ပွဲကစားချိန် ၄ မိနစ်သာ ကျန်တော့တဲ့အချိန်မှ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
နော်ဝေဟာ အင်္ဂါနေ့ည အော်စလိုမှာ ဆလိုဗက်ကီးယားနဲ့ နောက်ထပ် ခြေစမ်းပွဲအဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆိုဘက်ကင်းက အော်ဒီဂွါဒ်နဲ့ ဟာလန်းတို့ဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ကစားမယ့်ပွဲနဲ့ ၅ ရက်သာ လိုတော့ပေမယ့်လည်း အဲဒီပွဲမှာ ပါဝင်ကစားပေးချင်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးပရိသတ်တွေက ၎င်းတို့ရဲ့ ကစာသးမားတွေ ခြေစမ်းပွဲမှာ ဒဏ်ရာရမှာကို မမြင်ချင်တဲ့အကြောင်း ပြောဆိုခဲ့ရာမှာ ဆိုဘက်ကင်းက “ကျွန်တော်ကတော့ အဲဒီကိစ္စတွေကို ထည့်ကို မတွက်ပါဘူး။ စည်းမျဉ်းအရဆိုရင် အဲဒီကိစ္စတွေကို တခြားကိစ္စတွေလောက်ကို ထည့်မစဉ်းစားပါဘူး။ အဲဒီပွဲမတိုင်ခင် ၅ ရက်ကျန်ပါသေးတယ်။ ကျွန်တော် သူတို့ ၂ ယောက်စလုံးနဲ့ စကားပြောပြီးပြီ။ နှစ်ယောက်စလုံးက အဲဒီပွဲမှာ ပါဝင်ကစားပေးချင်နေကြတယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး ပျော်ရွှင်နေသင့်တယ်လို့ ထင်တယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ေနာ္ေဝလက္ေ႐ြးစင္နည္းျပ ဆိုဘက္ကင္းက မာတင္ ေအာ္ဒီဂြါဒ္ေရာ အာလင္း ဟာလန္းပါ အဂၤါေန႔ညေန ဆလိုဗက္ကီးယားနဲ႔ ကစားမယ့္ ေျခစမ္းပြဲမွာ ပြဲထြက္ ပါဝင္ကစားေပးသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။
ဟာလန္းဟာ ၿပီးခဲ့တဲ့အပတ္ ေလ့က်င့္ေရးမွာ ဒဏ္ရာရခဲ့သူျဖစ္ၿပီး ေသာၾကာေန႔က ခ်က္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ၇၅ မိနစ္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ေအာ္ဒီဂြါဒ္ကေတာ့ ပြဲကစားခ်ိန္ ၄ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။
ေနာ္ေဝဟာ အဂၤါေန႔ည ေအာ္စလိုမွာ ဆလိုဗက္ကီးယားနဲ႔ ေနာက္ထပ္ ေျခစမ္းပြဲအျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဆိုဘက္ကင္းက ေအာ္ဒီဂြါဒ္နဲ႔ ဟာလန္းတို႔ဟာ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ ကစားမယ့္ပြဲနဲ႔ ၅ ရက္သာ လိုေတာ့ေပမယ့္လည္း အဲဒီပြဲမွာ ပါဝင္ကစားေပးခ်င္ေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ မန္စီးတီးပရိသတ္ေတြက ၎တို႔ရဲ႕ ကစာသးမားေတြ ေျခစမ္းပြဲမွာ ဒဏ္ရာရမွာကို မျမင္ခ်င္တဲ့အေၾကာင္း ေျပာဆိုခဲ့ရာမွာ ဆိုဘက္ကင္းက “ကြၽန္ေတာ္ကေတာ့ အဲဒီကိစၥေတြကို ထည့္ကို မတြက္ပါဘူး။ စည္းမ်ဥ္းအရဆိုရင္ အဲဒီကိစၥေတြကို တျခားကိစၥေတြေလာက္ကို ထည့္မစဥ္းစားပါဘူး။ အဲဒီပြဲမတိုင္ခင္ ၅ ရက္က်န္ပါေသးတယ္။ ကြၽန္ေတာ္ သူတို႔ ၂ ေယာက္စလုံးနဲ႔ စကားေျပာၿပီးၿပီ။ ႏွစ္ေယာက္စလုံးက အဲဒီပြဲမွာ ပါဝင္ကစားေပးခ်င္ေနၾကတယ္။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနသင့္တယ္လို႔ ထင္တယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News