မန်စီးတီးထက် အာဆင်နယ်ကို ရွေးရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ ရိုက်
ဒီကလန် ရိုက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့အတွက် မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ တိုက်ပွဲဝင်နေကြချိန်မှာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာလို့ ဂန်းနားတွေကို ရွေးချယ်ခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို မန်ချက်စတာစီးတီးကရော အာဆင်နယ်ကပါ ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဒေးဗစ် မိုရက်စ်ရဲ့အသင်းက ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လက်ရှိချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ငြင်းပယ်ပြီး အာတီတာရဲ့ ဂန်းနားတွေဆီကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ရဲ့ လက်ရှိ အသင်းနဲ့ မန်ချက်စတာစီးတီးတို့ဟာ ဒီရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ဖလားတိုက်ပွဲကို ဆင်နွှဲနေကြပြီး နှစ်သင်းကြားမှာ ရမှတ် ၁ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။
မန်စီးတီးသာ ခြေမချော်ဘူးဆိုရင် အာဆင်နယ်နဲ့ ဒီကလန် ရိုက်တို့ဟာ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖွယ်ရှိပေမယ့် အင်္ဂလန်ကွင်းလယ်လူက သူ့ရဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်အတွက် နောင်တရမယ့်ပုံမပေါ်တာဖြစ်ပါတယ်။
မန်စီးတီးကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဆုဖလားအတွက် တိုက်ပွဲဝင်နေရမယ့်အစား ရိုဒရီနဲ့အတူ ကောင်းကောင်း ကစားနိုင်လိမ့်မယ်လို့ ပြောခဲ့တဲ့အချိန်မှာ ဒီကလန် ရိုက်က “ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပုံပေါ်ပြီး အဲဒါကြောင့်ပဲ အာဆင်နယ်ကို လာဖို့ ကျွန်တော် ရွေးချယ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ကြီးမားတဲ့အရာတွေ ဖြစ်လာမယ်လို့ ယုံကြည်နေလို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဒီကလန္ ႐ိုက္က ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔အတြက္ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ တိုက္ပြဲဝင္ေနၾကခ်ိန္မွာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာလို႔ ဂန္းနားေတြကို ေ႐ြးခ်ယ္ခဲ့ရလဲဆိုတဲ့ အေၾကာင္းအရင္းကို ေျပာျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ကို မန္ခ်က္စတာစီးတီးကေရာ အာဆင္နယ္ကပါ ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းက ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၁၀၀ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမားဟာ လက္ရွိခ်န္ပီယံေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီးကို အံ့အားသင့္ဖြယ္ ျငင္းပယ္ၿပီး အာတီတာရဲ႕ ဂန္းနားေတြဆီကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ရဲ႕ လက္ရွိ အသင္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ဒီရာသီမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ျပင္းထန္တဲ့ ပရီးမီးယားလိဂ္ဖလားတိုက္ပြဲကို ဆင္ႏႊဲေနၾကၿပီး ႏွစ္သင္းၾကားမွာ ရမွတ္ ၁ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။
မန္စီးတီးသာ ေျခမေခ်ာ္ဘူးဆိုရင္ အာဆင္နယ္နဲ႔ ဒီကလန္ ႐ိုက္တို႔ဟာ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလားကို လက္လႊတ္ရဖြယ္ရွိေပမယ့္ အဂၤလန္ကြင္းလယ္လူက သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕ဆုံးျဖတ္ခ်က္အတြက္ ေနာင္တရမယ့္ပုံမေပၚတာျဖစ္ပါတယ္။
မန္စီးတီးကိုသာ ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ ဆုဖလားအတြက္ တိုက္ပြဲဝင္ေနရမယ့္အစား ႐ိုဒရီနဲ႔အတူ ေကာင္းေကာင္း ကစားႏိုင္လိမ့္မယ္လို႔ ေျပာခဲ့တဲ့အခ်ိန္မွာ ဒီကလန္ ႐ိုက္က “ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ဒီစီမံကိန္းက ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ပုံေပၚၿပီး အဲဒါေၾကာင့္ပဲ အာဆင္နယ္ကို လာဖို႔ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ ဒီေနရာမွာ ႀကီးမားတဲ့အရာေတြ ျဖစ္လာမယ္လို႔ ယုံၾကည္ေနလို႔ပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News