မန်စီးတီးခြေချော်ပြီး အာဆင်နယ်ဖလားရဖို့ မျှော်လင့်နေတဲ့ အွန်နရီ
သီယာရီ အွန်နရီက မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ခြေချော်ပြီး အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလားရဖို့ အခွင့်အရေးပေးမယ်လို့ မျှော်လင့်နေပေမယ့် ဂွါဒီယိုလာရဲ့အသင်းက ဆုဖလားပြိုင်ပွဲမှာ အမှားခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီးတီးက ဝက်စ်ဟမ်းကို ယနေ့ည အစ်တီဟတ်မှာ အနိုင်ကစားနိုင်တာနဲ့ ၄ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်ဆွတ်ခူးသွားနိုင်တော့မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒေးဗစ် မိုရက်စ်ရဲ့အသင်းကို သရေကျခဲ့ပြီး အာဆင်နယ်က အဲဗာတန်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ဂန်းနားတွေက ဂိုးကွာခြားချက် သာလွန်နေတာကြောင့် နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးသွားနိုင်မှာဖြစ်ပါတယ်။
ရာသီနောက်ဆုံးနေ့ပွဲစဉ်တွေမတိုင်ခင် ဆုဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက “အဲဒါက သူတို့လက်ထဲမှာရှိနေတယ်။ ကျွန်တော်သာဆိုရင် ဘယ်လိုဖြစ်နေခဲ့မလဲဆိုတာ သိတယ်။ ကျွန်တော်ဒီလိုမျိုး ဖြစ်နေခဲ့မှာ(ဂါး-အော်ဟစ်မာန်ဖီသံ)။ ဆုဖလားပြိုင်ပွဲကံကြမ္မာက သူတို့လက်ထဲမှာပဲ သူတို့တွေ အဂွေရိုရဲ့ အခိုက်အတန့်ကနေ စပါးနဲ့ ကစားခဲ့တဲ့ပွဲတုန်းကရော အကြိမ်တော်တော်များများ လုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးပြီ။ ကျွန်တော်ကတော့ သူတို့တွေ ခြေချော်လဲမယ်လို့ မမြင်ဘူး။ အဲဒီတော့ သူတို့တွေ ဖလားရသွားလိမ့်မယ်လို့ တွေးနေရတာက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ဒါပေမယ့် တစ်ဖက်မှာ ပရိသတ်တွေကတော့ ခင်ဗျား ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူးလို့ ပြောကြမှာပါ။ ဒိုင်လူကြီးက ဝီစီမှုတ်လိုက်တဲ့အချိန်မှာ ကျွန်တော့်ကို တကယ့်ပကတိအခြေအနေမှန်ကို ပြန်ပြီး မပို့ပါစေနဲ့လို့ပဲ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ အခုပကတိအခြေအနေက အားလုံးအတွက် ကံမကောင်းစွာနဲ့ပဲ မန်စီးတီးဖန်တွေကပဲ လက်မတထောင်ထောင်ဖြစ်နေကြတယ်။ စီးတီးဖန်တွေကပဲ သူတို့တွေ ဖလားရမယ်လို့ ပြောနိုင်နေကြတယ်။ ခင်ဗျား ဘာမှ ပြန်ပြောလို့မရဘူးဆိုတာကို သိရင် အဖက်မလုပ်နဲ့။ ကျွန်တော် ပြန်ပြောနိုင်ရင်တော့ ပြန်ပြီး ပြောမှာပဲ။ ကျွန်တော်တို့ အနိုင်ရသွားရင်လား။ အိုး။ ကျွန်တော်တို့သာ အနိုင်ရပြီး ဖလားရရင် အင်တာလာဗျူးစမ်းပါ။ ကျွန်တော် စကားပြောသွားမယ်။ ကျွန်တော် စကားတွေ အများကြီးကို ပြောမှာပါ။ ဒါပေမယ့် မန်စီးတီးက ထူးခြားတဲ့အသင်းပါ။ သူတို့တွေ ဖလားမရဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
သီယာရီ အြန္နရီက မန္ခ်က္စတာစီးတီးက ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ပြဲစဥ္မွာ ေျခေခ်ာ္ၿပီး အာဆင္နယ္ကို ပရီးမီးယားလိဂ္ဖလားရဖို႔ အခြင့္အေရးေပးမယ္လို႔ ေမွ်ာ္လင့္ေနေပမယ့္ ဂြါဒီယိုလာရဲ႕အသင္းက ဆုဖလားၿပိဳင္ပြဲမွာ အမွားခံမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနတဲ့ မန္စီးတီးက ဝက္စ္ဟမ္းကို ယေန႔ည အစ္တီဟတ္မွာ အႏိုင္ကစားႏိုင္တာနဲ႔ ၄ ႏွစ္ဆက္ ပရီးမီးယားလိဂ္ဖလားကို စံခ်ိန္တင္ဆြတ္ခူးသြားႏိုင္ေတာ့မွာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းကို သေရက်ခဲ့ၿပီး အာဆင္နယ္က အဲဗာတန္ကို အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဂန္းနားေတြက ဂိုးကြာျခားခ်က္ သာလြန္ေနတာေၾကာင့္ ႏွစ္ေပါင္း ၂၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ဆြတ္ခူးသြားႏိုင္မွာျဖစ္ပါတယ္။
ရာသီေနာက္ဆုံးေန႔ပြဲစဥ္ေတြမတိုင္ခင္ ဆုဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက “အဲဒါက သူတို႔လက္ထဲမွာရွိေနတယ္။ ကြၽန္ေတာ္သာဆိုရင္ ဘယ္လိုျဖစ္ေနခဲ့မလဲဆိုတာ သိတယ္။ ကြၽန္ေတာ္ဒီလိုမ်ိဳး ျဖစ္ေနခဲ့မွာ(ဂါး-ေအာ္ဟစ္မာန္ဖီသံ)။ ဆုဖလားၿပိဳင္ပြဲကံၾကမၼာက သူတို႔လက္ထဲမွာပဲ သူတို႔ေတြ အေဂြ႐ိုရဲ႕ အခိုက္အတန႔္ကေန စပါးနဲ႔ ကစားခဲ့တဲ့ပြဲတုန္းကေရာ အႀကိမ္ေတာ္ေတာ္မ်ားမ်ား လုပ္ႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးၿပီ။ ကြၽန္ေတာ္ကေတာ့ သူတို႔ေတြ ေျခေခ်ာ္လဲမယ္လို႔ မျမင္ဘူး။ အဲဒီေတာ့ သူတို႔ေတြ ဖလားရသြားလိမ့္မယ္လို႔ ေတြးေနရတာက စိတ္အေႏွာင့္အယွက္ျဖစ္စရာပဲ။ ဒါေပမယ့္ တစ္ဖက္မွာ ပရိသတ္ေတြကေတာ့ ခင္ဗ်ား ဘာေတြျဖစ္လာမလဲဆိုတာ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူးလို႔ ေျပာၾကမွာပါ။ ဒိုင္လူႀကီးက ဝီစီမႈတ္လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္ကို တကယ့္ပကတိအေျခအေနမွန္ကို ျပန္ၿပီး မပို႔ပါေစနဲ႔လို႔ပဲ ေမွ်ာ္လင့္တယ္။ ဘာလို႔လဲဆိုေတာ့ အခုပကတိအေျခအေနက အားလုံးအတြက္ ကံမေကာင္းစြာနဲ႔ပဲ မန္စီးတီးဖန္ေတြကပဲ လက္မတေထာင္ေထာင္ျဖစ္ေနၾကတယ္။ စီးတီးဖန္ေတြကပဲ သူတို႔ေတြ ဖလားရမယ္လို႔ ေျပာႏိုင္ေနၾကတယ္။ ခင္ဗ်ား ဘာမွ ျပန္ေျပာလို႔မရဘူးဆိုတာကို သိရင္ အဖက္မလုပ္နဲ႔။ ကြၽန္ေတာ္ ျပန္ေျပာႏိုင္ရင္ေတာ့ ျပန္ၿပီး ေျပာမွာပဲ။ ကြၽန္ေတာ္တို႔ အႏိုင္ရသြားရင္လား။ အိုး။ ကြၽန္ေတာ္တို႔သာ အႏိုင္ရၿပီး ဖလားရရင္ အင္တာလာဗ်ဴးစမ္းပါ။ ကြၽန္ေတာ္ စကားေျပာသြားမယ္။ ကြၽန္ေတာ္ စကားေတြ အမ်ားႀကီးကို ေျပာမွာပါ။ ဒါေပမယ့္ မန္စီးတီးက ထူးျခားတဲ့အသင္းပါ။ သူတို႔ေတြ ဖလားမရဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News