ဘရိုက်တန်ကို အလွယ်တကူအနိုင်ယူပြီး ဇယားထိပ်ပြန်တက်ခဲ့တဲ့ ဂန်းနားတို့နိုင်ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်မြင်း ၃ ကောင်ပြေးတဲ့ပြိုင်ပွဲမှာ အထင်ကြီးဖွယ် ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလောင်းဆိုတာကို အကောင်းဆုံး သက်သေပြသခဲ့တာဖြစ်ပါတယ်။
ပွဲထွက်လူစာရင်းထဲ ပြန်ပါလာပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာကာ
အာတီတာရဲ့ အပြောင်းအလဲအချို့က ခန့်မှန်းလို့ ရနိုင်ခဲ့ပေမယ့်လည်း ဆာကာ ပြန်ပါလာနိုင်မလားဆိုတာကတော့ သံသယဖြစ်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ စောစောစီးစီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီးနောက် လူတန်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ အစ်တီဟတ်မှာတုန်းက ဒဏ်ရာကြောင့် ထင်သလောက် ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဒဏ်ရာပြဿနာရဲ့ လက္ခဏာအနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရပါတယ်။ ဆာကာဟာ အာဆင်နယ်ရဲ့ အစောပိုင်း အကောင်းဆုံး တိုက်စစ်ဆင်မှုအချို့မှာ ပါဝင်ခဲ့ပြီး ပင်နယ်တီကန်သွင်းမှုမှာ အေးအေးဆေးဆေးပဲ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယဂိုး သွင်းပြီးသိပ်မကြာခင်မှာပဲ ဆာကာကို လူစားလဲလှယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်ကလည်း နီးနေပြီမို့လို့ တတ်နိုင်သမျှ ဘယ်လို အရဲစွန့်မှုမျိုးမှ မလုပ်ချင်တော့ပုံပေါ်ပါတယ်။
အဖွင့်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရာယာ
ဂါဘရိယဲလ် ဂျေးဇုရဲ့ ပင်နယ်တီမှာ ပါဝင်ခဲ့တဲ့အပိုင်းကအကြီးမားဆုံးဖြစ်ခဲ့ပေမယ့် ရာယာရဲ့ အားထုတ်မှုသာ မပါခဲ့ရင် ဖြစ်လာနိုင်မှာမဟုတ်ခဲ့ပါဘူး။ စပိန်ဂိုးသမားက နောက်တန်းကနေ အရဲစွန့်ပြီး ပေးပို့မှု ပြုလုပ်ဖို့ ဖျတ်ခနဲ ကြည့်လိုက်ချိန်မှာ ဂျေးဇုတစ်ယောက်တည်းဖြစ်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ရာယာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိခဲ့ပေမယ့်လည်း ဒီလို အခိုက်အတန့်တွေဟာ အာဆင်နယ်တို့ ဘာကြောင့်ခေါ်ယူခဲ့လဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ တိုက်စစ်ကနေ ချက်ချင်းဂိုးသွင်းမယူနိုင်တာ ဖြစ်နိုင်ပေမယ့် ဂျေးဇုနဲ့ လမ့်ပ်တေးတို့ တစ်ယောက်ချင်းအနေအထားဖြစ်ပြီး အခွင့်ကောင်း မယူနိုင်ခင် ပြိုင်ဘက်တွေ နောက်ပြန်မဆင်းနိုင်အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဆီဆိုရဲ့ ဒုတိယပိုင်းအစ အပိုင်ဂိုးသွင်းယူမှုကို ငြင်းပယ်နိုင်ခဲ့တဲ့ ရာယာရဲ့ လက်စွမ်းပြ ကာကွယ်မှုက ဒုတိယပွဲထွက်ဂိုးသမား ရမ်းစ်ဒေးလ်အနေနဲ့ သူလည်း လုပ်နိုင်မယ်လို့ ခံစားခဲ့ရမှာဖြစ်ပေမယ့်လည်း ဘောလုံးဖြန့်ဝေမှုအပိုင်းကတော့ ကွဲပြားခြားနားတဲ့အပိုင်း ဖြစ်နေမှာပါ။
ဘရိုက်တန်ရဲ့ ဒဏ်ရာပြဿနာ
ရောဘတ်တို ဒီဇာဘီက ဘရိုက်တန်ရဲ့ ဒဏ်ရာပြဿနာကို လျှို့ဝှက်ထားခဲ့ခြင်းမရှိဘဲ အဲဒီပြဿနာကြောင့် ပုံစံ ၂ မျိုးနဲ့ ထိခိုက်မှု ရှိခဲ့ပါတယ်။ကစားသမားတွေရဲ့ ပွဲကစားချိန်အလယ်မှာ အချိန်တွေ လုယူခံခဲ့ရသလို တစ်ရာသီလုံး တည်ငြိမ်တဲ့ ပွဲထွက်လူစာရင်းကို ထိန်းသိမ်းနိုင်ဖို့ စိန်ခေါ်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျူလီယို အန်ဆီဆိုက တိုက်စစ်မှာ အထင်ကြီးစရာကောင်းခဲ့ပေမယ့်လည်း အစောပိုင်းမှာ ယာကုဘ် မိုဒါက အိမ်ရှင်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂ ဦးစလုံးက ကာလရှည်ဒဏ်ရာကြောင့် လွဲချော်နေရာကနေ ပြန်ကစားနိုင်ခဲ့သူတွေဖြစ်ပြီး တစ်ဦးချင်းအခိုက်အတန့်တွေက တည်ငြိမ်တဲ့ အသင်းလိုက် အလိုက်သင့်စီးမျောနိုင်စွမ်းနဲ့ မတူညီနိုင်ပါဘူး။ ဘရိုက်တန်ဟာ အခုကနေ ရာသီကုန်တဲ့အထိ အမှတ်ပေးဇယား အောက်ပိုင်းက ၂သင်းနဲ့သာ ရင်ဆိုင်ရဖို့ ရှိတော့တာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာ အဆိုးရွားဆုံးထိခိုက်ခြင်းမခံရခင် အစောပိုင်းကာလတုန်းက အထင်ကြီးစရာခြေစွမ်းကို ပြန်ရှာမတွေ့ဘူးဆိုရင် စိတ်ပျက်ဖွယ် ရာသီကို အဆုံးသတ်ရနိုင်ပါတယ်။
ဇင်ချန်ကိုရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်
ဘရိုက်တန်ဟာ ပထမပိုင်းတုန်းက ညာတောင်ပံကနေ အခွင့်အရေးအများအပြား ရခဲ့ပြီး ဇင်ချန်ကိုရဲ့ဘက်ခြမ်းက အားနည်းတဲ့နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒုတိယပိုင်းအစောပိုင်းမှာလည်း နောက်ထပ် ခြေစွမ်းပိုင်းမတည်ငြိမ်တဲ့ အခိုက်အတန့်တွေရှိခဲ့ပေမယ့်လည်း ကံကောင်းလို့ အခွင့်ကောင်းယူခြင်းမခံခဲ့ရတာဖြစ်ပြီး အာတီတာကတော့ သူမြင်ခဲ့ရတာနဲ့ပတ်သက်ပြီး ပျော်ရွှင်နေခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲကို အာဆင်နယ်က ဇန်နဝါရီလကုန်နောက်ပိုင်း အဝေးကွင်းမှာ ပေးဂိုးမရှိတဲ့စံချိန်နဲ့ လာကစားခဲ့တာဖြစ်ပြီး ပြိုင်ဘက်တွေအနေနဲ့ ဂန်းနားတွေကို ဂိုးသွင်းဖို့ ခက်မယ်ဆိုတာ ရှင်းလင်းနေခဲ့ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အနေအထားမျိုးအထိ လိုချင်တဲ့ အာတီတာက ခံစစ်က အသေးငယ်ဆုံးယိုပေါက်ကိုတောင် မရှိတော့တဲ့အထိ ဖာထေးချင်နေမှာ သေချာပါတယ်။ အာတီတာအနေနဲ့ တစ်ခုလိုချင်လို့ တစ်ခုနဲ့ အလဲအထပ်လုပ်ခဲ့တာ ဖြစ်နိုင်ပြီး ဇင်ချန်ကိုဟာ ဂျေးဇုကို ဘယ်တောင်ပံမှာ တစ်ဦးတည်းအထီးကျန်စေခဲ့ပေမယ့် အာဆင်နယ်က ဘရာဇီးလ်ကြယ်ပွင့် တစ်ဦးတည်းဖြစ်နေခဲ့တာကိုပဲ အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘယ်သူမှ အမှားမခံတဲ့ ဆုဖလားပြိုင်ပွဲ
အစောဆုံး ကန်သွားတဲ့ မန်စီးတီးရဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က နိုင်ပွဲကြောင့် အာဆင်နယ်တို့ ဖိအားတွေနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ ဘောလုံးမရှိဘဲ လုပ်ဆောင်ခဲ့တဲ့ အားထုတ်မှုတွေ အားလုံးအတွက် ချီးကျူးရမှာဖြစ်ပြီး အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီးနောက် သူ့ကြောင့်ပဲ ပင်နယ်တီရခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ဗာဘရပ်ဂျန်ကို မခြိမ်းခြောက်နိုင်ခဲ့တဲ့ ခေါင်းတိုက်ချက်ကို ထပ်မံမြင်တွေ့ခဲ့ရပေမယ့်လည်း အာဆင်နယ်အတွက်တော့ ပြဿနာမဟုတ်ခဲ့ဘဲ အခုဆိုရင်တော့ လီဗာပူးလ်တို့ တစ်ချက်မှားသွားမလားဆိုတာပဲ မန်စီးတီးနဲ့ အာဆင်နယ်တို့ စောင့်ကြည့်ကြတော့မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလားအတြက္ ၿပိဳင္ျမင္း ၃ ေကာင္ေျပးတဲ့ၿပိဳင္ပြဲမွာ အထင္ႀကီးဖြယ္ ေျခစြမ္းကို ဆက္လက္ျပသႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံေလာင္းဆိုတာကို အေကာင္းဆုံး သက္ေသျပသခဲ့တာျဖစ္ပါတယ္။
ပြဲထြက္လူစာရင္းထဲ ျပန္ပါလာၿပီး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဆာကာ
အာတီတာရဲ႕ အေျပာင္းအလဲအခ်ိဳ႕က ခန႔္မွန္းလို႔ ရႏိုင္ခဲ့ေပမယ့္လည္း ဆာကာ ျပန္ပါလာႏိုင္မလားဆိုတာကေတာ့ သံသယျဖစ္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေစာေစာစီးစီး ကြင္းထဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ လူတန္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ အစ္တီဟတ္မွာတုန္းက ဒဏ္ရာေၾကာင့္ ထင္သေလာက္ ေျခစြမ္းမျပသႏိုင္ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဒဏ္ရာျပႆနာရဲ႕ လကၡဏာအနည္းငယ္ကိုသာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဆာကာဟာ အာဆင္နယ္ရဲ႕ အေစာပိုင္း အေကာင္းဆုံး တိုက္စစ္ဆင္မႈအခ်ိဳ႕မွာ ပါဝင္ခဲ့ၿပီး ပင္နယ္တီကန္သြင္းမႈမွာ ေအးေအးေဆးေဆးပဲ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒုတိယဂိုး သြင္းၿပီးသိပ္မၾကာခင္မွာပဲ ဆာကာကို လူစားလဲလွယ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရမယ့္ အေရးႀကီးပြဲစဥ္ကလည္း နီးေနၿပီမို႔လို႔ တတ္ႏိုင္သမွ် ဘယ္လို အရဲစြန႔္မႈမ်ိဳးမွ မလုပ္ခ်င္ေတာ့ပုံေပၚပါတယ္။
အဖြင့္ဂိုးမွာ ပါဝင္ပတ္သက္ခဲ့တဲ့ ရာယာ
ဂါဘရိယဲလ္ ေဂ်းဇုရဲ႕ ပင္နယ္တီမွာ ပါဝင္ခဲ့တဲ့အပိုင္းကအႀကီးမားဆုံးျဖစ္ခဲ့ေပမယ့္ ရာယာရဲ႕ အားထုတ္မႈသာ မပါခဲ့ရင္ ျဖစ္လာႏိုင္မွာမဟုတ္ခဲ့ပါဘူး။ စပိန္ဂိုးသမားက ေနာက္တန္းကေန အရဲစြန႔္ၿပီး ေပးပို႔မႈ ျပဳလုပ္ဖို႔ ဖ်တ္ခနဲ ၾကည့္လိုက္ခ်ိန္မွာ ေဂ်းဇုတစ္ေယာက္တည္းျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ရာယာနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြ ရွိခဲ့ေပမယ့္လည္း ဒီလို အခိုက္အတန႔္ေတြဟာ အာဆင္နယ္တို႔ ဘာေၾကာင့္ေခၚယူခဲ့လဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ တိုက္စစ္ကေန ခ်က္ခ်င္းဂိုးသြင္းမယူႏိုင္တာ ျဖစ္ႏိုင္ေပမယ့္ ေဂ်းဇုနဲ႔ လမ့္ပ္ေတးတို႔ တစ္ေယာက္ခ်င္းအေနအထားျဖစ္ၿပီး အခြင့္ေကာင္း မယူႏိုင္ခင္ ၿပိဳင္ဘက္ေတြ ေနာက္ျပန္မဆင္းႏိုင္ေအာင္ လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အန္ဆီဆိုရဲ႕ ဒုတိယပိုင္းအစ အပိုင္ဂိုးသြင္းယူမႈကို ျငင္းပယ္ႏိုင္ခဲ့တဲ့ ရာယာရဲ႕ လက္စြမ္းျပ ကာကြယ္မႈက ဒုတိယပြဲထြက္ဂိုးသမား ရမ္းစ္ေဒးလ္အေနနဲ႔ သူလည္း လုပ္ႏိုင္မယ္လို႔ ခံစားခဲ့ရမွာျဖစ္ေပမယ့္လည္း ေဘာလုံးျဖန႔္ေဝမႈအပိုင္းကေတာ့ ကြဲျပားျခားနားတဲ့အပိုင္း ျဖစ္ေနမွာပါ။
ဘ႐ိုက္တန္ရဲ႕ ဒဏ္ရာျပႆနာ
ေရာဘတ္တို ဒီဇာဘီက ဘ႐ိုက္တန္ရဲ႕ ဒဏ္ရာျပႆနာကို လွ်ိဳ႕ဝွက္ထားခဲ့ျခင္းမရွိဘဲ အဲဒီျပႆနာေၾကာင့္ ပုံစံ ၂ မ်ိဳးနဲ႔ ထိခိုက္မႈ ရွိခဲ့ပါတယ္။ကစားသမားေတြရဲ႕ ပြဲကစားခ်ိန္အလယ္မွာ အခ်ိန္ေတြ လုယူခံခဲ့ရသလို တစ္ရာသီလုံး တည္ၿငိမ္တဲ့ ပြဲထြက္လူစာရင္းကို ထိန္းသိမ္းႏိုင္ဖို႔ စိန္ေခၚမႈျဖစ္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴလီယို အန္ဆီဆိုက တိုက္စစ္မွာ အထင္ႀကီးစရာေကာင္းခဲ့ေပမယ့္လည္း အေစာပိုင္းမွာ ယာကုဘ္ မိုဒါက အိမ္ရွင္ေတြအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ၂ ဦးစလုံးက ကာလရွည္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနရာကေန ျပန္ကစားႏိုင္ခဲ့သူေတြျဖစ္ၿပီး တစ္ဦးခ်င္းအခိုက္အတန႔္ေတြက တည္ၿငိမ္တဲ့ အသင္းလိုက္ အလိုက္သင့္စီးေမ်ာႏိုင္စြမ္းနဲ႔ မတူညီႏိုင္ပါဘူး။ ဘ႐ိုက္တန္ဟာ အခုကေန ရာသီကုန္တဲ့အထိ အမွတ္ေပးဇယား ေအာက္ပိုင္းက ၂သင္းနဲ႔သာ ရင္ဆိုင္ရဖို႔ ရွိေတာ့တာျဖစ္ပါတယ္။ ဒဏ္ရာျပႆနာ အဆိုး႐ြားဆုံးထိခိုက္ျခင္းမခံရခင္ အေစာပိုင္းကာလတုန္းက အထင္ႀကီးစရာေျခစြမ္းကို ျပန္ရွာမေတြ႕ဘူးဆိုရင္ စိတ္ပ်က္ဖြယ္ ရာသီကို အဆုံးသတ္ရႏိုင္ပါတယ္။
ဇင္ခ်န္ကိုရဲ႕ စိတ္လႈပ္ရွားစရာ အခိုက္အတန႔္
ဘ႐ိုက္တန္ဟာ ပထမပိုင္းတုန္းက ညာေတာင္ပံကေန အခြင့္အေရးအမ်ားအျပား ရခဲ့ၿပီး ဇင္ခ်န္ကိုရဲ႕ဘက္ျခမ္းက အားနည္းတဲ့ေနရာအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ဒုတိယပိုင္းအေစာပိုင္းမွာလည္း ေနာက္ထပ္ ေျခစြမ္းပိုင္းမတည္ၿငိမ္တဲ့ အခိုက္အတန႔္ေတြရွိခဲ့ေပမယ့္လည္း ကံေကာင္းလို႔ အခြင့္ေကာင္းယူျခင္းမခံခဲ့ရတာျဖစ္ၿပီး အာတီတာကေတာ့ သူျမင္ခဲ့ရတာနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနခဲ့မွာမဟုတ္ပါဘူး။ ဒီပြဲကို အာဆင္နယ္က ဇန္နဝါရီလကုန္ေနာက္ပိုင္း အေဝးကြင္းမွာ ေပးဂိုးမရွိတဲ့စံခ်ိန္နဲ႔ လာကစားခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ေတြအေနနဲ႔ ဂန္းနားေတြကို ဂိုးသြင္းဖို႔ ခက္မယ္ဆိုတာ ရွင္းလင္းေနခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးျပည့္စုံတဲ့အေနအထားမ်ိဳးအထိ လိုခ်င္တဲ့ အာတီတာက ခံစစ္က အေသးငယ္ဆုံးယိုေပါက္ကိုေတာင္ မရွိေတာ့တဲ့အထိ ဖာေထးခ်င္ေနမွာ ေသခ်ာပါတယ္။ အာတီတာအေနနဲ႔ တစ္ခုလိုခ်င္လို႔ တစ္ခုနဲ႔ အလဲအထပ္လုပ္ခဲ့တာ ျဖစ္ႏိုင္ၿပီး ဇင္ခ်န္ကိုဟာ ေဂ်းဇုကို ဘယ္ေတာင္ပံမွာ တစ္ဦးတည္းအထီးက်န္ေစခဲ့ေပမယ့္ အာဆင္နယ္က ဘရာဇီးလ္ၾကယ္ပြင့္ တစ္ဦးတည္းျဖစ္ေနခဲ့တာကိုပဲ အခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘယ္သူမွ အမွားမခံတဲ့ ဆုဖလားၿပိဳင္ပြဲ
အေစာဆုံး ကန္သြားတဲ့ မန္စီးတီးရဲ႕ ဆဲလ္ဟတ္စ္ပါ့ခ္က ႏိုင္ပြဲေၾကာင့္ အာဆင္နယ္တို႔ ဖိအားေတြနဲ႔ ကစားခဲ့ရတာ ျဖစ္ပါတယ္။ ဂါဘရီယဲလ္ ေဂ်းဇုဟာ ေဘာလုံးမရွိဘဲ လုပ္ေဆာင္ခဲ့တဲ့ အားထုတ္မႈေတြ အားလုံးအတြက္ ခ်ီးက်ဴးရမွာျဖစ္ၿပီး အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီးေနာက္ သူ႔ေၾကာင့္ပဲ ပင္နယ္တီရခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ဗာဘရပ္ဂ်န္ကို မၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ ေခါင္းတိုက္ခ်က္ကို ထပ္မံျမင္ေတြ႕ခဲ့ရေပမယ့္လည္း အာဆင္နယ္အတြက္ေတာ့ ျပႆနာမဟုတ္ခဲ့ဘဲ အခုဆိုရင္ေတာ့ လီဗာပူးလ္တို႔ တစ္ခ်က္မွားသြားမလားဆိုတာပဲ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ ေစာင့္ၾကည့္ၾကေတာ့မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News