ဘန်ဝှိုက်ကို အနားပေးဖို့ စပါးစ်ကြယ်ပွင့်ဟောင်းကို ခေါ်မယ့် အာဆင်နယ်
အာဆင်နယ်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုအနည်းငယ်ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း အခုထက်ထိတော့ တိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲ ရရှိခဲ့ပြီး နောက်ဆုံး အနိုင်ရခဲ့တဲ့ပွဲစဉ်ကတော့ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ခေါ်ယူနိုင်ခြေရှိတဲ့ကစားသမားတွေကို စောင့်ကြည့်နေပုံပေါ်ပါတယ်။
ကိုင်လီ ဝေါ်ကာ-ပီတာစ်ဟာ အာဆင်နယ်ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ကစားသမားဖြစ်တယ်လို့ TeamTalk က ဖော်ပြခဲ့ပြီး စပါးစ်ကနေ ဆောက်သမ်တန်ကို ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ပြီးကတည်းက အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ခြေစွမ်းကောင်းပြသနေတာဖြစ်ပါတယ်။
ဝေါ်ကာ-ပီတာစ်ဟာ ယခုရာသီ ချန်ပီယံရှစ်မှာ ပွဲစဉ်တိုင်း ပွဲထွက်ပါဝင်ကစားပေးထားပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဆောက်သမ်တန် နောက်ခံလူကို အာဆင်နယ်က စောင့်ကြည့်ခဲ့ဖူးတာ ဖြစ်ပါတယ်။ နောက်ခံတောင်ပံကစားသမားဟာ ချဲလ်ဆီးနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မူရီဆီယို ပိုချက်တီနိုက တော့တင်ဟမ်ဟော့စပါးမှာ နည်းပြခဲ့ဖူးတဲ့ ကစားသမားနဲ့ ပြန်လည် တွေ့ဆုံဖို့ စိတ်ဝင်စားခဲ့ပုံပေါ်ပါတယ်။
ဝေါ်ကာ-ပီတာစ်ဟာ အာဆင်နယ်ရဲ့ အထင်ရှားဆုံး ကစားသမားခေါ်ယူမှု မဖြစ်နိုင်ပေမယ့်လည်း နောက်ခံတောင်ပံ ဘယ်နေရာမှာမဆို သက်တောင့်သက်သာ ကစားနိုင်ပြီး စပါးစ်မှာတုန်းက ပရီးမီးယားလိဂ်ပွဲဦးထွက်ကို ဘယ်နောက်ခံနေရာမှာ ကစားခဲ့ပြီး ကွင်းဘယ်ဘက်ခြမ်းမှာ ၎င်းရဲ့ စွမ်းရည်ကို ပြသခဲ့တာဖြစ်ပါတယ်။
ဝေါ်ကာ-ပီတာစ်ဟာ ချန်ပီယံရှစ်မှာ ကစားနေတာဖြစ်ပေမယ့်လည်း ဆောက်သမ်တန်အသင်းက ကြယ်ပွင့်ကစားသမားကို စျေးပေါပေါနဲ့ ရောင်းချဖို့ စိတ်ဝင်စားမှာမဟုတ်ဘဲ ဂန်းနားတွေဟာ နောက်ခံတောင်ပံနေရာကို အင်အားဖြည့်တင်းဖို့ ရှာဖွေနေတာဖြစ်ပါတယ်။
ကိုင်လီ ဝေါ်ကာ-ပီတာစ်ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် အာတီတာအနေနဲ့ နောက်ခံတောင်ပံနေရာ ၂ နေရာက ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့နေရာမှာ အလှည့်ကျ ပွဲထုတ်နိုင်မှာဖြစ်ပြီး ကာလရှည်ဒဏ်ရာနဲ့ ကစားနေရတဲ့ အင်္ဂလန်နောက်ခံလူကို ရာသီရဲ့အရေးအကြီးဆုံးအချိန်မှာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေအောင် အနားပေးနိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ယခု ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားေခၚယူမႈအနည္းငယ္ျပဳလုပ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္လည္း အခုထက္ထိေတာ့ တိတ္ဆိတ္ေနခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၂ ပြဲသာ ႏိုင္ပြဲ ရရွိခဲ့ၿပီး ေနာက္ဆုံး အႏိုင္ရခဲ့တဲ့ပြဲစဥ္ကေတာ့ ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ေပမယ့္လည္း ဂန္းနားေတြဟာ ေခၚယူႏိုင္ေျခရွိတဲ့ကစားသမားေတြကို ေစာင့္ၾကည့္ေနပုံေပၚပါတယ္။
ကိုင္လီ ေဝၚကာ-ပီတာစ္ဟာ အာဆင္နယ္ပရိသတ္ေတြ ေစာင့္ၾကည့္သင့္တဲ့ ကစားသမားျဖစ္တယ္လို႔ TeamTalk က ေဖာ္ျပခဲ့ၿပီး စပါးစ္ကေန ေဆာက္သမ္တန္ကို ေပါင္ ၁၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးကတည္းက အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားဟာ ေျခစြမ္းေကာင္းျပသေနတာျဖစ္ပါတယ္။
ေဝၚကာ-ပီတာစ္ဟာ ယခုရာသီ ခ်န္ပီယံရွစ္မွာ ပြဲစဥ္တိုင္း ပြဲထြက္ပါဝင္ကစားေပးထားၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဆာက္သမ္တန္ ေနာက္ခံလူကို အာဆင္နယ္က ေစာင့္ၾကည့္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ေနာက္ခံေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီးနဲ႔လည္း သတင္းေတြ ထြက္ေပၚခဲ့ၿပီး မူရီဆီယို ပိုခ်က္တီႏိုက ေတာ့တင္ဟမ္ေဟာ့စပါးမွာ နည္းျပခဲ့ဖူးတဲ့ ကစားသမားနဲ႔ ျပန္လည္ ေတြ႕ဆုံဖို႔ စိတ္ဝင္စားခဲ့ပုံေပၚပါတယ္။
ေဝၚကာ-ပီတာစ္ဟာ အာဆင္နယ္ရဲ႕ အထင္ရွားဆုံး ကစားသမားေခၚယူမႈ မျဖစ္ႏိုင္ေပမယ့္လည္း ေနာက္ခံေတာင္ပံ ဘယ္ေနရာမွာမဆို သက္ေတာင့္သက္သာ ကစားႏိုင္ၿပီး စပါးစ္မွာတုန္းက ပရီးမီးယားလိဂ္ပြဲဦးထြက္ကို ဘယ္ေနာက္ခံေနရာမွာ ကစားခဲ့ၿပီး ကြင္းဘယ္ဘက္ျခမ္းမွာ ၎ရဲ႕ စြမ္းရည္ကို ျပသခဲ့တာျဖစ္ပါတယ္။
ေဝၚကာ-ပီတာစ္ဟာ ခ်န္ပီယံရွစ္မွာ ကစားေနတာျဖစ္ေပမယ့္လည္း ေဆာက္သမ္တန္အသင္းက ၾကယ္ပြင့္ကစားသမားကို ေစ်းေပါေပါနဲ႔ ေရာင္းခ်ဖို႔ စိတ္ဝင္စားမွာမဟုတ္ဘဲ ဂန္းနားေတြဟာ ေနာက္ခံေတာင္ပံေနရာကို အင္အားျဖည့္တင္းဖို႔ ရွာေဖြေနတာျဖစ္ပါတယ္။
ကိုင္လီ ေဝၚကာ-ပီတာစ္ကိုသာ ေခၚယူခဲ့မယ္ဆိုရင္ အာတီတာအေနနဲ႔ ေနာက္ခံေတာင္ပံေနရာ ၂ ေနရာက ဘန္ ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ေနရာမွာ အလွည့္က် ပြဲထုတ္ႏိုင္မွာျဖစ္ၿပီး ကာလရွည္ဒဏ္ရာနဲ႔ ကစားေနရတဲ့ အဂၤလန္ေနာက္ခံလူကို ရာသီရဲ႕အေရးအႀကီးဆုံးအခ်ိန္မွာ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝေနေအာင္ အနားေပးႏိုင္မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News