ဖော်ထုတ်ခံလိုက်ရတဲ့ ဂန်းနားတွေရဲ့ တည်ကန်ဘော အချက်ပြမှု
အာဆင်နယ်ရဲ့ တည်ကန်ဘော အချက်ပြမှုကို Match of the Day အဖွဲ့က ထုတ်ဖော်နိုင်ခဲ့ပုံပေါ်ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ သူ့ရဲ့ ခြေအိတ်ဟာ တည်ကန်ဘောအတွက် အဓိကအချက်ပြမှုဖြစ်ပုံပေါ်ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘောတွေမှာ အကျိုးသက်ရောက်မှု အရှိဆုံးအသင်းဖြစ်လာခဲ့တာဖြစ်ပြီး တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ အစီအစဉ်ကြောင့် ဒီရာသီမှာ တည်ကန်ဘောကနေ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
တည်ကန်ဘောသွင်းဂိုးတွေဟာ ယခုရာသီ အာဆင်နယ်ရဲ့ သွင်းဂိုး စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့တဲ့စနေနေ့ညက ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ နောက်ထပ် ၂ ဂိုး သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဂျိုဗာဟာ ကွင်းဘေးစည်းကနေ အော်ဟစ် ညွှန်ကြားမှုတွေ ပြုလုပ်နေပေမယ့်လည်း ကစားသမားတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ကန်ဘောကို ကန်မလဲဆိုတာကို အချက်ပြမှုတွေ ပြုလုပ်ဖို့လည်း အရင်ကတည်းက သင်ကြားပေးထားပုံပေါ်ပြီး အော်ဒီဂွါဒ်က အဓိကအချက်ပြမှုကို ပြုလုပ်သူဖြစ်ပုံပေါ်ပါတယ်။
Match of the Day စီစဉ်တင်ဆက်သူ အဲလက်စ် စကော့တ်က စနေနေ့ရှိုးမှာ အာဆင်နယ်ရဲ့ တည်ကန်ဘော အချက်ပြမှုကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေဟာ စုံထောက်လုပ်တမ်း ကစားခဲ့ကြတာဖြစ်ပါတယ်။
အက်ရှ်လီ ဝီလီယံစ်က အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီဧရိယာအစွန်က အပြုအမူက အသင်းဖော်တွေကို အချက်ပြမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ဂန်းနားအသင်းခေါင်းဆောင်ဟာ တစ်ခါတရံ ခြေအိတ်တွေကို လိပ်လိုက်၊ တစ်ခါတရံ မြက်ခင်းကို ကန်လိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။
“လှုပ်ရှားမှုက ဘာဖြစ်မလဲဆိုတာအတွက် အမြဲတမ်း အချက်ပြမှုတွေ ရှိတယ်။ ကျွန်တော်တို့ သူတို့တွေ ထောင့်ကန်ဘောမှာ အရှေ့တိုင်လား ဒါမှမဟုတ် အနောက်တိုင်မှာ အလုပ်လုပ်ကြမှာလားဆိုတာကို မြင်နိုင်တယ်။ ခင်ဗျား အော်ဒီဂွါဒ်ကို မျက်စိဒေါက်ထောက်ကြည့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က နည်းနည်း အချိန်အများကြီး ပိုနေခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ခံစားခဲ့ရတာက သူက ထောင့်ကန်ဘောကန်သူကို တစ်စုံတရာ အချက်ပြနေခဲ့တာဖြစ်နိုင်တယ်ဆိုတာပါ။ သူက ထောင့်ကန်ဘောတိုင်းမှာ တူညီတဲ့နေရာမှာပဲ ရပ်နေခဲ့ပြီး ခြေအိတ်ကို လုပ်နေတယ်။ ကျွန်တော်တို့ အချက်ပြမှုကို ရှာဖွေတဲ့အချိန်မှာ အဲဒါကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အလုပ်ဖြစ်ခဲ့လို့ပါ။ သူတို့တွေက တဆက်တည်းလို လုပ်သွားခဲ့တာပါ။ သူတို့တွေ ဂိုးတိုင်ရှေ့ရော ဂိုးတိုင်နောက်ကိုပါ သွားတယ်။ ကျွန်တော်တို့ ဒီမှာမြင်ခဲ့ရတဲ့ ဗီဒီယိုဖိုင်တိုင်းမှာ သူက ခြေအိတ်ကို လုပ်နေခဲ့ပြီး တူညီတဲ့အရာကိုပဲ လုပ်နေခဲ့တယ်။ အဲဒါက တိုက်ဆိုင်မှုဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒီတစ်ခုကတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီတစ်ခုက တကယ်တော့ ဂိုးတိုင်ရှေ့ဘက်ထောင့်ကန်ဘောဖြစ်ပြီး သူက သူ့ခြေအိတ်နဲ့ ပိတ်သက်ပြီး မတူညီတဲ့အရာကို လုပ်နေတဲ့ပုံစံမျိုးမို့လို့ပါ။ အဲဒီတော့ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ မရှိတဲ့ တစ်စုံတရာအတွက် ခေါင်းစားနေတာဖြစ်နိုင်တယ်။ အဲဒါက ကြီးမားတဲ့ တိုက်ဆိုင်မှုပါ။ သူက အဲဒီမှာ အမြဲတမ်းရှိနေပြီး သူ့ခြေအိတ်ကို တစ်ခုခု အမြဲတမ်း လုပ်နေတယ်။ နီကိုးလတ်စ် ဂျိုဗာက ထောင့်ကန်ဘောမှာ သူတို့ လုပ်နေတဲ့ဟာအတွက် အချက်ပြမှုတွေ ရှိတယ်လို့ ပြောခဲ့တာလို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ ကြိုးစားခဲ့တယ်။ သူက အဲဒါက ပင်နယ်တီဧရိယာအစွန်က တစ်စုံတယောက်လို့ ရည်ညွှန်းခဲ့ပြီး ကျွန်တော်တို့ အော်ဒီဂွါဒ်ကို တွေ့ခဲ့တယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အတူတူ တင်ဆက်နေတဲ့ ဘောလုံးဝေဖန်သုံးသပ်သူ အလန် ရှီးယားကတော့ စုံထောက်ကြီးစတိုင်ဖမ်းပြီး သုံးသပ်နေတဲ့ အဲလက်စ် စကော့တ်ရဲ့ ဖြီးလုံးတွေကို မယုံကြည်ဟန်နဲ့ “သူ့ခြေအိတ်က သူ့အတွက် နည်းနည်း ကြီးနေလို့ လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ”လို့ တုံ့ပြန်ခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ရဲ႕ တည္ကန္ေဘာ အခ်က္ျပမႈကို Match of the Day အဖြဲ႕က ထုတ္ေဖာ္ႏိုင္ခဲ့ပုံေပၚၿပီး အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ သူ႔ရဲ႕ ေျခအိတ္ဟာ တည္ကန္ေဘာအတြက္ အဓိကအခ်က္ျပမႈျဖစ္ပုံေပၚပါတယ္။
ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ရဲ႕ တည္ကန္ေဘာေတြမွာ အက်ိဳးသက္ေရာက္မႈ အရွိဆုံးအသင္းျဖစ္လာခဲ့တာျဖစ္ၿပီး တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာရဲ႕ အစီအစဥ္ေၾကာင့္ ဒီရာသီမွာ တည္ကန္ေဘာကေန ၁၂ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။
တည္ကန္ေဘာသြင္းဂိုးေတြဟာ ယခုရာသီ အာဆင္နယ္ရဲ႕ သြင္းဂိုး စုစုေပါင္းရဲ႕ ၂၈ ရာခိုင္ႏႈန္းရွိၿပီး ၿပီးခဲ့တဲ့စေနေန႔ညက ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ေနာက္ထပ္ ၂ ဂိုး သြင္းယူႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။
ဂ်ိဳဗာဟာ ကြင္းေဘးစည္းကေန ေအာ္ဟစ္ ၫႊန္ၾကားမႈေတြ ျပဳလုပ္ေနေပမယ့္လည္း ကစားသမားေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ တည္ကန္ေဘာကို ကန္မလဲဆိုတာကို အခ်က္ျပမႈေတြ ျပဳလုပ္ဖို႔လည္း အရင္ကတည္းက သင္ၾကားေပးထားပုံေပၚၿပီး ေအာ္ဒီဂြါဒ္က အဓိကအခ်က္ျပမႈကို ျပဳလုပ္သူျဖစ္ပုံေပၚပါတယ္။
Match of the Day စီစဥ္တင္ဆက္သူ အဲလက္စ္ စေကာ့တ္က စေနေန႔ရႈိးမွာ အာဆင္နယ္ရဲ႕ တည္ကန္ေဘာ အခ်က္ျပမႈကို ထုတ္ေဖာ္ခဲ့တာျဖစ္ၿပီး ေဘာလုံးေဝဖန္သုံးသပ္သူေတြဟာ စုံေထာက္လုပ္တမ္း ကစားခဲ့ၾကတာျဖစ္ပါတယ္။
အက္ရွ္လီ ဝီလီယံစ္က ေအာ္ဒီဂြါဒ္ရဲ႕ ပင္နယ္တီဧရိယာအစြန္က အျပဳအမူက အသင္းေဖာ္ေတြကို အခ်က္ျပမႈ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ဂန္းနားအသင္းေခါင္းေဆာင္ဟာ တစ္ခါတရံ ေျခအိတ္ေတြကို လိပ္လိုက္၊ တစ္ခါတရံ ျမက္ခင္းကို ကန္လိုက္လုပ္ေနခဲ့တာျဖစ္ပါတယ္။
“လႈပ္ရွားမႈက ဘာျဖစ္မလဲဆိုတာအတြက္ အၿမဲတမ္း အခ်က္ျပမႈေတြ ရွိတယ္။ ကြၽန္ေတာ္တို႔ သူတို႔ေတြ ေထာင့္ကန္ေဘာမွာ အေရွ႕တိုင္လား ဒါမွမဟုတ္ အေနာက္တိုင္မွာ အလုပ္လုပ္ၾကမွာလားဆိုတာကို ျမင္ႏိုင္တယ္။ ခင္ဗ်ား ေအာ္ဒီဂြါဒ္ကို မ်က္စိေဒါက္ေထာက္ၾကည့္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔က နည္းနည္း အခ်ိန္အမ်ားႀကီး ပိုေနခဲ့တာလည္း ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ခံစားခဲ့ရတာက သူက ေထာင့္ကန္ေဘာကန္သူကို တစ္စုံတရာ အခ်က္ျပေနခဲ့တာျဖစ္ႏိုင္တယ္ဆိုတာပါ။ သူက ေထာင့္ကန္ေဘာတိုင္းမွာ တူညီတဲ့ေနရာမွာပဲ ရပ္ေနခဲ့ၿပီး ေျခအိတ္ကို လုပ္ေနတယ္။ ကြၽန္ေတာ္တို႔ အခ်က္ျပမႈကို ရွာေဖြတဲ့အခ်ိန္မွာ အဲဒါကို ေတြ႕ရတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက အလုပ္ျဖစ္ခဲ့လို႔ပါ။ သူတို႔ေတြက တဆက္တည္းလို လုပ္သြားခဲ့တာပါ။ သူတို႔ေတြ ဂိုးတိုင္ေရွ႕ေရာ ဂိုးတိုင္ေနာက္ကိုပါ သြားတယ္။ ကြၽန္ေတာ္တို႔ ဒီမွာျမင္ခဲ့ရတဲ့ ဗီဒီယိုဖိုင္တိုင္းမွာ သူက ေျခအိတ္ကို လုပ္ေနခဲ့ၿပီး တူညီတဲ့အရာကိုပဲ လုပ္ေနခဲ့တယ္။ အဲဒါက တိုက္ဆိုင္မႈျဖစ္ႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ဒီတစ္ခုကေတာ့ စိတ္ဝင္စားစရာေကာင္းတယ္။ ဘာလို႔လဲဆိုေတာ့ ဒီတစ္ခုက တကယ္ေတာ့ ဂိုးတိုင္ေရွ႕ဘက္ေထာင့္ကန္ေဘာျဖစ္ၿပီး သူက သူ႔ေျခအိတ္နဲ႔ ပိတ္သက္ၿပီး မတူညီတဲ့အရာကို လုပ္ေနတဲ့ပုံစံမ်ိဳးမို႔လို႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္ နားလည္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီမွာ မရွိတဲ့ တစ္စုံတရာအတြက္ ေခါင္းစားေနတာျဖစ္ႏိုင္တယ္။ အဲဒါက ႀကီးမားတဲ့ တိုက္ဆိုင္မႈပါ။ သူက အဲဒီမွာ အၿမဲတမ္းရွိေနၿပီး သူ႔ေျခအိတ္ကို တစ္ခုခု အၿမဲတမ္း လုပ္ေနတယ္။ နီကိုးလတ္စ္ ဂ်ိဳဗာက ေထာင့္ကန္ေဘာမွာ သူတို႔ လုပ္ေနတဲ့ဟာအတြက္ အခ်က္ျပမႈေတြ ရွိတယ္လို႔ ေျပာခဲ့တာလို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ဖို႔ ႀကိဳးစားခဲ့တယ္။ သူက အဲဒါက ပင္နယ္တီဧရိယာအစြန္က တစ္စုံတေယာက္လို႔ ရည္ၫႊန္းခဲ့ၿပီး ကြၽန္ေတာ္တို႔ ေအာ္ဒီဂြါဒ္ကို ေတြ႕ခဲ့တယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အတူတူ တင္ဆက္ေနတဲ့ ေဘာလုံးေဝဖန္သုံးသပ္သူ အလန္ ရွီးယားကေတာ့ စုံေထာက္ႀကီးစတိုင္ဖမ္းၿပီး သုံးသပ္ေနတဲ့ အဲလက္စ္ စေကာ့တ္ရဲ႕ ၿဖီးလုံးေတြကို မယုံၾကည္ဟန္နဲ႔ “သူ႔ေျခအိတ္က သူ႔အတြက္ နည္းနည္း ႀကီးေနလို႔ လုပ္ေနတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ဗ်ာ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News