ဖောရက်စ်နဲ့ပွဲမတိုင်ခင် ကြီးမားတဲ့ အားတက်စရာဒဏ်ရာသတင်း ၂ ခု ကြားခဲ့ရတဲ့ အာဆင်နယ် 644 464 coyg

ဖောရက်စ်နဲ့ပွဲမတိုင်ခင် ကြီးမားတဲ့ အားတက်စရာဒဏ်ရာသတင်း ၂ ခု ကြားခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ကြိုးပမ်းနေတဲ့အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တွေမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းတွေကို ရရှိခဲ့ပါတယ်။

ဒီကလန် ရိုက်ဟာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ် စနေနေ့ပွဲစဉ်အတွင်း ပွဲကစားချိန် မိနစ် ၂၀ သာကျန်တော့တဲ့အချိန်မှာ တံကောက်ကြော ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရတာကြောင့် အာဆင်နယ်တို့အတွက် စိုးရိမ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဒဏ်ရာက အရမ်းပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပြီး အစောပိုင်း လက္ခဏာတွေက လာမယ့်အပတ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်မယ်ဆိုတဲ့ အရိပ်အယောင်ကို ပြသခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ စီးတီးဂရောင်းကို နောက်ဆုံး သွားရောက်ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၁-၀ နဲ့ ရှုံးပွဲဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ မျှော်လင့်ချက်ကို အပြီးသတ်သွားစေခဲ့တာ ဖြစ်ပါတယ်။

Mail Sport ရဲ့ ဖော်ပြချက်အရ ဒီကလန် ရိုက် ဒဏ်ရာရရှိသွားခဲ့မှုက သောမတ်စ် ပါတေးကို ကာလရှည် ဆုံးရှုံးထားရတဲ့ အာဆင်နယ်အတွက်တော့ မြွေပူရာ ကင်းမှောင့်သလို ဖြစ်ခဲ့မှာဖြစ်ပြီး ယခုနောက်ဆုံးသတင်းတွေအရ အသေးစား ကြွက်သားတောင့်တင်းမှုလောက်သာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

နောက်ထပ် အပေါင်းလက္ခဏာဆောင်တဲ့သတင်းကတော့ ယူရီယန် တင်းဘားဟာ ဩဂုတ်လတုန်းက နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ ရခဲ့တဲ့ ဒူးရွတ်စုတ်ပြဲဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေမှုဟာ အထင်ကြီးဖွယ် တိုးတက်လာနေတာ ဖြစ်ပါတယ်။

အိုင်းယက်စ်နောက်ခံလူဟောင်းဟာ ရာသီကြိုကာလအတွင်း အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အထူးသဖြင့် မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းအောင်ပွဲမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတဲ့ နယ်သာလန်နောက်ခံလူဟာ လက်ရှိမှာတော့ ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပထမအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း တင်းဘားအနေနဲ့ ကျော်ဖြတ်ရမယ့် အတားအဆီးအများအပြား ရှိနေဆဲဖြစ်ပေမယ့်လည်း နေရာစုံကစားနိုင်တဲ့ နောက်ခံကစားသမားဟာ အာဆင်နယ်ရဲ့ ပရီးမီးယားဖလား ရယူဖို့ ကြိုးပမ်းမယ့် အရေးအကြီးဆုံးအချိန်မှာ အချိန်မီ ပြန်လည်ပါဝင်ကစားပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာနေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ တစ်ဆက်တည်းမှာပဲ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေ ဂိုးသွင်းခြေ ပြန်တွေ့ခဲ့တာကို မြင်တွေ့ခဲ့ရပြီး မာတီနယ်လီက လူစားဝင်ကစားသမားအဖြစ်နဲ့ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို လီအန်ဒရို ထရော့ဆာ့ဒ်ကလည်း ၁၀ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အာတီတာဟာ လက်ရှိမှာတော့ လာမယ့်အပတ် နော်တင်ဟမ်ဖောရက်စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး နောက်ထပ် အရေးပါတဲ့ အဝေးကွင်းနိုင်ပွဲကို ရယူသွားနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္အသင္းနည္းျပ အာတီတာဟာ ပရီးမီးယားလိဂ္ဖလား ရရွိဖို႔ ႀကိဳးပမ္းေနတဲ့အသင္းအတြက္ အေရးႀကီးတဲ့ပြဲစဥ္ေတြမတိုင္ခင္ အားတက္စရာ ဒဏ္ရာသတင္းေတြကို ရရွိခဲ့ပါတယ္။

ဒီကလန္ ႐ိုက္ဟာ ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ စေနေန႔ပြဲစဥ္အတြင္း ပြဲကစားခ်ိန္ မိနစ္ ၂၀ သာက်န္ေတာ့တဲ့အခ်ိန္မွာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ အာဆင္နယ္တို႔အတြက္ စိုးရိမ္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာက အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဒဏ္ရာက အရမ္းျပင္းထန္တဲ့ ဒဏ္ရာမဟုတ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာဆိုခဲ့ၿပီး အေစာပိုင္း လကၡဏာေတြက လာမယ့္အပတ္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ပါဝင္ကစားေပးႏိုင္မယ္ဆိုတဲ့ အရိပ္အေယာင္ကို ျပသခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ စီးတီးဂေရာင္းကို ေနာက္ဆုံး သြားေရာက္ကစားခဲ့တဲ့ ၂ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ၁-၀ နဲ႔ ရႈံးပြဲဟာ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရဖို႔ ေမွ်ာ္လင့္ခ်က္ကို အၿပီးသတ္သြားေစခဲ့တာ ျဖစ္ပါတယ္။

Mail Sport ရဲ႕ ေဖာ္ျပခ်က္အရ ဒီကလန္ ႐ိုက္ ဒဏ္ရာရရွိသြားခဲ့မႈက ေသာမတ္စ္ ပါေတးကို ကာလရွည္ ဆုံးရႈံးထားရတဲ့ အာဆင္နယ္အတြက္ေတာ့ ေႁမြပူရာ ကင္းေမွာင့္သလို ျဖစ္ခဲ့မွာျဖစ္ၿပီး ယခုေနာက္ဆုံးသတင္းေတြအရ အေသးစား ႂကြက္သားေတာင့္တင္းမႈေလာက္သာ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။

ေနာက္ထပ္ အေပါင္းလကၡဏာေဆာင္တဲ့သတင္းကေတာ့ ယူရီယန္ တင္းဘားဟာ ဩဂုတ္လတုန္းက ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ ရာသီအဖြင့္ပြဲမွာ ရခဲ့တဲ့ ဒူး႐ြတ္စုတ္ၿပဲဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနမႈဟာ အထင္ႀကီးဖြယ္ တိုးတက္လာေနတာ ျဖစ္ပါတယ္။

အိုင္းယက္စ္ေနာက္ခံလူေဟာင္းဟာ ရာသီႀကိဳကာလအတြင္း အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး အထူးသျဖင့္ မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းေအာင္ပြဲမွာျဖစ္ပါတယ္။

ခြဲစိတ္ကုသမႈခံယူခဲ့ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနတဲ့ နယ္သာလန္ေနာက္ခံလူဟာ လက္ရွိမွာေတာ့ ဩဂုတ္လေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပထမအသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း တင္းဘားအေနနဲ႔ ေက်ာ္ျဖတ္ရမယ့္ အတားအဆီးအမ်ားအျပား ရွိေနဆဲျဖစ္ေပမယ့္လည္း ေနရာစုံကစားႏိုင္တဲ့ ေနာက္ခံကစားသမားဟာ အာဆင္နယ္ရဲ႕ ပရီးမီးယားဖလား ရယူဖို႔ ႀကိဳးပမ္းမယ့္ အေရးအႀကီးဆုံးအခ်ိန္မွာ အခ်ိန္မီ ျပန္လည္ပါဝင္ကစားေပးႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ရွိလာေနၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ တစ္ဆက္တည္းမွာပဲ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ တိုက္စစ္ကစားသမားေတြ ဂိုးသြင္းေျခ ျပန္ေတြ႕ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး မာတီနယ္လီက လူစားဝင္ကစားသမားအျဖစ္နဲ႔ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကလည္း ၁၀ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာတီတာဟာ လက္ရွိမွာေတာ့ လာမယ့္အပတ္ ေနာ္တင္ဟမ္ေဖာရက္စ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး ေနာက္ထပ္ အေရးပါတဲ့ အေဝးကြင္းႏိုင္ပြဲကို ရယူသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet