ဖာနန်ဒက်စ်နဲ့ အော်ဒီဂွါဒ်တို့ရဲ့ ကိန်းဂဏန်းတွေကြောင့် မယုံနိုင်ဖြစ်ခဲ့တဲ့ ပရိသတ်များ
ပရိသတ်တွေဟာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါငး်ဆောင် ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ကိန်းဂဏန်းတွေကြောင့် မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။
အော်ဒီဂွါဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၂၅ ပွဲပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ကတော့ တန်ဟက်လက်အောက် ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်မှာ တောက်ပပြနေတဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
ကစားသမား ၂ ဦးစလုံးက သက်ဆိုင်ရာအသင်းတွေအတွက် ကစားကွက်ဖန်တီးရှင်တွေဖြစ်ကြပေမယ့်လည်း အော်ဒီဂွါဒ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ခဲ့ချိန်မှာ ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။
Statsmuse ရဲ့ ဖော်ပြချက်အရ အော်ဒီဂွါဒ်ဟာ ပြိုင်ဘက်တွေဆီကနေ ဘောလုံး တိုက်ရိုက်ပေးပို့မှု အကြိမ် ၁၅၀ အထိ ပြုလုပ်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ ယှဉ်ရင် ဘောလုံးပေးပို့ရာမှာ တိကျမှုနှုန်းကတော့ ပိုမိုသာလွန်နေသေးတာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေကတော့ ဘရူနို ဖာနန်ဒက်စ်ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ နှိုင်းယှဉ်ရမှာမဟုတ်ဘဲ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂျန်ဘာ ဂျန်ဘာနဲ့ နှိုင်းယှဉ်ရမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ပရိသတ္ေတြဟာ အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါငး္ေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ ကိန္းဂဏန္းေတြေၾကာင့္ မယုံႏိုင္ျဖစ္ခဲ့ၾကပါတယ္။
ေအာ္ဒီဂြါဒ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၂၈ ပြဲမွာ ၂၅ ပြဲပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဒီရာသီၿပိဳင္ပြဲစုံ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ တန္ဟက္လက္ေအာက္ ႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္မွာ ေတာက္ပျပေနတဲ့ ကစားသမားအနည္းငယ္ထဲက တစ္ဦးျဖစ္ခဲ့ၿပီး သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။
ကစားသမား ၂ ဦးစလုံးက သက္ဆိုင္ရာအသင္းေတြအတြက္ ကစားကြက္ဖန္တီးရွင္ေတြျဖစ္ၾကေပမယ့္လည္း ေအာ္ဒီဂြါဒ္နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ကိန္းဂဏန္းေတြကို ႏႈိင္းယွဥ္ခဲ့ခ်ိန္မွာ ပရိသတ္ေတြအားလုံး အံ့အားသင့္ခဲ့ရပါတယ္။
Statsmuse ရဲ႕ ေဖာ္ျပခ်က္အရ ေအာ္ဒီဂြါဒ္ဟာ ၿပိဳင္ဘက္ေတြဆီကေန ေဘာလုံး တိုက္႐ိုက္ေပးပို႔မႈ အႀကိမ္ ၁၅၀ အထိ ျပဳလုပ္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ယွဥ္ရင္ ေဘာလုံးေပးပို႔ရာမွာ တိက်မႈႏႈန္းကေတာ့ ပိုမိုသာလြန္ေနေသးတာျဖစ္ပါတယ္။
အာဆင္နယ္ပရိသတ္ေတြကေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ႏႈိင္းယွဥ္ရမွာမဟုတ္ဘဲ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဂ်န္ဘာ ဂ်န္ဘာနဲ႔ ႏႈိင္းယွဥ္ရမွာျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ၾကပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News