ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ ရမ်းစ်ဒေးလ်ကိုယ်စားလှယ်အဖွဲ့နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ 644 476 coyg

ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ ရမ်းစ်ဒေးလ်ကိုယ်စားလှယ်အဖွဲ့နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာရွန် ရမ်းစ်ဒေးလ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ဂိုးသမားက ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ခြင်းမခံခဲ့ရတဲ့အပေါ်မှာ အံ့အားသင့်ခဲ့ကြပေမယ့်လည်း ကစားသမားက အသင်းဖော် ရာယာအပေါ် ဘာရန်ငြှိုးရန်စမှ မရှိဘူးလို့ သိရပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ရာသီအစ ၄ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အာတီတာက ဒေးဗစ် ရာယာကို နေရာပေးလာခဲ့တာဖြစ်ပြီး လွန်းစ်နဲ့ပွဲက အမှားနဲ့ မန်စီးတီးနဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် မေးခွန်းထုတ်မှုတွေက မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ရမ်းစ်ဒေးလ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာတီတာက အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားပေးခွင့်ရခဲ့တဲ့ ရာယာကို နောက်ထပ် ၃ ရက်အကြာ ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပွဲထွက်စေခဲ့ပြီး အင်္ဂလန်ဂိုးသမားကို ချန်လှပ်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်။

-ဂါဘရီယဲလ် ဂျေးဇုဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို အာဆင်နယ်က သမိုင်းဝင် နိုင်ပွဲ ရရှိခဲ့ပြီးနောက် အသင်းဖော်ဟောင်းဖြစ်တဲ့ မန်စီးတီးဂိုးသမား အီဒါဆန်နဲ့ ပြဿနာတက်ခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ နာကျင်အချိန်ပိုမှာ အသင်းဖော်ဟောင်းနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အီဒါဆန်က အာဆင်နယ်တိုက်စစ်မှူးဟာ အချိန်ဖြုန်းတီးခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် တွန်းထုတ်ခဲ့ပြီးနောက် ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် ကစားသမား ၂ ဦးစလုံးအဝါကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။ ဂျေးဇုက အီဒါဆန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ကွင်းထဲမှာ ဒီလိုဖြစ်တာက သာမန်သာဖြစ်တဲ့အကြောင်း၊ ကွင်းထဲမှာဆိုရင် သူလည်း သူ့အသင်းကို ကာကွယ်သလို ကျွန်တော်လည်း ကျွန်တော့်အသင်းကို ကာကွယ်တယ်လို့ ပြောဆိုခဲ့ပြီး အဲဒီကိစ္စအပြီးမှာ နှစ်ယောက်အတူတူ စကားပြောခဲ့ကြတယ်လို့ ရှင်းလင်းခဲ့ပါတယ်။

-ချဲလ်ဆီးကြယ်ပွင့် မိုင်ခေလို မာဒရစ်ခ်ဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမတိုင်ခင် လန်ဒန်က အနီရောင်လို့ အော်ဟစ်ခဲ့တဲ့ ပရိသတ်ကို တုံ့ပြန်ခဲ့ပြီး ယူကရိန်းနဲ့ နိုင်ငံတကာပွဲကစားဖို့ ရောက်နေချိန်အတွင်း ဘတ်စ်ကားပေါ် တက်ခါနီးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ချဲလ်ဆီးမှာ စိတ်ပျက်ဖွယ်ခြေစွမ်းပြသနေခဲ့တာကြောင့် ဂန်းနားတွေကို ငြင်းပယ်ခဲ့တာက မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ ကြာသပတေးနေ့မှာ အာဆင်နယ်ပရိသတ်တစ်ဦးရဲ့ ပစ်မှတ်ထားခြင်းကို နောက်ထပ်တစ်ကြိမ် ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အဲဒီပရိသတ်က လန်ဒန်က အနီရောင်လို့ မှတ်ချက်မပေးမီ ချဲလ်ဆီးကြယ်ပွင့်နဲ့ ဆယ်လ်ဖီပုံတွဲရိုက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီလိုမှတ်ချက်ပေးပြီးနောက်မှာ မာခရစ်ခ်က အဲဒါဆိုရင်လည်း ဘာလို့ ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုနေသေးတာလဲလို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

-တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ ရန်တွေ့ခြင်းခံခဲ့ရတာကြောင့် တုန်လှုပ်နေတဲ့ ဆာမီ နာဆရီရဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟောင်းဟာ အာဆင်နယ်အတွက်ရော မန်စီးတီးအတွက်ပါ ကစားပေးခဲ့သူဖြစ်ပြီး အစ်တီဟတ်မှာ ကစားခဲ့တဲ့ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဟာ ၂၀၁၁ ခုနှစ် နွေရာသီမှာ အာဆင်ဝင်းဂါးက မရောင်းထုတ်ချင်ပေမယ့်လည်း ရက်သတ္တပတ်အနည်းငယ်အတွင်း အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်အပြင် ဆာမီ နာဆရီရဲ့ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့မှုကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ကြတာဖြစ်ပါတယ်။ နာဆရီဟာ ကစားသမားဘဝတုန်းက အမ်းမရိတ်စ်ကို ပြန်လာခဲ့ချိန်တုန်းကလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး တနင်္ဂနွေနေ့က မန်စီးတီးနဲ့ပွဲမှာ ပြင်သစ်မီဒီယာ Canal Plus အတွက် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်ဖို့ ရောက်ရှိလာချိန်မှာ ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တစ်ဦးက ကိုယ့်ဝိဉာဉ်ကို ရောင်းစားတဲ့ကောင်လို့ အော်ဟစ်တာခံခဲ့ရပြီးနောက် တုန်လှုပ်နေပုံပေါ်တာကို မြင်တွေ့ခဲ့ရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

-အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ကိုယ္စားလွယ္အဖြဲ႕ဟာ ၿပီးခဲ့တဲ့လက ပီအက္စ္ဗြီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အဂၤလန္ဂိုးသမားက ပြဲထြက္ဂိုးသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရတဲ့အေပၚမွာ အံ့အားသင့္ခဲ့ၾကေပမယ့္လည္း ကစားသမားက အသင္းေဖာ္ ရာယာအေပၚ ဘာရန္ျငႇိဳးရန္စမွ မရွိဘူးလို႔ သိရပါတယ္။ ရမ္းစ္ေဒးလ္ဟာ ယခုရာသီ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ရာသီအစ ၄ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း အာတီတာက ေဒးဗစ္ ရာယာကို ေနရာေပးလာခဲ့တာျဖစ္ၿပီး လြန္းစ္နဲ႔ပြဲက အမွားနဲ႔ မန္စီးတီးနဲ႔ပြဲက စြမ္းေဆာင္ရည္ေၾကာင့္ ေမးခြန္းထုတ္မႈေတြက ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ရမ္းစ္ေဒးလ္ရဲ႕ ကိုယ္စားလွယ္အဖြဲ႕ဟာ အာတီတာက အဲဗာတန္နဲ႔ပြဲမွာ ပြဲဦးထြက္ ပါဝင္ကစားေပးခြင့္ရခဲ့တဲ့ ရာယာကို ေနာက္ထပ္ ၃ ရက္အၾကာ ပီအက္စ္ဗြီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ပြဲထြက္ေစခဲ့ၿပီး အဂၤလန္ဂိုးသမားကို ခ်န္လွပ္ခဲ့တဲ့အတြက္ အံ့အားသင့္ခဲ့ၾကတယ္လို႔ သိရပါတယ္။

-ဂါဘရီယဲလ္ ေဂ်းဇုဟာ တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးကို အာဆင္နယ္က သမိုင္းဝင္ ႏိုင္ပြဲ ရရွိခဲ့ၿပီးေနာက္ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ မန္စီးတီးဂိုးသမား အီဒါဆန္နဲ႔ ျပႆနာတက္ခဲ့တဲ့အေၾကာင္းကို ဖြင့္ဟခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ နာက်င္အခ်ိန္ပိုမွာ အသင္းေဖာ္ေဟာင္းနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အီဒါဆန္က အာဆင္နယ္တိုက္စစ္မႉးဟာ အခ်ိန္ျဖဳန္းတီးခဲ့တယ္လို႔ ခံစားခဲ့ရတာေၾကာင့္ တြန္းထုတ္ခဲ့ၿပီးေနာက္ ထိပ္တိုက္ေတြ႕ခဲ့တာျဖစ္ၿပီး အဲဒီျဖစ္စဥ္ေၾကာင့္ ကစားသမား ၂ ဦးစလုံးအဝါကတ္ျပခံခဲ့ရတာျဖစ္ပါတယ္။ ေဂ်းဇုက အီဒါဆန္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိၿပီး ကြင္းထဲမွာ ဒီလိုျဖစ္တာက သာမန္သာျဖစ္တဲ့အေၾကာင္း၊ ကြင္းထဲမွာဆိုရင္ သူလည္း သူ႔အသင္းကို ကာကြယ္သလို ကြၽန္ေတာ္လည္း ကြၽန္ေတာ့္အသင္းကို ကာကြယ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အဲဒီကိစၥအၿပီးမွာ ႏွစ္ေယာက္အတူတူ စကားေျပာခဲ့ၾကတယ္လို႔ ရွင္းလင္းခဲ့ပါတယ္။

-ခ်ဲလ္ဆီးၾကယ္ပြင့္ မိုင္ေခလို မာဒရစ္ခ္ဟာ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမတိုင္ခင္ လန္ဒန္က အနီေရာင္လို႔ ေအာ္ဟစ္ခဲ့တဲ့ ပရိသတ္ကို တုံ႔ျပန္ခဲ့ၿပီး ယူကရိန္းနဲ႔ ႏိုင္ငံတကာပြဲကစားဖို႔ ေရာက္ေနခ်ိန္အတြင္း ဘတ္စ္ကားေပၚ တက္ခါနီးမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ၿပီးမွ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးမွာ စိတ္ပ်က္ဖြယ္ေျခစြမ္းျပသေနခဲ့တာေၾကာင့္ ဂန္းနားေတြကို ျငင္းပယ္ခဲ့တာက မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ ၾကာသပေတးေန႔မွာ အာဆင္နယ္ပရိသတ္တစ္ဦးရဲ႕ ပစ္မွတ္ထားျခင္းကို ေနာက္ထပ္တစ္ႀကိမ္ ႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး အဲဒီပရိသတ္က လန္ဒန္က အနီေရာင္လို႔ မွတ္ခ်က္မေပးမီ ခ်ဲလ္ဆီးၾကယ္ပြင့္နဲ႔ ဆယ္လ္ဖီပုံတြဲ႐ိုက္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး အဲဒီလိုမွတ္ခ်က္ေပးၿပီးေနာက္မွာ မာခရစ္ခ္က အဲဒါဆိုရင္လည္း ဘာလို႔ ဓာတ္ပုံတြဲ႐ိုက္ဖို႔ ေတာင္းဆိုေနေသးတာလဲလို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

-တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ေဒါသထြက္ေနတဲ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရန္ေတြ႕ျခင္းခံခဲ့ရတာေၾကာင့္ တုန္လႈပ္ေနတဲ့ ဆာမီ နာဆရီရဲ႕ ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ေဟာင္းဟာ အာဆင္နယ္အတြက္ေရာ မန္စီးတီးအတြက္ပါ ကစားေပးခဲ့သူျဖစ္ၿပီး အစ္တီဟတ္မွာ ကစားခဲ့တဲ့ကာလအတြင္း ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြဟာ ၂၀၁၁ ခုႏွစ္ ေႏြရာသီမွာ အာဆင္ဝင္းဂါးက မေရာင္းထုတ္ခ်င္ေပမယ့္လည္း ရက္သတၱပတ္အနည္းငယ္အတြင္း အသင္းေခါင္းေဆာင္ ဖာဘရီဂတ္စ္အျပင္ ဆာမီ နာဆရီရဲ႕ စိတ္ပ်က္ဖြယ္ ထြက္ခြာခဲ့မႈကို ဘယ္တုန္းကမွ မေမ့ေလ်ာ့ခဲ့ၾကတာျဖစ္ပါတယ္။ နာဆရီဟာ ကစားသမားဘဝတုန္းက အမ္းမရိတ္စ္ကို ျပန္လာခဲ့ခ်ိန္တုန္းကလည္း ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး တနဂၤေႏြေန႔က မန္စီးတီးနဲ႔ပြဲမွာ ျပင္သစ္မီဒီယာ Canal Plus အတြက္ ေဘာလုံးေဝဖန္သူအျဖစ္ ေဆာင္႐ြက္ဖို႔ ေရာက္ရွိလာခ်ိန္မွာ ေဒါသထြက္ေနတဲ့ အာဆင္နယ္ပရိသတ္တစ္ဦးက ကိုယ့္ဝိဉာဥ္ကို ေရာင္းစားတဲ့ေကာင္လို႔ ေအာ္ဟစ္တာခံခဲ့ရၿပီးေနာက္ တုန္လႈပ္ေနပုံေပၚတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Arsenal Myanmar

Ref: Internet