ပြီးခဲ့တဲ့ရာသီမှာ ရူးသွပ်စေခဲ့တဲ့ ကစားသမားကို ပြောပြခဲ့တဲ့ အာတီတာ 644 361 coyg

ပြီးခဲ့တဲ့ရာသီမှာ ရူးသွပ်စေခဲ့တဲ့ ကစားသမားကို ပြောပြခဲ့တဲ့ အာတီတာ

အာတီတာက ဒီကလန် ရိုက်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ အထင်ကြီးမိခဲ့ပြီးနောက် အင်္ဂလန်ကွင်းလယ်လူကို ခေါ်ယူဖို့ ရူးသွပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေး ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူဟာ ယနေ့ညမှာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က အသင်းခေါင်းဆောင်ဟောင်း ဒီကလန် ရိုက်ကို ချီးကျူးခဲ့ပြီး လက်ရှိနည်းပြ အာတီတာကလည်း အသက် ၂၄ နှစ်အရွယ်ကစားသမားကို အလားတူ ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ပေးရမယ့် စျေးနှုန်းကို သူတို့တွေ သတ်မှတ်လိုက်တဲ့အချိန်မှာ အဲဒါကို မလွယ်ကူပါဘူး။ သူက အရမ်းကောင်းတဲ့ပုံစံနဲ့ ကစားခဲ့တဲ့သူပါ။ သူက တကယ်ကို နှိမ့်ချတတ်တဲ့သူဖြစ်ပြီး သူ သင်ယူချင်တဲ့ပုံစံ၊ အပေါင်းလက္ခဏာဆောင်တဲ့ ဝေဖန်မှုတွေကို လက်ခံတဲ့ပုံစံက တကယ်ကို အင်အားကြီးပါတယ်။ သူ သွားရမယ့် တခြားအဆင့်တွေ ရှိပါတယ်။ သူ ကွင်းထဲမှာ ပါဝင်ကစားပေးနေတာကို ကျွန်တော် နှစ်သက်မိတယ်။ သူ ကွင်းထဲမှာ ရှိနေပြီး သူ့မှာ ထူးခြားတဲ့အစွမ်းတစ်ခုရှိပါတယ်။ ကျွန်တော် သူနဲ့ ရင်ဆိုင်ကစားခဲ့တဲ့အချိန်မှာ အဲဒါကို ခံစားမိခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော် သူ့ကို ရူးရူးမိုက်မိုက်ပဲ ခေါ်ယူခဲ့တာပါ။ ခင်ဗျား ကစားသမားတွေနဲ့ပတ်သက်ပြီး ခံစားချက်ရလာတဲ့အခါမှာ သူ့ကို ကျွန်တော်တို့အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေချင်ခဲ့ပါတယ်”

“သူက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာ ပိုပြီး ခံစစ်ရောက်တဲ့အခန်းကဏ္ဍမှာ ကစားနေခဲ့တယ်။ ဒါပေမယ့် ကျောနံပါတ် ၈အဖြစ်နဲ့လည်း သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။ သူက ကျွန်တော်တို့ လိုအပ်တယ်ဆိုရင် ဗဟိုခံစစ်ကစားသမားလည်း ဖြစ်ပေးနိုင်ပါတယ်။ သူက ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာရှိနေတဲ့အချိန်ဆိုရင် စစ်မှန်တဲ့ ခြိမ်းခြောက်မှုဖြစ်တဲ့အကြောင်းကိုလည်း သွင်းဂိုးတွေနဲ့ ပြသခဲ့ပါတယ်။ ဒါက သူ ဖွံ့ဖြိုးတိုးတက်လာနိုင်သေးတဲ့ နေရာပါ။ သူ့ရဲ့ ခေါင်းဆောင်မှုအရည်အချင်း၊ လာမယ့်နှစ်တွေမှာ သူ အသင်းထဲမှာ ပုံမှန်ကြီးထွားလာမှာပါ။ သူ့ဆီကနေ အများကြီး မြင်ရဖို့ရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာတီတာက ဒီကလန္ ႐ိုက္ကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ အထင္ႀကီးမိခဲ့ၿပီးေနာက္ အဂၤလန္ကြင္းလယ္လူကို ေခၚယူဖို႔ ႐ူးသြပ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းကေန ဒီကလန္ ႐ိုက္ကို ေပါင္ ၁၀၅ သန္းနဲ႔ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပး ေခၚယူခဲ့တာျဖစ္ၿပီး အဂၤလန္ကြင္းလယ္လူဟာ ယေန႔ညမွာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္က အသင္းေခါင္းေဆာင္ေဟာင္း ဒီကလန္ ႐ိုက္ကို ခ်ီးက်ဴးခဲ့ၿပီး လက္ရွိနည္းျပ အာတီတာကလည္း အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားကို အလားတူ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ေပးရမယ့္ ေစ်းႏႈန္းကို သူတို႔ေတြ သတ္မွတ္လိုက္တဲ့အခ်ိန္မွာ အဲဒါကို မလြယ္ကူပါဘူး။ သူက အရမ္းေကာင္းတဲ့ပုံစံနဲ႔ ကစားခဲ့တဲ့သူပါ။ သူက တကယ္ကို ႏွိမ့္ခ်တတ္တဲ့သူျဖစ္ၿပီး သူ သင္ယူခ်င္တဲ့ပုံစံ၊ အေပါင္းလကၡဏာေဆာင္တဲ့ ေဝဖန္မႈေတြကို လက္ခံတဲ့ပုံစံက တကယ္ကို အင္အားႀကီးပါတယ္။ သူ သြားရမယ့္ တျခားအဆင့္ေတြ ရွိပါတယ္။ သူ ကြင္းထဲမွာ ပါဝင္ကစားေပးေနတာကို ကြၽန္ေတာ္ ႏွစ္သက္မိတယ္။ သူ ကြင္းထဲမွာ ရွိေနၿပီး သူ႔မွာ ထူးျခားတဲ့အစြမ္းတစ္ခုရွိပါတယ္။ ကြၽန္ေတာ္ သူနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့အခ်ိန္မွာ အဲဒါကို ခံစားမိခဲ့တယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ သူ႔ကို ႐ူး႐ူးမိုက္မိုက္ပဲ ေခၚယူခဲ့တာပါ။ ခင္ဗ်ား ကစားသမားေတြနဲ႔ပတ္သက္ၿပီး ခံစားခ်က္ရလာတဲ့အခါမွာ သူ႔ကို ကြၽန္ေတာ္တို႔အသင္းရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္လာေစခ်င္ခဲ့ပါတယ္”

“သူက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္မွာ ပိုၿပီး ခံစစ္ေရာက္တဲ့အခန္းက႑မွာ ကစားေနခဲ့တယ္။ ဒါေပမယ့္ ေက်ာနံပါတ္ ၈အျဖစ္နဲ႔လည္း သူက မယုံႏိုင္စရာေကာင္းတဲ့ ကစားသမားျဖစ္လာႏိုင္ပါတယ္။ သူက ကြၽန္ေတာ္တို႔ လိုအပ္တယ္ဆိုရင္ ဗဟိုခံစစ္ကစားသမားလည္း ျဖစ္ေပးႏိုင္ပါတယ္။ သူက ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာရွိေနတဲ့အခ်ိန္ဆိုရင္ စစ္မွန္တဲ့ ၿခိမ္းေျခာက္မႈျဖစ္တဲ့အေၾကာင္းကိုလည္း သြင္းဂိုးေတြနဲ႔ ျပသခဲ့ပါတယ္။ ဒါက သူ ဖြံ႕ၿဖိဳးတိုးတက္လာႏိုင္ေသးတဲ့ ေနရာပါ။ သူ႔ရဲ႕ ေခါင္းေဆာင္မႈအရည္အခ်င္း၊ လာမယ့္ႏွစ္ေတြမွာ သူ အသင္းထဲမွာ ပုံမွန္ႀကီးထြားလာမွာပါ။ သူ႔ဆီကေန အမ်ားႀကီး ျမင္ရဖို႔ရွိေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet