ပဲလေ့စ်နဲ့ပွဲအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတဲ့ ဂန်းနားကြယ်ပွင့်ရဲ့ဒဏ်ရာအခြေအနေ
အာဆင်နယ်ကြယ်ပွင့် နောက်ခံကစားသမား အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ ယခုလာမယ့် ၂၀ ရက်နေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်မှာမဟုတ်တာ သေချာသလောက်ရှိတယ်လို့ သိရပါတယ်။
ယူကရိန်းကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂ ပွဲကိုလည်း ခြေသလုံး ဒဏ်ရာကြောင့် လွဲချော်ခဲ့သူဖြစ်ပြီး ဒူဘိုင်းက ပူနွေးတဲ့ ရာသီဥတုမှာ စခန်းသွင်းလေ့ကျင့်နေတဲ့ ဂန်းနားလူစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဇင်ချန်ကိုဟာ ယူအေအီးနိုင်ငံကို ရောက်ရှိနေတဲ့ ကာလအတွင်း တစ်ဦးချင်း ပြန်လည်ထူထောင်ရေး အစီအစဉ်ကို လုပ်ဆောင်နေခဲ့ပြီး ယာကုဘ် ခီဗီယောက နောက်ဆုံး ၂ ပွဲကို ဘယ်နောက်ခံနေရာမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပိုလန်နောက်ခံလူက ဗဟိုခံစစ်ကစားသမားအဖြစ်နဲ့ ပိုမို သက်တောင့်သက်သာရှိတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာ တိုမိယဆုက အာရှဖလားပြိုင်ပွဲမှာ ဂျပန်အသင်းအတွက် ကိုယ်စားပြု ကစားပေးနေတာကြောင့် အာတီတာအနေနဲ့ ဘယ်နောက်ခံတောင်ပံနေရာအတွက် ရွေးချယ်စရာ များများစားစားမရှိဖြစ်နေတာဖြစ်ပါတယ်။
ဇင်ချန်ကိုဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ရင်ဆိုင်ကစားမယ့်ပွဲစဉ်အတွက် အချိန်မီ ပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း Evening Standard ရဲ့ ဖော်ပြချက်အရ မျှော်မှန်းထားတာထက် ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုက နှေးကွေးနေတာကြောင့် ယခုအပတ် ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဂါဘရီယဲလ် ဂျေးဇုကိုလည်း ပြန်လည် ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုလအစောပိုင်းက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူးဟာ ဒူဘိုင်းက စခန်းသွင်းလေ့ကျင့်ရေးမှာ အာဆင်နယ်အသင်းဖော်တွေနဲ့အတူ ပါဝင်လေ့ကျင့်ခဲ့ပြီး ယခုအပတ် ပွဲထွက်လူစာရင်းထဲကို တန်းပါလာနိုင်ဖွယ်ရှိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ ေနာက္ခံကစားသမား အိုလက္ဇန္းဒါး ဇင္ခ်န္ကိုဟာ ယခုလာမယ့္ ၂၀ ရက္ေန႔မွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပါဝင္ကစားေပးႏိုင္မွာမဟုတ္တာ ေသခ်ာသေလာက္ရွိတယ္လို႔ သိရပါတယ္။
ယူကရိန္းၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ၂ ပြဲကိုလည္း ေျခသလုံး ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ဒူဘိုင္းက ပူေႏြးတဲ့ ရာသီဥတုမွာ စခန္းသြင္းေလ့က်င့္ေနတဲ့ ဂန္းနားလူစာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။
ဇင္ခ်န္ကိုဟာ ယူေအအီးႏိုင္ငံကို ေရာက္ရွိေနတဲ့ ကာလအတြင္း တစ္ဦးခ်င္း ျပန္လည္ထူေထာင္ေရး အစီအစဥ္ကို လုပ္ေဆာင္ေနခဲ့ၿပီး ယာကုဘ္ ခီဗီေယာက ေနာက္ဆုံး ၂ ပြဲကို ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ပိုလန္ေနာက္ခံလူက ဗဟိုခံစစ္ကစားသမားအျဖစ္နဲ႔ ပိုမို သက္ေတာင့္သက္သာရွိတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း လက္ရွိမွာ တိုမိယဆုက အာရွဖလားၿပိဳင္ပြဲမွာ ဂ်ပန္အသင္းအတြက္ ကိုယ္စားျပဳ ကစားေပးေနတာေၾကာင့္ အာတီတာအေနနဲ႔ ဘယ္ေနာက္ခံေတာင္ပံေနရာအတြက္ ေ႐ြးခ်ယ္စရာ မ်ားမ်ားစားစားမရွိျဖစ္ေနတာျဖစ္ပါတယ္။
ဇင္ခ်န္ကိုဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ရင္ဆိုင္ကစားမယ့္ပြဲစဥ္အတြက္ အခ်ိန္မီ ျပန္လည္ပါဝင္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ ေမွ်ာ္မွန္းထားတာထက္ ဒဏ္ရာကေန ျပန္လည္သက္သာလာမႈက ေႏွးေကြးေနတာေၾကာင့္ ယခုအပတ္ ပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။
အာဆင္နယ္ဟာ ဂါဘရီယဲလ္ ေဂ်းဇုကိုလည္း ျပန္လည္ ပါဝင္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုလအေစာပိုင္းက လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။
ဘရာဇီးလ္ တိုက္စစ္မႉးဟာ ဒူဘိုင္းက စခန္းသြင္းေလ့က်င့္ေရးမွာ အာဆင္နယ္အသင္းေဖာ္ေတြနဲ႔အတူ ပါဝင္ေလ့က်င့္ခဲ့ၿပီး ယခုအပတ္ ပြဲထြက္လူစာရင္းထဲကို တန္းပါလာႏိုင္ဖြယ္ရွိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News