ပဲလေ့စ်နဲ့ပွဲကို ကစားသမား ၇ ဦးအထိ မပါဝင်ဘဲ ကစားသွားရမယ့် အာဆင်နယ် 615 409 coyg

ပဲလေ့စ်နဲ့ပွဲကို ကစားသမား ၇ ဦးအထိ မပါဝင်ဘဲ ကစားသွားရမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယာယီအနားရခဲ့မှုက ယခုအပတ် ခရစ္စတယ် ပဲလေ့စ်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်ချိန်မှာ နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီလို စိုးရိမ်စရာခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ကျဆင်းခဲ့ရပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အာတီတာအတွက် ကံဆိုးစွာနဲ့ပဲ ၂၀၂၄ ခုနှစ်မှာ ပထမဆုံးကစားရမယ့် လိဂ်ပွဲစဉ်မှာ ပထမအသင်းသကစားသမား ၇ ဦးအထိ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး ဇင်ချန်ကိုလည်း ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတယ်လို့ သိရပါတယ်။ ယူကရိန်းနောက်ခံလူဟာ ခြေသလုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂ ပွဲစလုံးကို လွဲချော်ခဲ့သူဖြစ်ပြီး ခီဗီယောက ဘယ်နောက်ခံနေရာမှာ ဝင်ကစားပေးခဲ့ရတာကြောင့် ပိုလန်နောက်ခံလူပဲ ဆက်လက် ပွဲထွက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုမိယဆုကလည်း ဂျပန်နဲ့ အာရှဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာကြောင့် ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ ခြေသလုံးဒဏ်ရာကနေ ပြန်လည်သက်သာခါစမှာ လက်ရွေးစင်ပွဲသွားကစားခဲ့ရတာကြောင့် အင်္ဂလန်ကို ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ဖို့သာ မျှော်လင့်ရမှာဖြစ်ပါတယ်။

မိုဟာမက် အယ်လ်နန်နီကလည်း အီဂျစ်နဲ့အတူ အာဖရိကဖလားပြိုင်ပွဲကို သွားကစားနေရပြီး အစောဆုံးအနေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ နောက်ပိုင်းမှသာ ပရီးမီးယားလိဂ်မှာ ပြန်လည်ပါဝင်ကစားပေးသွားနိုင်ဖွယ်ရှိပေမယ့်လည်း အီဂျစ်က ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

ဒီလမှာ ကြံ့ခိုင်မှုအပြည့် ပြန်လည်ရရှိဖို့ အာဆင်နယ်တို့ မျှော်လင့်နေတဲ့ ကစားသမားတစ်ဦးကတော့ သောမတ်စ် ပါတေးဖြစ်ပြီး ဂါနာကွင်းလယ်လူဟာ ပေါင်ဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက အနားယူနေခဲ့ရတဲ့အတွက် အာဖရိကဖလားပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲဟာ အသက် ၃၀ အရွယ် ကစားသမားအတွက် အရမ်းစောလွန်းနေသေးမှာဖြစ်ပေမယ့်လည်း ယခုလနှောင်းပိုင်း နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားရမယ့်ပွဲမှာတော့ ပြန်လည်ပါဝင်လာနိင်မယ်လို့ မျှော်လင့်ရပါတယ်။ ယခုအပတ်ပွဲစဉ်ဟာ ယူရီယန် တင်းဘားအတွက်လည်း စောလွန်းသေးပြီး ဒတ်ချ်နောက်ခံလူဟာ ဒူဘိုင်းက လေ့ကျင့်ရေးစခန်းမှာ တစ်ဦးတည်း ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

ဖေဘီယို ဗီယာရာကလည်း ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် တင်းဘားလိုပဲ ဘယ်အချိန် ပြန်ကစားပေးနိုင်မလဲ သေချာမသိရသေးသူဖြစ်ပြီး ပေါ်တိုကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ဒူဘိုင်းမှာ အပေါ့စားသွေးပူလေ့ကျင့်ရေးတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပေမယ့် အချိန်တစ်ခုထိတော့ အနားယူရဦးမှာဖြစ်ပါတယ်။

နောက်ဆုံး ကြံ့ခိုင်မှုအတွက် စိုးရိမ်နေရတဲ့ ကစားသမားကတော့ ဂျော်ဂျင်ညိုဖြစ်ပြီး အာဆင်နယ်အသင်းက ထုတ်ပြန်လိုက်တဲ့ မကြာသေးမီက လေ့ကျင့်ရေး ဗီဒီယိုဖိုင်ထဲမှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ အီတလီကွင်းလယ်လူဟာ ဒီဇင်ဘာလအစ ဝုလ်ဗ်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပြီး နောက်ဆုံးကစားပေးခဲ့တာကတော့ နိုဝင်ဘာလလယ်တုန်းက ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ယာယီအနားရခဲ့မႈက ယခုအပတ္ ခရစၥတယ္ ပဲေလ့စ္ကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္ခ်ိန္မွာ ႏိုင္ပြဲေတြ ျပန္လည္ရယူႏိုင္ဖို႔ အကူအညီျဖစ္ေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၇ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၃ ပြဲစလုံး ရႈံးပြဲေတြ႕ခဲ့တာျဖစ္ပါတယ္။ ဒီလို စိုးရိမ္စရာေျခစြမ္းေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာအထိ က်ဆင္းခဲ့ရၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲကေနလည္း ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

အာတီတာအတြက္ ကံဆိုးစြာနဲ႔ပဲ ၂၀၂၄ ခုႏွစ္မွာ ပထမဆုံးကစားရမယ့္ လိဂ္ပြဲစဥ္မွာ ပထမအသင္းသကစားသမား ၇ ဦးအထိ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ၿပီး ဇင္ခ်န္ကိုလည္း ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနတယ္လို႔ သိရပါတယ္။ ယူကရိန္းေနာက္ခံလူဟာ ေျခသလုံးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ၂ ပြဲစလုံးကို လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ခီဗီေယာက ဘယ္ေနာက္ခံေနရာမွာ ဝင္ကစားေပးခဲ့ရတာေၾကာင့္ ပိုလန္ေနာက္ခံလူပဲ ဆက္လက္ ပြဲထြက္ခြင့္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တိုမိယဆုကလည္း ဂ်ပန္နဲ႔ အာရွဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေနတာေၾကာင့္ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ေျခသလုံးဒဏ္ရာကေန ျပန္လည္သက္သာခါစမွာ လက္ေ႐ြးစင္ပြဲသြားကစားခဲ့ရတာေၾကာင့္ အဂၤလန္ကို ဒဏ္ရာကင္းကင္းနဲ႔ ျပန္လာႏိုင္ဖို႔သာ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။

မိုဟာမက္ အယ္လ္နန္နီကလည္း အီဂ်စ္နဲ႔အတူ အာဖရိကဖလားၿပိဳင္ပြဲကို သြားကစားေနရၿပီး အေစာဆုံးအေနနဲ႔ ဇန္နဝါရီ ၂၂ ရက္ေန႔ ေနာက္ပိုင္းမွသာ ပရီးမီးယားလိဂ္မွာ ျပန္လည္ပါဝင္ကစားေပးသြားႏိုင္ဖြယ္ရွိေပမယ့္လည္း အီဂ်စ္က ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။

ဒီလမွာ ႀကံ့ခိုင္မႈအျပည့္ ျပန္လည္ရရွိဖို႔ အာဆင္နယ္တို႔ ေမွ်ာ္လင့္ေနတဲ့ ကစားသမားတစ္ဦးကေတာ့ ေသာမတ္စ္ ပါေတးျဖစ္ၿပီး ဂါနာကြင္းလယ္လူဟာ ေပါင္ဒဏ္ရာေၾကာင့္ ေအာက္တိုဘာလကတည္းက အနားယူေနခဲ့ရတဲ့အတြက္ အာဖရိကဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲဟာ အသက္ ၃၀ အ႐ြယ္ ကစားသမားအတြက္ အရမ္းေစာလြန္းေနေသးမွာျဖစ္ေပမယ့္လည္း ယခုလေႏွာင္းပိုင္း ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားရမယ့္ပြဲမွာေတာ့ ျပန္လည္ပါဝင္လာနိင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ယခုအပတ္ပြဲစဥ္ဟာ ယူရီယန္ တင္းဘားအတြက္လည္း ေစာလြန္းေသးၿပီး ဒတ္ခ်္ေနာက္ခံလူဟာ ဒူဘိုင္းက ေလ့က်င့္ေရးစခန္းမွာ တစ္ဦးတည္း ျပန္လည္ထူေထာင္ေရး ေလ့က်င့္ခန္းေတြ ျပဳလုပ္ခဲ့သူ ျဖစ္ပါတယ္။

ေဖဘီယို ဗီယာရာကလည္း ေပါင္ၿခံဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ တင္းဘားလိုပဲ ဘယ္အခ်ိန္ ျပန္ကစားေပးႏိုင္မလဲ ေသခ်ာမသိရေသးသူျဖစ္ၿပီး ေပၚတိုကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ဒူဘိုင္းမွာ အေပါ့စားေသြးပူေလ့က်င့္ေရးေတြမွာ ပါဝင္လုပ္ေဆာင္ခဲ့ေပမယ့္ အခ်ိန္တစ္ခုထိေတာ့ အနားယူရဦးမွာျဖစ္ပါတယ္။

ေနာက္ဆုံး ႀကံ့ခိုင္မႈအတြက္ စိုးရိမ္ေနရတဲ့ ကစားသမားကေတာ့ ေဂ်ာ္ဂ်င္ညိဳျဖစ္ၿပီး အာဆင္နယ္အသင္းက ထုတ္ျပန္လိုက္တဲ့ မၾကာေသးမီက ေလ့က်င့္ေရး ဗီဒီယိုဖိုင္ထဲမွာ ပါဝင္ခဲ့ျခင္းမရွိတာ ျဖစ္ပါတယ္။ အီတလီကြင္းလယ္လူဟာ ဒီဇင္ဘာလအစ ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကတည္းက ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့သူျဖစ္ၿပီး ေနာက္ဆုံးကစားေပးခဲ့တာကေတာ့ ႏိုဝင္ဘာလလယ္တုန္းက ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet