ပေါ်တိုနဲ့ ဒုတိယအကျော့ပွဲမတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တဲ့ မာတီနယ်လီ
ဂါဘရီယဲလ် မာတီနယ်လီဟာ လာမယ့် အင်္ဂါနေ့ ပေါ်တိုနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲမတိုင်ခင် ပြိုင်ဘက်ပရိသတ်တွေကို ဒေါသထွက်စေမယ့် စကားကို ပြောဆိုခဲ့ပါတယ်။
ဂန်းနားတွေဟာ ပထမအကျော့တုန်းက ပေါ်တူဂီမြေမှာ ဂယ်လီနိုရဲ့ ၉၄ မိနစ်မှာ သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်လည်း အာတီတာရဲ့အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ ပေါ်တူဂီထိပ်သီးအသင်းကြီးကို လာမယ့်အပတ် အမ်းမရိတ်စ်မှာ ဂိုးရလဒ်များများနဲ့ အနိုင်ယူနိုင်ဖို့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ ဂန်းနားတွေ ပြသခဲ့တဲ့ ဂိုးသွင်းခြေစွမ်းနဲ့ဆိုရင် လုံလောက်ဖွယ်ရှိပါတယ်။
မာတီနယ်လီကလည်း အဲဒီလိုပဲ ထင်နေပုံပေါ်ပြီး ဘရာဇီးလ်ကြယ်ပွင့်က ဂန်းနားတွေဟာ ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်မှုကို ပြန်လည်တုံ့ပြန်ရမှာဖြစ်ပေမယ့်လည်း ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။
မာတီနယ်လီက နောက်ထပ်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ အဲဒီလို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီး ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်နိုင်ဖို့ လုပ်ဖို့လိုတာက ဘာလဲလို့ ထပ်မံမေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော်တို့ အမှားတွေကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်ပြီး လိုအပ်တဲ့ဂိုးတွေ သွင်းယူရမှာပါ။ ကျွန်တော်တို့ ယုံကြည်ချက်ရှိနေပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အလားအလာကို သိပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားသွားရမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရဖို့ အရာအားလုံး ပေးသွားကြမှာပါ။ တစ်ခါတလေ ခင်ဗျား ကြီးမားတဲ့ပွဲစဉ်တွေမှာ ချန်ပီယံရှစ်တွေကို မဆုံးရှုံးပေမယ့် ပိုပြီး အားနည်းတဲ့အသင်းနဲ့ ပွဲကျရင်တော့ ရှုံးချင်ရှုံးတတ်တာမျိုးပါ။ ခင်ဗျားအနေနဲ့ ပွဲတိုင်းကို အလေးအနက်ထားကစားသွားရမယ်။ အရမ်းကို အာရုံစိုက်ထားရမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ပွဲတိုင်းက အရေးကြီးလို့ပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မာတီနယ်လီရဲ့ ပိုပြီး အင်အားနည်းတဲ့အသင်းဆိုတဲ့ မှတ်ချက်ဟာ ပေါ်တိုအသင်းနဲ့ ပရိသတ်တွေအတွက်တော့ ဆတ်ဆတ်ခါ နာစရာ စကားဖြစ်ခဲ့ပြီး ပထမအကျော့တုန်းက အသင်းသေးလေးကို မထင်မှတ်ထားဘဲ ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့သဘောမျိုးနဲ့ ဒုတိယအကျော့မတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တာလည်း ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂါဘရီယဲလ္ မာတီနယ္လီဟာ လာမယ့္ အဂၤါေန႔ ေပၚတိုနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲမတိုင္ခင္ ၿပိဳင္ဘက္ပရိသတ္ေတြကို ေဒါသထြက္ေစမယ့္ စကားကို ေျပာဆိုခဲ့ပါတယ္။
ဂန္းနားေတြဟာ ပထမအေက်ာ့တုန္းက ေပၚတူဂီေျမမွာ ဂယ္လီႏိုရဲ႕ ၉၄ မိနစ္မွာ သြင္းယူခဲ့တဲ့ အံ့အားသင့္ဖြယ္ သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ေပမယ့္လည္း အာတီတာရဲ႕အသင္းက ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ေပၚတူဂီထိပ္သီးအသင္းႀကီးကို လာမယ့္အပတ္ အမ္းမရိတ္စ္မွာ ဂိုးရလဒ္မ်ားမ်ားနဲ႔ အႏိုင္ယူႏိုင္ဖို႔ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ လိုအပ္မွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ပြဲေတြမွာ ဂန္းနားေတြ ျပသခဲ့တဲ့ ဂိုးသြင္းေျခစြမ္းနဲ႔ဆိုရင္ လုံေလာက္ဖြယ္ရွိပါတယ္။
မာတီနယ္လီကလည္း အဲဒီလိုပဲ ထင္ေနပုံေပၚၿပီး ဘရာဇီးလ္ၾကယ္ပြင့္က ဂန္းနားေတြဟာ ပထမအေက်ာ့က ၁-၀ နဲ႔ ရႈံးနိမ့္မႈကို ျပန္လည္တုံ႔ျပန္ရမွာျဖစ္ေပမယ့္လည္း ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနေၾကာင္း ဝန္ခံခဲ့တာျဖစ္ပါတယ္။
မာတီနယ္လီက ေနာက္ထပ္တစ္ဆင့္ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးနဲ႔ပတ္သက္ၿပီး ေျပာဆိုရာမွာ အဲဒီလို ရွင္းရွင္းလင္းလင္း ေျပာဆိုခဲ့ၿပီး ၂၀၁၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္တက္ႏိုင္ဖို႔ လုပ္ဖို႔လိုတာက ဘာလဲလို႔ ထပ္မံေမးျမန္းခဲ့ရာမွာ အခုလိုပဲ ေျပာဆိုသြားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အမွားေတြကို နည္းႏိုင္သမွ် အနည္းဆုံးျဖစ္ေအာင္ လုပ္ရမွာျဖစ္ၿပီး လိုအပ္တဲ့ဂိုးေတြ သြင္းယူရမွာပါ။ ကြၽန္ေတာ္တို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔အသင္းရဲ႕ အလားအလာကို သိပါတယ္။ ကြၽန္ေတာ္တို႔က အိမ္ကြင္းမွာ ကစားသြားရမွာျဖစ္ၿပီး ဒီပြဲကို အႏိုင္ရဖို႔ အရာအားလုံး ေပးသြားၾကမွာပါ။ တစ္ခါတေလ ခင္ဗ်ား ႀကီးမားတဲ့ပြဲစဥ္ေတြမွာ ခ်န္ပီယံရွစ္ေတြကို မဆုံးရႈံးေပမယ့္ ပိုၿပီး အားနည္းတဲ့အသင္းနဲ႔ ပြဲက်ရင္ေတာ့ ရႈံးခ်င္ရႈံးတတ္တာမ်ိဳးပါ။ ခင္ဗ်ားအေနနဲ႔ ပြဲတိုင္းကို အေလးအနက္ထားကစားသြားရမယ္။ အရမ္းကို အာ႐ုံစိုက္ထားရမယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ပြဲတိုင္းက အေရးႀကီးလို႔ပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
မာတီနယ္လီရဲ႕ ပိုၿပီး အင္အားနည္းတဲ့အသင္းဆိုတဲ့ မွတ္ခ်က္ဟာ ေပၚတိုအသင္းနဲ႔ ပရိသတ္ေတြအတြက္ေတာ့ ဆတ္ဆတ္ခါ နာစရာ စကားျဖစ္ခဲ့ၿပီး ပထမအေက်ာ့တုန္းက အသင္းေသးေလးကို မထင္မွတ္ထားဘဲ ရႈံးနိမ့္ခဲ့တယ္ဆိုတဲ့သေဘာမ်ိဳးနဲ႔ ဒုတိယအေက်ာ့မတိုင္ခင္ စိတ္ဓာတ္စစ္ဆင္ေရးလုပ္လိုက္တာလည္း ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News