ပေါ်တိုနဲ့ပွဲမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းကြားခဲ့ရတဲ့ အာဆင်နယ် 1024 683 coyg

ပေါ်တိုနဲ့ပွဲမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းကြားခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ကွင်းလယ်ကစားသမား ဖေဘီယို ဗီယာရာဟာ လာမယ့်အပတ် ပေါ်တိုမှာ ကစားရမယ့် ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အမီ လူစာရင်းထဲ ပြန်ပါလာနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဗီယာရာဟာ နိုဝင်ဘာလမှာ ပေါင်ခြံခွဲစိတ်ကုသမှု ခံယူခဲ့သူဖြစ်ပေမယ့်လည်း လျင်လျင်မြန်မြန် ပြန်လည်သက်သာလာနေပြီး လေ့ကျင့်ရေး အပြည့်ပြန်ဆင်းနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၃ လကြာ မကစားခဲ့ရတဲ့နောက် လာမယ့် ၂ ပတ်အတွင်း ပြန်လည်ကစားပေးနိုင်မယ်လို့ အကောင်းမြင်နေတာဖြစ်ပါတယ်။

ဗီယာရာ ပြန်လည်ပါဝင်လာမှုက မကြာသေးမီက ကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေများပြားမှုကြောင့် အထိနာခဲ့တဲ့ အာဆင်နယ်အတွက်တော့ အားတက်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ စမစ် ရိုးကလည်း တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး သောမတ်စ် ပါတေးကလည်း အောက်တိုဘာလမှာ ရခဲ့တဲ့ ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။

ဒါကြောင့် အာတီတာဟာ ပြီးခဲ့တဲ့အပတ် အရန်ခုံတန်းမှာ အကယ်ဒမီကစားသမား ၃ ဦးအထိ ခေါ်ယူခဲ့ရပြီး အသက် ၁၆ နှစ်အရွယ် အီသန် နွာနယ်ရီဟာ ကွင်းလယ်မှာ နောက်ဆုံး ၁၅ မိနစ်ကို ဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဗီယာရာဟာ ဒဏ်ရာမရခင် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အောက်တိုဘာလက ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တိုကြယ်ပွင့်ဟောင်းဟာ နိုဝင်ဘာလက ဘန်လေကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေအတွက် နောက်ဆုံးလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်အတွင်း ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း နောက်ထပ် ၃ ရက်အကြာမှာ အာဆင်နယ် ယူ-၂၁ အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီယာရာဟာ ယခုရာသီအစောပိုင်းမှာ ပေါင်ခြံနေရာက သက်တောင့်သက်သာမဖြစ်မှုကို ခံစားခဲ့ရပေမယ့်လည်း အစပိုင်းတုန်းက ခွဲစိတ်ကုသမှု မခံယူဘဲ အဆင်ပြေသွားမယ့်ဒဏ်ရာဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗီယာရာရဲ့ ဒဏ်ရာက ပျောက်ကင်းမသွားဘဲ ပိုဆိုးလာခဲ့တာကြောင့် နိုဝင်ဘာလကုန်မှာ ခွဲစိတ်ကုသမှု ခံယူဖို့ သဘောတူညီလိုက်ရတာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်လူစာရင်းထဲကို အမြန်ဆုံးပြန်လည်ပါဝင်လာနိုင်ဖို့ အာရုံစိုက်နေပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ကြင္းလယ္ကစားသမား ေဖဘီယို ဗီယာရာဟာ လာမယ့္အပတ္ ေပၚတိုမွာ ကစားရမယ့္ ဂန္းနားေတြရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အမီ လူစာရင္းထဲ ျပန္ပါလာႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဗီယာရာဟာ ႏိုဝင္ဘာလမွာ ေပါင္ၿခံခြဲစိတ္ကုသမႈ ခံယူခဲ့သူျဖစ္ေပမယ့္လည္း လ်င္လ်င္ျမန္ျမန္ ျပန္လည္သက္သာလာေနၿပီး ေလ့က်င့္ေရး အျပည့္ျပန္ဆင္းႏိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၃ လၾကာ မကစားခဲ့ရတဲ့ေနာက္ လာမယ့္ ၂ ပတ္အတြင္း ျပန္လည္ကစားေပးႏိုင္မယ္လို႔ အေကာင္းျမင္ေနတာျဖစ္ပါတယ္။

ဗီယာရာ ျပန္လည္ပါဝင္လာမႈက မၾကာေသးမီက ကြင္းလယ္မွာ ဒဏ္ရာျပႆနာေတြမ်ားျပားမႈေၾကာင့္ အထိနာခဲ့တဲ့ အာဆင္နယ္အတြက္ေတာ့ အားတက္စရာ ျဖစ္လာမွာ ျဖစ္ပါတယ္။ စမစ္ ႐ိုးကလည္း တနဂၤေႏြေန႔က ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ပြဲကို ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး ေသာမတ္စ္ ပါေတးကလည္း ေအာက္တိုဘာလမွာ ရခဲ့တဲ့ ေပါင္ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ အာတီတာဟာ ၿပီးခဲ့တဲ့အပတ္ အရန္ခုံတန္းမွာ အကယ္ဒမီကစားသမား ၃ ဦးအထိ ေခၚယူခဲ့ရၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ အီသန္ ႏြာနယ္ရီဟာ ကြင္းလယ္မွာ ေနာက္ဆုံး ၁၅ မိနစ္ကို ဝင္ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ဗီယာရာဟာ ဒဏ္ရာမရခင္ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ၁၃ ပြဲမွာ ၈ ပြဲအထိ ပါဝင္ကစားေပးခဲ့ၿပီး ေအာက္တိုဘာလက ရွက္ဖီးယူႏိုက္တက္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေပၚတိုၾကယ္ပြင့္ေဟာင္းဟာ ႏိုဝင္ဘာလက ဘန္ေလကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဂန္းနားေတြအတြက္ ေနာက္ဆုံးလိဂ္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္အတြင္း ထုတ္ပယ္ခံခဲ့ရေပမယ့္လည္း ေနာက္ထပ္ ၃ ရက္အၾကာမွာ အာဆင္နယ္ ယူ-၂၁ အတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗီယာရာဟာ ယခုရာသီအေစာပိုင္းမွာ ေပါင္ၿခံေနရာက သက္ေတာင့္သက္သာမျဖစ္မႈကို ခံစားခဲ့ရေပမယ့္လည္း အစပိုင္းတုန္းက ခြဲစိတ္ကုသမႈ မခံယူဘဲ အဆင္ေျပသြားမယ့္ဒဏ္ရာျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗီယာရာရဲ႕ ဒဏ္ရာက ေပ်ာက္ကင္းမသြားဘဲ ပိုဆိုးလာခဲ့တာေၾကာင့္ ႏိုဝင္ဘာလကုန္မွာ ခြဲစိတ္ကုသမႈ ခံယူဖို႔ သေဘာတူညီလိုက္ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္လူစာရင္းထဲကို အျမန္ဆုံးျပန္လည္ပါဝင္လာႏိုင္ဖို႔ အာ႐ုံစိုက္ေနၿပီျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet