ပေါင် ၂၆ သန်းတန်ကြယ်ပွင့်ကို အာဆင်နယ်သွားဖို့ တောင်းဆိုခဲ့တဲ့ လှပ်ဘ်
အာဆင်နယ်သူရဲကောင်းဟောင်း အလက်ဇန်းဒါး လှပ်ဘ်က မိုနာကိုနဲ့ ရုရှားကြယ်ပွင့် အလက်ဇန်းဒါး ဂိုလိုဗင်ကို ၎င်းရဲ့ ခြေရာအတိုင်း လိုက်နင်းဖို့ ထောက်ခံခဲ့ပြီး ဂန်းနားတွေဟာ ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပြီးပြည့်စုံတဲ့နေရာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လှပ်ဘ်ဟာ မြောက်လန်ဒန်မှာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ကုန်ဆုံးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ဥရောပရဲ့ အကျိုးသက်ရောက်မှုအပြသနိုင်ဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် ပေါ်ထွက်လာတဲ့ အလက်ဇန်းဒါး ဂိုလိုဗင်မှာ အရည်အချင်းတွေ အများကြီးရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဂိုလိုဗင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ စီအက်စ်ကေအေမော်စကိုကနေ မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပေါင် ၂၆ သန်းတန်ကြယ်ပွင့်ဟာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပုံမှန်ခြေစွမ်းပြသနိုင်တဲ့ကစားသမား ဖြစ်နေခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုလိုဗင်ဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် အာဆင်နယ်က ပြောင်းရွှေ့သင့်တဲ့နေရာဖြစ်တယ်ဆိုတာကို အကြံပြုခဲ့တာကတော့ လှပ်က ပထမဆုံးတစ်ယောက် မဟုတ်တော့တာဖြစ်ပါတယ်။
“အလက်ဇန်းဒါးက ကောင်းမွန်တဲ့ ဘောလုံးကစားပုံမျိုး ကစားနိုင်ပြီး မိုနာကိုရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် အရင်ကတည်းက သူ့ကို သဘောကျခဲ့တယ်။ လျင်မြန်တယ်။ ဖန်တီးနိုင်စွမ်းကောင်းတယ်။ ကွင်းထဲမှာ ကောင်းကောင်း မြင်နိုင်စွမ်းရှိတယ်။ ဘောလုံးသမားတိုင်းက ပိုပြီးမြင့်မားတဲ့အဆင့်အတန်းကို ရောက်ချင်ကြတယ်။ အလက်ဇန်းဒါးကိုယ်တိုင်က ဘယ်နေရာကို ပြောင်းမလဲဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ကြီးထွားလာချင်ရင် ရှေ့ကို ဆက်သွားရမယ်။ မိုနာကိုက ဥရောပအသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် သူတို့တွေက ထိပ်တန်းအသင်းတော့မဟုတ်ပါဘူး။ ထိပ်တန်းအသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေရလာရင် ပြောင်းရွှေ့ရမယ့်အချိန်ဖြစ်ပြီး ခင်ဗျားကိုယ်ခင်ဗျား ပိုပြီး မြင့်မားတဲ့ ပန်းတိုင်တွေ သတ်မှတ်ရမယ့်အချိန်ပဲ။ ဒါပေမယ့် ခင်ဗျား ဒါကို ဉာဏ်ရှိရှိ ချဉ်းကပ်ဖို့ လိုတယ်။ ခင်ဗျားရဲ့ ကစားဟန်နဲ့ သင့်တော်မယ့် ကစားကွက်ရှိတဲ့အသင်းကိုပဲ ပြောင်းသင့်တယ်။ ကျွန်တော်တို့က လှပတဲ့ ပေါင်းစပ်ကစားပုံမျိုး ကစားနိုင်တဲ့အသင်းကို လိုအပ်တယ်။ အဓိကကျတဲ့အရာက နည်းပြက ခင်ဗျားကို အသင်းထဲမှာ ရှိနေစေချင်ပြီး ခင်ဗျားကို ယုံကြည်ဖို့ပါ။ ကျွန်တော်တို့ အရာအားလုံးကို ထည့်တွက်ထားဖို့ လိုတယ်။ ဂိုလိုဗင်က ဘာဆာနဲ့ အာဆင်နယ်တို့လို အသင်းမျိုးတွေမှာ အံဝင်မှာဖြစ်ပြီး သူနဲ့ အံကိုက်ပဲ။ ”လို့ ပြောဆိုခဲ့ပါတယ်။
ဂိုလိုဗင်ရဲ့ အေးဂျင့်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပြီး ရုရှားကွင်းလယ်တိုက်စစ်ကစားသမားဟာ ယခုရာသီ မိုနာကိုအတွက် သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္သူရဲေကာင္းေဟာင္း အလက္ဇန္းဒါး လွပ္ဘ္က မိုနာကိုနဲ႔ ႐ုရွားၾကယ္ပြင့္ အလက္ဇန္းဒါး ဂိုလိုဗင္ကို ၎ရဲ႕ ေျခရာအတိုင္း လိုက္နင္းဖို႔ ေထာက္ခံခဲ့ၿပီး ဂန္းနားေတြဟာ ကြင္းလယ္တိုက္စစ္ကစားသမားအတြက္ ၿပီးျပည့္စုံတဲ့ေနရာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
လွပ္ဘ္ဟာ ေျမာက္လန္ဒန္မွာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၁၂ လအတြင္း ဥေရာပရဲ႕ အက်ိဳးသက္ေရာက္မႈအျပသႏိုင္ဆုံး ကြင္းလယ္ဖန္တီးရွင္အျဖစ္ ေပၚထြက္လာတဲ့ အလက္ဇန္းဒါး ဂိုလိုဗင္မွာ အရည္အခ်င္းေတြ အမ်ားႀကီးရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
ဂိုလိုဗင္ဟာ ၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာ စီအက္စ္ေကေအေမာ္စကိုကေန မိုနာကိုအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေပါင္ ၂၆ သန္းတန္ၾကယ္ပြင့္ဟာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းနဲ႔ ပုံမွန္ေျခစြမ္းျပသႏိုင္တဲ့ကစားသမား ျဖစ္ေနခဲ့တာျဖစ္ပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂိုလိုဗင္ဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ အာဆင္နယ္က ေျပာင္းေ႐ႊ႕သင့္တဲ့ေနရာျဖစ္တယ္ဆိုတာကို အႀကံျပဳခဲ့တာကေတာ့ လွပ္က ပထမဆုံးတစ္ေယာက္ မဟုတ္ေတာ့တာျဖစ္ပါတယ္။
“အလက္ဇန္းဒါးက ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံမ်ိဳး ကစားႏိုင္ၿပီး မိုနာကိုရဲ႕ ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္ အရင္ကတည္းက သူ႔ကို သေဘာက်ခဲ့တယ္။ လ်င္ျမန္တယ္။ ဖန္တီးႏိုင္စြမ္းေကာင္းတယ္။ ကြင္းထဲမွာ ေကာင္းေကာင္း ျမင္ႏိုင္စြမ္းရွိတယ္။ ေဘာလုံးသမားတိုင္းက ပိုၿပီးျမင့္မားတဲ့အဆင့္အတန္းကို ေရာက္ခ်င္ၾကတယ္။ အလက္ဇန္းဒါးကိုယ္တိုင္က ဘယ္ေနရာကို ေျပာင္းမလဲဆိုတာကို ဆုံးျဖတ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ႀကီးထြားလာခ်င္ရင္ ေရွ႕ကို ဆက္သြားရမယ္။ မိုနာကိုက ဥေရာပအသင္းေကာင္းတစ္သင္းပါ။ ဒါေပမယ့္ သူတို႔ေတြက ထိပ္တန္းအသင္းေတာ့မဟုတ္ပါဘူး။ ထိပ္တန္းအသင္းေတြဆီကေန ကမ္းလွမ္းမႈေတြရလာရင္ ေျပာင္းေ႐ႊ႕ရမယ့္အခ်ိန္ျဖစ္ၿပီး ခင္ဗ်ားကိုယ္ခင္ဗ်ား ပိုၿပီး ျမင့္မားတဲ့ ပန္းတိုင္ေတြ သတ္မွတ္ရမယ့္အခ်ိန္ပဲ။ ဒါေပမယ့္ ခင္ဗ်ား ဒါကို ဉာဏ္ရွိရွိ ခ်ဥ္းကပ္ဖို႔ လိုတယ္။ ခင္ဗ်ားရဲ႕ ကစားဟန္နဲ႔ သင့္ေတာ္မယ့္ ကစားကြက္ရွိတဲ့အသင္းကိုပဲ ေျပာင္းသင့္တယ္။ ကြၽန္ေတာ္တို႔က လွပတဲ့ ေပါင္းစပ္ကစားပုံမ်ိဳး ကစားႏိုင္တဲ့အသင္းကို လိုအပ္တယ္။ အဓိကက်တဲ့အရာက နည္းျပက ခင္ဗ်ားကို အသင္းထဲမွာ ရွိေနေစခ်င္ၿပီး ခင္ဗ်ားကို ယုံၾကည္ဖို႔ပါ။ ကြၽန္ေတာ္တို႔ အရာအားလုံးကို ထည့္တြက္ထားဖို႔ လိုတယ္။ ဂိုလိုဗင္က ဘာဆာနဲ႔ အာဆင္နယ္တို႔လို အသင္းမ်ိဳးေတြမွာ အံဝင္မွာျဖစ္ၿပီး သူနဲ႔ အံကိုက္ပဲ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။
ဂိုလိုဗင္ရဲ႕ ေအးဂ်င့္ဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလေတြမွာ နယူးကာဆယ္၊ ဝက္စ္ဟမ္းနဲ႔ အဲဗာတန္တို႔ရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရတယ္လို႔ အတည္ျပဳခဲ့ၿပီး ႐ုရွားကြင္းလယ္တိုက္စစ္ကစားသမားဟာ ယခုရာသီ မိုနာကိုအတြက္ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News