ပေါင် ၁၁၂ သန်းတန်အပြောင်းအရွှေ့အတွက် မီးစိမ်းပြခံလိုက်ရပြီဖြစ်တဲ့ အာဆင်နယ် 1024 511 coyg

ပေါင် ၁၁၂ သန်းတန်အပြောင်းအရွှေ့အတွက် မီးစိမ်းပြခံလိုက်ရပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားအားလုံးနဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း အပြောင်းအရွှေ့တစ်ခုမှ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ နောက်လာမယ့် ရက်အနည်းငယ်အထိလည်း ဒီတိုင်းပဲ ဆက်သွားနေဦးမှာ ဖြစ်ပါတယ်။

အာတီတာရဲ့ လူစာရင်းဟာ လူအင်အားဖြည့်တင်းမှု အချို့ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်နေပေမယ့်လည်း အီဒူးတို့တသိုက် ဘာတွေ လုပ်နေမှန်းမသိရသေးဘဲ အိုင်ဗန် တိုနီကို ခေါ်ဖို့ကိစ္စကလည်း ပွဲပယ်စေ့လို့ ပြန်ကစားပြီး ဂိုးတွေဘာတွေ သွင်းနိုင်ခဲ့ပြီးကတည်းက ငြိမ်ချက်သား ကောင်းသွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်မှူး ခေါ်ယူဖို့ မျှော်လင့်ချက်ဟာ ဒီဆောင်းရာသီမှာတော့ မဖြစ်နိုင်သလောက် ဖြစ်လာပြီဖြစ်ပြီး လာမယ့် နွေရာသီအတွက် မျှော်လင့်နိုင်စရာ သတင်းကောင်းကတော့ ကြားခဲ့ရပြီ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့်လည်း နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ချဲလ်ဆီးက ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ပေါင် ၁၁၂ သန်းတန်ကြေးရှိတဲ့ တိုက်စစ်မှူးအတွက် နာပိုလီအသင်းပိုင်ရှင်ကိုယ်တိုင်က မီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်မှာ အိုဆီမန်ဟာ နာပိုလီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဒီနွေရာသီမှာ ထွက်ခွာမှာဖြစ်တယ်လို့ နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်းတစ်က အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ နွေရာသီကတည်းက ကျွန်တော်တို့ သူ အသင်းကနေ ထွက်မယ်ဆိုတာ သိခဲ့တာပါ။ ဒါကြောင့်ပဲ စာချုပ် ဆွေးနွေးမှုတွေက အရမ်းချောမွေ့ပြီး နွေးနွေးထွေးထွေးဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် သူ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် အင်္ဂလိပ်အသင်းတစ်သင်းကို သွားလိမ့်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်းသိထားပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးက အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ထိပ်ဆုံးက ပြေးနေပေမယ့်လည်း အာဆင်နယ်ကလည်း နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ခေါ်ယူချင်နေတာဖြစ်ပြီး “အာဆင်နယ်သာ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ မီးစိမ်းပြခံရဖို့ လိုအပ်ခဲ့မယ်ဆိုရင် အခုပြနေပြီ။ အာဆင်နယ်က ထိပ်တန်းအင်္ဂလိပ်ကလပ်ဖြစ်ပြီး နွေရာသီမှာ အိုဆီမန်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ လန်ဒန်ပြိုင်ဘက်တွေကို အလဲထိုးနိုင်ဖို့ အခွင့်အရေးကလည်း ရှိနေပါတယ်။ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေဟာ ချဲလ်ဆီးမပေးနိုင်ပေမယ့် အာဆင်နယ် ပေးနိုင်တဲ့ အရာတွေဖြစ်ပြီး အနောက်လန်ဒန်အသင်းကတော့ ဒီရာသီလည်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ဖို့များနေပါတယ်။ သူတို့တွေက ထိပ်တန်းကစားသမားတွေကို သူတို့ဆီ ပြောင်းလာချင်အောင် စည်းရုံးနိုင်စွမ်းရှိ၊ မရှိကို ဒီကလန် ရိုက်ရဲ့ ကိစ္စမှာ သက်သေပြသခဲ့ပြီးပါပြီ။ အဲဒီတော့ ဘာကြောင့် ဂန်းနားတို့က နောက်ထပ်တစ်ကြိမ် အနိုင်မယူနိုင်ရမှာလဲ။ ဘဏ္ဍာရေးပိုင်းက အာဆင်နယ်အတွက် အခက်တွေ့စေပါလိမ့်မယ်။ ဒါပေမယ့် အိုဆီမန်က အာတီတာရဲ့လူစာရင်းမှာ ပျောက်ဆုံးနေတဲ့ အပိုင်းအစတစ်ခုဆိုတာ အသေအချာပါပဲ”လို့ football.london က ရေးသားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားအားလုံးနဲ႔ သတင္းေတြ ထြက္ေနေပမယ့္လည္း အေျပာင္းအေ႐ႊ႕တစ္ခုမွ ျပဳလုပ္ႏိုင္ျခင္းမရွိေသးဘဲ ေနာက္လာမယ့္ ရက္အနည္းငယ္အထိလည္း ဒီတိုင္းပဲ ဆက္သြားေနဦးမွာ ျဖစ္ပါတယ္။

အာတီတာရဲ႕ လူစာရင္းဟာ လူအင္အားျဖည့္တင္းမႈ အခ်ိဳ႕ ျပဳလုပ္ဖို႔ မျဖစ္မေန လိုအပ္ေနေပမယ့္လည္း အီဒူးတို႔တသိုက္ ဘာေတြ လုပ္ေနမွန္းမသိရေသးဘဲ အိုင္ဗန္ တိုနီကို ေခၚဖို႔ကိစၥကလည္း ပြဲပယ္ေစ့လို႔ ျပန္ကစားၿပီး ဂိုးေတြဘာေတြ သြင္းႏိုင္ခဲ့ၿပီးကတည္းက ၿငိမ္ခ်က္သား ေကာင္းသြားခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ တိုက္စစ္မႉး ေခၚယူဖို႔ ေမွ်ာ္လင့္ခ်က္ဟာ ဒီေဆာင္းရာသီမွာေတာ့ မျဖစ္ႏိုင္သေလာက္ ျဖစ္လာၿပီျဖစ္ၿပီး လာမယ့္ ေႏြရာသီအတြက္ ေမွ်ာ္လင့္ႏိုင္စရာ သတင္းေကာင္းကေတာ့ ၾကားခဲ့ရၿပီ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တာျဖစ္ေပမယ့္လည္း ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲမွာ ခ်ဲလ္ဆီးက ထိပ္ဆုံးကေန ဦးေဆာင္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေပါင္ ၁၁၂ သန္းတန္ေၾကးရွိတဲ့ တိုက္စစ္မႉးအတြက္ နာပိုလီအသင္းပိုင္ရွင္ကိုယ္တိုင္က မီးစိမ္းျပလိုက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္မွာ အိုဆီမန္ဟာ နာပိုလီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္လည္း ဒီေႏြရာသီမွာ ထြက္ခြာမွာျဖစ္တယ္လို႔ နာပိုလီဥကၠဌ ေအာ္ရယ္လီယို ဒီေလာ္ရန္းတစ္က အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ကြၽန္ေတာ္တို႔ သူ အသင္းကေန ထြက္မယ္ဆိုတာ သိခဲ့တာပါ။ ဒါေၾကာင့္ပဲ စာခ်ဳပ္ ေဆြးေႏြးမႈေတြက အရမ္းေခ်ာေမြ႕ၿပီး ေႏြးေႏြးေထြးေထြးျဖစ္ခဲ့တာေပါ့။ ဒါေပမယ့္ သူ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ ဒါမွမဟုတ္ အဂၤလိပ္အသင္းတစ္သင္းကို သြားလိမ့္မယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းသိထားပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးက အသက္ ၂၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ေခၚယူဖို႔ ထိပ္ဆုံးက ေျပးေနေပမယ့္လည္း အာဆင္နယ္ကလည္း ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးကို ေခၚယူခ်င္ေနတာျဖစ္ၿပီး “အာဆင္နယ္သာ ကစားသမားတစ္ေယာက္ကို ေခၚယူဖို႔ မီးစိမ္းျပခံရဖို႔ လိုအပ္ခဲ့မယ္ဆိုရင္ အခုျပေနၿပီ။ အာဆင္နယ္က ထိပ္တန္းအဂၤလိပ္ကလပ္ျဖစ္ၿပီး ေႏြရာသီမွာ အိုဆီမန္ကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ လန္ဒန္ၿပိဳင္ဘက္ေတြကို အလဲထိုးႏိုင္ဖို႔ အခြင့္အေရးကလည္း ရွိေနပါတယ္။ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတြဟာ ခ်ဲလ္ဆီးမေပးႏိုင္ေပမယ့္ အာဆင္နယ္ ေပးႏိုင္တဲ့ အရာေတြျဖစ္ၿပီး အေနာက္လန္ဒန္အသင္းကေတာ့ ဒီရာသီလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ဖို႔မ်ားေနပါတယ္။ သူတို႔ေတြက ထိပ္တန္းကစားသမားေတြကို သူတို႔ဆီ ေျပာင္းလာခ်င္ေအာင္ စည္း႐ုံးႏိုင္စြမ္းရွိ၊ မရွိကို ဒီကလန္ ႐ိုက္ရဲ႕ ကိစၥမွာ သက္ေသျပသခဲ့ၿပီးပါၿပီ။ အဲဒီေတာ့ ဘာေၾကာင့္ ဂန္းနားတို႔က ေနာက္ထပ္တစ္ႀကိမ္ အႏိုင္မယူႏိုင္ရမွာလဲ။ ဘ႑ာေရးပိုင္းက အာဆင္နယ္အတြက္ အခက္ေတြ႕ေစပါလိမ့္မယ္။ ဒါေပမယ့္ အိုဆီမန္က အာတီတာရဲ႕လူစာရင္းမွာ ေပ်ာက္ဆုံးေနတဲ့ အပိုင္းအစတစ္ခုဆိုတာ အေသအခ်ာပါပဲ”လို႔ football.london က ေရးသားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet