ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ရနိုင်ခြေကို သတ်မှတ်ခဲ့တဲ့ အွန်နရီ
သီယာရီ အွန်နရီက အာဆင်နယ်ရဲ့ ယခုရာသီ အလွန်ကြပ်တည်းတဲ့ ပွဲချိန်စာရင်းက ချန်ပီယံလိဂ်က အခွင့်အရေးကို နှောင့်နှေးစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အာတီတာရဲ့အသင်းဟာ ၆ နှစ်ခွဲအကြာမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေ အမ်းမရိတ်စ်မှာ ပီအက်စ်ဗွီကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရလဒ်နဲ့အတူ အထင်ကြီးဖွယ်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဂန်းနားတွေအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ် နောက်ဆုံးအဆင့်တွေအထိ ရောက်ရှိနိုင်မလားဆိုတာကို အွန်နရီက မသေမချာဖြစ်နေတာဖြစ်ပါတယ်။
CBS Sports ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် အတူတူ လုပ်ဆောင်ခဲ့တဲ့ ဂျေမီ ကာရေဂါက အာဆင်နယ်ဟာ ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အွန်နရီက “အဲဒါ တကယ်ကို စောပါသေးတယ် ဂျေမီ။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ကာရေဂါက “ကျွန်တော် ခင်ဗျားကို မေးရတဲ့အကြောင်းအရင်းက ခင်ဗျား ပြောတာကို ကျွန်တော် နားလည်ပါတယ်။ အဲဒါက အချိန်အကြာကြီး ဝေးကွာပြီးနောက် ပထမဆုံးအကြိမ် သူတို့တွေ ချန်ပီယံလိဂ်မှာ ပြန်ကစားရတာပါ။ ခင်ဗျား ပရီးမီးယားလိဂ်ရဲ့ အားကောင်းမှုကို တွေးကြည့်လိုက်ရင် သူတို့တွေက မန်စီးတီးနဲ့ အနီးကပ်ဆုံး စိန်ခေါ်သူတွေဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အွန်နရီက အဲဒီအခါမှာ “ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် သူတို့ကို ကျွန်တော် ချန်ပီယံလိဂ်ရစေချင်တာပေါ့။ ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် ရပါစေလို့ ဆုတောင်းတယ်။ ဒါပေမယ့် လူစာရင်းအင်အား၊ လိဂ်ကစားရမှာ၊ ပြိုင်ပွဲအားလုံးမှာ ကစားရမယ်။ အင်္ဂလန်မှာလည်း ကစားရမယ်။ အဲဒါက အရမ်းများလွန်းပါတယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲကို အင်တာမီလန် တက်နိုင်မယ်လို့ ပြောခဲ့ရင် ကျွန်တော်ကတော့ အစတုန်းကတည်းက မတက်နိုင်ဘူးလို့ပဲ ပြောမှာပါ။ အေစီမီလန်က ဆီမီးဖိုင်နယ်တက်မယ်ဆိုရင် ကျွန်တော်က မတက်နိုင်ဘူးလို့ ပြောခဲ့ပါလိမ့်မယ်။ ခင်ဗျားက ကျွန်တော် အာဆင်နယ်အတွက် ကစားခဲ့ပြီး အဲဒီအသင်းနဲ့ ၂၀၀၆ တုန်းက ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့်လည်း ဗိုလ်လုပွဲတက်နိုင်မယ်လို့ ပြောရင် ကျွန်တော်ကတော့ မတက်နိုင်ဘူးလို့ ပြောရပါလိမ့်မယ်။ ရာသီသွားနေတဲ့ပုံစံကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဗိုလ်လုပွဲတက်နိုင်ခဲ့တယ်”
“အဲဒီတော့ ခင်ဗျား ယုံကြည်လို့ရတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ ခင်ဗျားမှာ အဲဒီပြိုင်ပွဲထဲမှာ ကြီးမားတဲ့ပွဲစဉ်တွေ ကစားထားပြီးသား၊ ရှိနေပြီးသားဖြစ်တဲ့အသင်းတွေအများကြီး ရှိမှာပါ။ အဲဒီတော့ အဲဒီလိုအသင်းတွေကတော့ ပိုသာပါတယ်။ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်းပဲ ခင်ဗျား အုပ်စုအဆင့်ကနေ ကျော်သွားပြီဆိုရင် ဘယ်သူနဲ့ ကစားရမှာလဲ။ မဲခွဲတာမှာ မျက်နှာသာ ပေးခံရမှာလား ဒါမှမဟုတ် အပေးမခံရဘူး။ ကျွန်တော် အီတလီအသင်းတွေကို အကန်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် မနှစ်တုန်းကတော့ သူတို့တွေ မဲခွဲရာမှာ မျက်နှာသာပေးခံခဲ့ရပါတယ်။ လူတွေ ကျွန်တော့်ကို ဘာတွေပဲ ပြောပြောပါ။ ဒါကလည်း အရေးပါပါတယ်။ ဒါပေမယ့် အာဆင်နယ်ကစားသမားတစ်ယောက်အနေနဲ့ သူတို့ကို ဖလားရစေချင်တာ အသိသာကြီးပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: သီယာရီ အြန္နရီက အာဆင္နယ္ရဲ႕ ယခုရာသီ အလြန္ၾကပ္တည္းတဲ့ ပြဲခ်ိန္စာရင္းက ခ်န္ပီယံလိဂ္က အခြင့္အေရးကို ေႏွာင့္ေႏွးေစလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အာတီတာရဲ႕အသင္းဟာ ၆ ႏွစ္ခြဲအၾကာမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညေန အမ္းမရိတ္စ္မွာ ပီအက္စ္ဗြီကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရလဒ္နဲ႔အတူ အထင္ႀကီးဖြယ္စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ ဂန္းနားေတြအေနနဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္ ေနာက္ဆုံးအဆင့္ေတြအထိ ေရာက္ရွိႏိုင္မလားဆိုတာကို အြန္နရီက မေသမခ်ာျဖစ္ေနတာျဖစ္ပါတယ္။
CBS Sports ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ အတူတူ လုပ္ေဆာင္ခဲ့တဲ့ ေဂ်မီ ကာေရဂါက အာဆင္နယ္ဟာ ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္စြမ္းရွိတယ္လို႔ ယုံၾကည္လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အြန္နရီက “အဲဒါ တကယ္ကို ေစာပါေသးတယ္ ေဂ်မီ။”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
ကာေရဂါက “ကြၽန္ေတာ္ ခင္ဗ်ားကို ေမးရတဲ့အေၾကာင္းအရင္းက ခင္ဗ်ား ေျပာတာကို ကြၽန္ေတာ္ နားလည္ပါတယ္။ အဲဒါက အခ်ိန္အၾကာႀကီး ေဝးကြာၿပီးေနာက္ ပထမဆုံးအႀကိမ္ သူတို႔ေတြ ခ်န္ပီယံလိဂ္မွာ ျပန္ကစားရတာပါ။ ခင္ဗ်ား ပရီးမီးယားလိဂ္ရဲ႕ အားေကာင္းမႈကို ေတြးၾကည့္လိုက္ရင္ သူတို႔ေတြက မန္စီးတီးနဲ႔ အနီးကပ္ဆုံး စိန္ေခၚသူေတြျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။”လို႔ ျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အြန္နရီက အဲဒီအခါမွာ “ပရိသတ္တစ္ေယာက္အေနနဲ႔ဆိုရင္ သူတို႔ကို ကြၽန္ေတာ္ ခ်န္ပီယံလိဂ္ရေစခ်င္တာေပါ့။ ပရိသတ္တစ္ေယာက္အေနနဲ႔ဆိုရင္ ရပါေစလို႔ ဆုေတာင္းတယ္။ ဒါေပမယ့္ လူစာရင္းအင္အား၊ လိဂ္ကစားရမွာ၊ ၿပိဳင္ပြဲအားလုံးမွာ ကစားရမယ္။ အဂၤလန္မွာလည္း ကစားရမယ္။ အဲဒါက အရမ္းမ်ားလြန္းပါတယ္။ ဒါေပမယ့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို ၿပီးခဲ့တဲ့ႏွစ္ ဗိုလ္လုပြဲကို အင္တာမီလန္ တက္ႏိုင္မယ္လို႔ ေျပာခဲ့ရင္ ကြၽန္ေတာ္ကေတာ့ အစတုန္းကတည္းက မတက္ႏိုင္ဘူးလို႔ပဲ ေျပာမွာပါ။ ေအစီမီလန္က ဆီမီးဖိုင္နယ္တက္မယ္ဆိုရင္ ကြၽန္ေတာ္က မတက္ႏိုင္ဘူးလို႔ ေျပာခဲ့ပါလိမ့္မယ္။ ခင္ဗ်ားက ကြၽန္ေတာ္ အာဆင္နယ္အတြက္ ကစားခဲ့ၿပီး အဲဒီအသင္းနဲ႔ ၂၀၀၆ တုန္းက ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့တယ္ဆိုေပမယ့္လည္း ဗိုလ္လုပြဲတက္ႏိုင္မယ္လို႔ ေျပာရင္ ကြၽန္ေတာ္ကေတာ့ မတက္ႏိုင္ဘူးလို႔ ေျပာရပါလိမ့္မယ္။ ရာသီသြားေနတဲ့ပုံစံေၾကာင့္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲတက္ႏိုင္ခဲ့တယ္”
“အဲဒီေတာ့ ခင္ဗ်ား ယုံၾကည္လို႔ရတယ္။ ဘာေတြျဖစ္လာမယ္ဆိုတာ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ဘူး။ ခင္ဗ်ားမွာ အဲဒီၿပိဳင္ပြဲထဲမွာ ႀကီးမားတဲ့ပြဲစဥ္ေတြ ကစားထားၿပီးသား၊ ရွိေနၿပီးသားျဖစ္တဲ့အသင္းေတြအမ်ားႀကီး ရွိမွာပါ။ အဲဒီေတာ့ အဲဒီလိုအသင္းေတြကေတာ့ ပိုသာပါတယ္။ ဒါေပမယ့္ ခင္ဗ်ားသိတဲ့အတိုင္းပဲ ခင္ဗ်ား အုပ္စုအဆင့္ကေန ေက်ာ္သြားၿပီဆိုရင္ ဘယ္သူနဲ႔ ကစားရမွာလဲ။ မဲခြဲတာမွာ မ်က္ႏွာသာ ေပးခံရမွာလား ဒါမွမဟုတ္ အေပးမခံရဘူး။ ကြၽန္ေတာ္ အီတလီအသင္းေတြကို အကန္ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ မႏွစ္တုန္းကေတာ့ သူတို႔ေတြ မဲခြဲရာမွာ မ်က္ႏွာသာေပးခံခဲ့ရပါတယ္။ လူေတြ ကြၽန္ေတာ့္ကို ဘာေတြပဲ ေျပာေျပာပါ။ ဒါကလည္း အေရးပါပါတယ္။ ဒါေပမယ့္ အာဆင္နယ္ကစားသမားတစ္ေယာက္အေနနဲ႔ သူတို႔ကို ဖလားရေစခ်င္တာ အသိသာႀကီးပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News