ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချိုမြိန်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ
အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု B အဖွင့်ပွဲစဉ်မှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ဂန်းနားတွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမ်းမရိတ်စ်ကွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းက အစပိုင်းကတည်းက လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးရဖို့ ၈ မိနစ်သာ လိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် အဖွင့်ဂိုးကို ဆာကာက သွင်းယူပေးခဲ့ပြီး နောက်ထပ် ၁၂ မိနစ်အကြာမှာ ဆာကာကပဲ ထရော့ဆာ့ဒ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့သလို ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကလည်း ဂါဘရီယဲလ် ဂျေးဇု ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပြန်တာဖြစ်ပါတယ်။
ပီအက်စ်ဗွီဟာ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည်ရရှိဖို့အတွက် ကစားအားမြှင့်တင်လာခဲ့ပြီး စပိန်ဂိုးသမား ဒေးဗစ် ရာယာက ဂိုးကာကွယ်မှု ၄ ကြိမ်အထိ ပြုလုပ်ပြီး ပေးဂိုးမရှိပွဲစဉ်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မိနစ် ၇၀ မှာ လူစားဝင်ကစားသမား ရိစ် နယ်လ်ဆင်က မာတင် အော်ဒီဂွါဒ် ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပြီး ဂန်းနားတွေဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို အကောင်းဆုံးဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
၁။ အာတီတာလက်အောက် ပထမဆုံး ချန်ပီယံလိဂ်ဂိုးသွင်းတဲ့ ဆာကာ
အာတီတာ အမ်းမရိတ်စ်ကို ရောက်ရှိလာပြီး ၃ နှစ်ခွဲနီးပါးအကြားမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ပထမဆုံးပွဲစဉ်ကို ကစားခဲ့ရပြီး ဟေးအမ်းအကယ်ဒမီထွက်ကြယ်ပွင့်က အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်က ပင်နယ်တီဧရိယာအစွန်မှာ ဘောလုံးကို လက်ခံရရှိခဲ့ပြီးနောက် ဂိုးကန်သွင်းချက်ကို ဘင်နီတက်ဇ်က ကာကွယ်ခဲ့ရာမှာ လျှံထွက်လာတဲ့ဘောလုံးက ဆာကာဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တဲ့အတွက် အင်္ဂလန်ကြယ်ပွင့်က ဂိုးဘယ်ဖက်အောက်ထောင့်ကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
၂။ ပီအက်စ်ဗွီကို မျှော်လင့်ချက်မဲ့သွားစေခဲ့တဲ့ ဂိုးတွေ သွင်းယူခဲ့တဲ့ ထရော့ဆာ့ဒ်နဲ့ ဂျေးဇု
အာဆင်နယ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ နောက်ထပ် ဦးဆောင်ဂိုးတွေကို ရှာဖွေခဲ့ကြပြီး ဆာကာက ထရော့ဆာ့ဒ်ကို ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ထရော့ဆာ့ဒ်က ဂါဘရီယဲလ် ဂျေးဇု ချန်ပီယံလိဂ်သွင်းဂိုး ရရှိအောင် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
၃။ နောက်ဆုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂန်းနားအသင်းခေါင်းဆောင်
အာဆင်နယ်ရဲ့ ပထမဆုံးအဖွင့်ဂိုးကို ဂိုးကန်ချက်နဲ့အတူ ဖန်တီးပေးနိုင်ခဲ့တဲ့ အော်ဒီဂွါဒ်ဟာ ပင်နယ်တီဧရိယာတဝိုက်မှာ လှည့်လည်နေခဲ့ပြီး ဂိုးသွင်းယူချင်နေခဲ့တာဖြစ်ပါတယ်။ လူစားဝင်ကစားသမား ရိစ် နယ်လ်ဆင်က နော်ဝေကြယ်ပွင့်ရဲ့ လမ်းကြောင်းထဲ ဘောလုံးခင်းပေးခဲ့ပြီးနောက် အော်ဒီဂွါဒ်က ဘောလုံးကို တချက်ထိန်းပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ အာဆင်နယ်ကွင်းလယ်မှာ ၎င်းရဲ့ ဘောလုံးပေးပို့မှုနဲ့ အလိမ်အခေါက် အရည်အချင်းတွေကို ပြသနေခဲ့သူဖြစ်ပြီး သွင်းဂိုးတွေပါ သွင်းယူနိုင်ခဲ့တာက ဂန်းနားတွေကို ဆုဖလားတွေ စိန်ခေါ်ရာမှာ အဖိုးမဖြတ်နိုင်တဲ့ အရည်အသွေးတွေ ထပ်မံဖြည့်စွက်ပေးမှုဖြစ်လာမှာဖြစ်ပါတယ်။
၄။ လူစားလဲလှယ်မှုတွေနဲ့ မြောက်လန်ဒန်ဒါဘီကို ခေါင်းထဲမှာရှိတယ်ဆိုတာ ပြခဲ့တဲ့ အာတီတာ
ပထမပိုင်းမှာ ၃-၀ နဲ့ သက်တောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ပွဲကို သက်တောင့်သက်သာနဲ့ အနိုင်ထိန်းကစားဖို့ ကြိုးပမ်းခဲ့ပြီး အာတီတာက အဓိကကစားသမားအများအပြားကို ဒုတိယပိုင်းအစောပိုင်းမှာ လူစားလဲခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာကြောင့် အာတီတာက အဓိကကစားသမားတွေကို လန်းဆန်းနေအောင် ထားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
၅။ အုပ်စု B ကို ကြီးမားတဲ့နိုင်ပွဲနဲ့အတူ ဦးဆောင်ခဲ့တဲ့ အာဆင်နယ်
ပီအက်စ်ဗွီကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဂန်းနားတွေဟာ အုပ်စု B ကို ဦးဆောင်နိုင်ခဲ့ပြီး အခြားပွဲစဉ်ဖြစ်တဲ့ ဆီဗီလာနဲ့ လွန်းစ်တို့က ၁-၁ သရေကျသွားခဲ့တာကြောင့် အစောပိုင်းမှာပဲ ၂ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ကျန်တဲ့ အုပ်စုပွဲစဉ်တွေမှာလည်း ရမှတ်တွေကို တတ်နိုင်သမျှ အများဆုံးရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
၆။ ကိုင် ဟာဗတ်ဇ် အရှုပ်အထွေး
ကိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ် ပွဲထွက် ၁၁ ဦးစာရင်းထဲမှာ ပြန်လည်ပါဝင်ခဲ့ပြီး အခြားကစားသမားတွေ တောက်ပနေချိန်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်တာဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ထရော့ဆာ့ဒ်နဲ့ ကောင်းမွန်တဲ့ ချိတ်ဆက်ကစားမှုတွေကို အချိန်အချို့မှာ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ယုံကြည်မှု ပျောက်ဆုံးနေပုံပေါ်နေဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျောနံပါတ် ၉ အဖြစ်ပါ အသုံးပြုခြင်းခံခဲ့ရတဲ့ ဟာဗတ်ဇ်ဟာ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဂျေးဇုရဲ့ အလွန်ကောင်းမွန်တဲ့ ကစားပုံအပြီး ဂျာမန်ကြယ်ပွင့်ရဲ့ ကန်ချက်က ဂိုးဘားတန်းကျော်သွားခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် အာတီတာ ဖြေဖို့ လိုအပ်နေသေးတဲ့ မေးခွန်းကတော့ ကိုင် ဟာဗတ်ဇ်ပဲ ဖြစ်ပါတယ်။
၇။ ခြေစွမ်းပြသခဲ့တဲ့ ထရော့ဆာ့ဒ်
ထရော့ဆာ့ဒ်ဟာ မာတီနယ်လီ မပါဝင်နိုင်မှုကြောင့် ၂ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကစားပြီး ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဗွီနဲ့ပွဲမှာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီအနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာရင်တောင်မှ ထရော့ဆာ့ဒ်ရဲ့ ခြေစွမ်းပြသနေမှုကြောင့် ချက်ချင်း ပွဲထွက်လူစာရင်းထဲ ပြန်ပါနိုင်ဖို့ မလွယ်တော့ပါဘူး။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက ပီအက္စ္ဗြီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စု B အဖြင့္ပြဲစဥ္မွာ ၄-၀ နဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။
ဂန္းနားေတြဟာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း အမ္းမရိတ္စ္ကြင္းမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ျပန္လည္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းက အစပိုင္းကတည္းက လႊမ္းမိုးထားႏိုင္ခဲ့တာေၾကာင့္ အဖြင့္ဂိုးရဖို႔ ၈ မိနစ္သာ လိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အတြက္ အဖြင့္ဂိုးကို ဆာကာက သြင္းယူေပးခဲ့ၿပီး ေနာက္ထပ္ ၁၂ မိနစ္အၾကာမွာ ဆာကာကပဲ ထေရာ့ဆာ့ဒ္အတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့သလို ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကလည္း ဂါဘရီယဲလ္ ေဂ်းဇု ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့ျပန္တာျဖစ္ပါတယ္။
ပီအက္စ္ဗြီဟာ ဒုတိယပိုင္းမွာ ေခ်ပဂိုး ျပန္လည္ရရွိဖို႔အတြက္ ကစားအားျမႇင့္တင္လာခဲ့ၿပီး စပိန္ဂိုးသမား ေဒးဗစ္ ရာယာက ဂိုးကာကြယ္မႈ ၄ ႀကိမ္အထိ ျပဳလုပ္ၿပီး ေပးဂိုးမရွိပြဲစဥ္ကို ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မိနစ္ ၇၀ မွာ လူစားဝင္ကစားသမား ရိစ္ နယ္လ္ဆင္က မာတင္ ေအာ္ဒီဂြါဒ္ ဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့ၿပီး ဂန္းနားေတြဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ကို အေကာင္းဆုံးဖြင့္လွစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၁။ အာတီတာလက္ေအာက္ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးသြင္းတဲ့ ဆာကာ
အာတီတာ အမ္းမရိတ္စ္ကို ေရာက္ရွိလာၿပီး ၃ ႏွစ္ခြဲနီးပါးအၾကားမွာ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္မွာ ပထမဆုံးပြဲစဥ္ကို ကစားခဲ့ရၿပီး ေဟးအမ္းအကယ္ဒမီထြက္ၾကယ္ပြင့္က အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္က ပင္နယ္တီဧရိယာအစြန္မွာ ေဘာလုံးကို လက္ခံရရွိခဲ့ၿပီးေနာက္ ဂိုးကန္သြင္းချက္ကို ဘင္နီတက္ဇ္က ကာကြယ္ခဲ့ရာမွာ လွ်ံထြက္လာတဲ့ေဘာလုံးက ဆာကာဆီ တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့တဲ့အတြက္ အဂၤလန္ၾကယ္ပြင့္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။
၂။ ပီအက္စ္ဗြီကို ေမွ်ာ္လင့္ခ်က္မဲ့သြားေစခဲ့တဲ့ ဂိုးေတြ သြင္းယူခဲ့တဲ့ ထေရာ့ဆာ့ဒ္နဲ႔ ေဂ်းဇု
အာဆင္နယ္က ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို ရွာေဖြခဲ့ၾကၿပီး ဆာကာက ထေရာ့ဆာ့ဒ္ကို ဒုတိယေျမာက္ဦးေဆာင္ဂိုး သြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ ၿပီးတဲ့ေနာက္မွာ ထေရာ့ဆာ့ဒ္က ဂါဘရီယဲလ္ ေဂ်းဇု ခ်န္ပီယံလိဂ္သြင္းဂိုး ရရွိေအာင္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ၃-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၃။ ေနာက္ဆုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂန္းနားအသင္းေခါင္းေဆာင္
အာဆင္နယ္ရဲ႕ ပထမဆုံးအဖြင့္ဂိုးကို ဂိုးကန္ခ်က္နဲ႔အတူ ဖန္တီးေပးႏိုင္ခဲ့တဲ့ ေအာ္ဒီဂြါဒ္ဟာ ပင္နယ္တီဧရိယာတဝိုက္မွာ လွည့္လည္ေနခဲ့ၿပီး ဂိုးသြင္းယူခ်င္ေနခဲ့တာျဖစ္ပါတယ္။ လူစားဝင္ကစားသမား ရိစ္ နယ္လ္ဆင္က ေနာ္ေဝၾကယ္ပြင့္ရဲ႕ လမ္းေၾကာင္းထဲ ေဘာလုံးခင္းေပးခဲ့ၿပီးေနာက္ ေအာ္ဒီဂြါဒ္က ေဘာလုံးကို တခ်က္ထိန္းၿပီး ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ အာဆင္နယ္ကြင္းလယ္မွာ ၎ရဲ႕ ေဘာလုံးေပးပို႔မႈနဲ႔ အလိမ္အေခါက္ အရည္အခ်င္းေတြကို ျပသေနခဲ့သူျဖစ္ၿပီး သြင္းဂိုးေတြပါ သြင္းယူႏိုင္ခဲ့တာက ဂန္းနားေတြကို ဆုဖလားေတြ စိန္ေခၚရာမွာ အဖိုးမျဖတ္ႏိုင္တဲ့ အရည္အေသြးေတြ ထပ္မံျဖည့္စြက္ေပးမႈျဖစ္လာမွာျဖစ္ပါတယ္။
၄။ လူစားလဲလွယ္မႈေတြနဲ႔ ေျမာက္လန္ဒန္ဒါဘီကို ေခါင္းထဲမွာရွိတယ္ဆိုတာ ျပခဲ့တဲ့ အာတီတာ
ပထမပိုင္းမွာ ၃-၀ နဲ႔ သက္ေတာင့္သက္သာ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ပြဲကို သက္ေတာင့္သက္သာနဲ႔ အႏိုင္ထိန္းကစားဖို႔ ႀကိဳးပမ္းခဲ့ၿပီး အာတီတာက အဓိကကစားသမားအမ်ားအျပားကို ဒုတိယပိုင္းအေစာပိုင္းမွာ လူစားလဲခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ တနဂၤေႏြေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္တာေၾကာင့္ အာတီတာက အဓိကကစားသမားေတြကို လန္းဆန္းေနေအာင္ ထားဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။
၅။ အုပ္စု B ကို ႀကီးမားတဲ့ႏိုင္ပြဲနဲ႔အတူ ဦးေဆာင္ခဲ့တဲ့ အာဆင္နယ္
ပီအက္စ္ဗြီကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ဂန္းနားေတြဟာ အုပ္စု B ကို ဦးေဆာင္ႏိုင္ခဲ့ၿပီး အျခားပြဲစဥ္ျဖစ္တဲ့ ဆီဗီလာနဲ႔ လြန္းစ္တို႔က ၁-၁ သေရက်သြားခဲ့တာေၾကာင့္ အေစာပိုင္းမွာပဲ ၂ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ က်န္တဲ့ အုပ္စုပြဲစဥ္ေတြမွာလည္း ရမွတ္ေတြကို တတ္ႏိုင္သမွ် အမ်ားဆုံးရရွိေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။
၆။ ကိုင္ ဟာဗတ္ဇ္ အရႈပ္အေထြး
ကိုင္ ဟာဗတ္ဇ္ဟာ အာဆင္နယ္ ပြဲထြက္ ၁၁ ဦးစာရင္းထဲမွာ ျပန္လည္ပါဝင္ခဲ့ၿပီး အျခားကစားသမားေတြ ေတာက္ပေနခ်ိန္မွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရျပန္တာျဖစ္ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ထေရာ့ဆာ့ဒ္နဲ႔ ေကာင္းမြန္တဲ့ ခ်ိတ္ဆက္ကစားမႈေတြကို အခ်ိန္အခ်ိဳ႕မွာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္ထားခ်ိန္မွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနပုံေပၚေနဆဲျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ေက်ာနံပါတ္ ၉ အျဖစ္ပါ အသုံးျပဳျခင္းခံခဲ့ရတဲ့ ဟာဗတ္ဇ္ဟာ ပထမပိုင္းမွာ ဂိုးသြင္းယူႏိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးရရွိခဲ့ေပမယ့္လည္း ေဂ်းဇုရဲ႕ အလြန္ေကာင္းမြန္တဲ့ ကစားပုံအၿပီး ဂ်ာမန္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္က ဂိုးဘားတန္းေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ အာတီတာ ေျဖဖို႔ လိုအပ္ေနေသးတဲ့ ေမးခြန္းကေတာ့ ကိုင္ ဟာဗတ္ဇ္ပဲ ျဖစ္ပါတယ္။
၇။ ေျခစြမ္းျပသခဲ့တဲ့ ထေရာ့ဆာ့ဒ္
ထေရာ့ဆာ့ဒ္ဟာ မာတီနယ္လီ မပါဝင္ႏိုင္မႈေၾကာင့္ ၂ ပြဲဆက္တိုက္ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ အဲဗာတန္နဲ႔ပြဲမွာ လူစားဝင္ကစားၿပီး ဂိုးသြင္းယူေပးႏိုင္ခဲ့သလို ဗုဒၶဟူးေန႔ညက ပီအက္စ္ဗြီနဲ႔ပြဲမွာ ကိုယ္တိုင္ဂိုးသြင္းႏိုင္သလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီအေနနဲ႔ အဲဗာတန္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာရင္ေတာင္မွ ထေရာ့ဆာ့ဒ္ရဲ႕ ေျခစြမ္းျပသေနမႈေၾကာင့္ ခ်က္ခ်င္း ပြဲထြက္လူစာရင္းထဲ ျပန္ပါႏိုင္ဖို႔ မလြယ္ေတာ့ပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News